အရပ်ရှည် လာဖို့အတွက် အရပ်ရှည်ဆေးတွေပဲ မှီဝဲပြီး အမှန်တကယ် ထိရောက်မှု ရှိတဲ့ လေ့ကျင့်ခန်းတွေကို မပြုလုပ်ဘူးဆိုရင် အရပ်ရှည်လာနိုင်ပါ့မလား။

ကွီးတို့အနေနဲ့ အမှန်တကယ် အရပ်ရှည်ချင်တယ်ဆိုရင် ကိုယ့်ဘက်က ကြိုးစားအားထုတ်မှု စိုက်ထုတ်ရမှာပဲဖြစ်ပါတယ်။ အပျင်းတစ်ပြီး လေ့ကျင့်ခန်း မလုပ်ဘူးဆိုရင်တော့ ကွီးတို့ရဲ့ အရပ်က ဒုံရင်းက ဒုံရင်းပါပဲ။ တစ်လက်မ မပြောနဲ့ တစ် စင်တီမီတာလောက်တောင် ရှည်လာမှာမဟုတ်ပါဘူး။

ဘယ်လိုလေ့ကျင့်ခန်းတွေက ကွီးတို့ကို အရပ်ရှည်လာဖို့အတွက် အကူအညီပေးနိုင်မလဲ။

လေ့ကျင့်ခန်း (၁)

အရပ်ရှည် ထိရောက်မှု

အရင်ဦးဆုံး ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Jumping Jacks လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ တစ်ကြိမ် ပြုလုပ်ရင် ၂ မိနစ်ကြာအောင် ပြုလုပ်ရမှာဖြစ်ပြီး စုစုပေါင်း ၂ ကျော့ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

အရပ်ရှည် ထိရောက်မှု

နောက်ထပ် လေ့ကျင့်ခန်းတစ်ခုကတော့ Mountain Climbers ပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးကိုလည်း စောစောကလိုပဲ ၂ မိနစ်၊ ၂ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

အရပ်ရှည် ထိရောက်မှု

ဒီလေ့ကျင့်ခန်းလေးကတော့ ဘားတန်းမှာ တွဲလွဲခိုနေရမယ့် Pull-Up လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ၂ မိနစ်၊ ၂ ကျော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

အရပ်ရှည် ထိရောက်မှု

နောက်ထပ် လေ့ကျင့်ခန်းတစ်မျိုးကို ပြုလုပ်ဖို့အတွက် ကွီးတို့သည် ကြိုးတစ်ချောင်း လိုအပ်ပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ကြိုးခုန် လေ့ကျင့်ခန်းကို ပြုလုပ်ရမှာမို့လို့ပါ။ ၂ မိနစ် ကြိုးခုန်ရမှာဖြစ်ပြီး ၂ ကျော့တိတိ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

လေ့ကျင့်ခန်း (၅)

အရပ်ရှည်ဖို့အတွက် ထိရောက်တဲ့ နောက်ထပ် လေ့ကျင့်ခန်းတစ်ခုကတော့ Cobra Stretch လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို မြွေဟောက် ပုံသဏ္ဍာန် ပြုလုပ်ကာ အကြောများကို ဆန့်တန်းပြီး အရိုးများ ရှည်ထွက်လာအောင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

လေ့ကျင့်ခန်း (၆)

ဒီလေ့ကျင့်ခန်းကတော့ Spine Stretch လို့ခေါ်တဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးတော့ ခြေထောက်တစ်ဖက်ကို အရှေ့တူရှုသို့ ဆန့်တန်းထားပါ။ ထို့နောက် လက်နှစ်ဖက်က ခြေဖဝါးကို လှမ်းကိုင်ပြီး နဖူးနဲ့ ဒူးခေါင်းကို ထိကပ်ဖို့အတွက် ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့ ကိုင်းချရမှာပဲဖြစ်ပါတယ်။ ထိုကဲ့သို့ နဖူးနဲ့ ဒူးခေါင်း ထိကပ်နေတဲ့အချိန်မှာ ဒူးကို မကွေးသွားစေဖို့ သတိထားရပါမယ်။​ စုစုပေါင်း ၂ မိနစ်၊ ၂ ကျော့ ပြုလုပ်ပေးလိုက်ပါ။

အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကတော့ ကွီးတို့ကို အရပ်ရှည် လာအောင် ကူညီပေးမယ့် ထိရောက်မှု ရှိတဲ့ လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။ အထက်ဖော်ပြပါ လေ့ကျင့်ခန်းများအပြင် အေရိုးပစ် လေ့ကျင့်ခန်းများ၊ ရေကူးခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ခုန်ခြင်း အစရှိတဲ့ လေ့ကျင့်ခန်းများကိုလည်း အရပ်ရှည်ဖို့အတွက် ပြုလုပ်ပေးနိုင်ပါတယ်။

ကွီးတို့ရော အရပ်ရှည် လာဖို့ကို ထိရောက်မှု ရှိတဲ့ လေ့ကျင့်ခန်းတွေလုပ်ဖို့ ပျင်းရိနေတုန်းလား။

Featured Image: Freepik