ဒီနှစ် ဘောလုံးရာသီကို သြဂုတ်လကနေ စတင်လိုက်တာ အခုဆိုရင် ရာသီဝက်ဆီ ရောက်ခါနီးလာပါပြီ။ ဒီအချိန်မှာ ကလပ်အသင်းတွေ တော်တော်များများဟာလည်း ရှုံးပွဲဆိုတာကို အနည်းဆုံးတော့ (၁)ပွဲလောက်ဖြစ်ဖြစ် ကြုံထားခဲ့ပါပြီ။ ဒါပေမယ့် အရှုံးဆိုတာ ဂျိုနဲ့လားလို့ မေးယူရလောက်အောင် ဒီရာသီထဲ လုံးဝ ရှုံးပွဲမရှိသေးတဲ့ ဂြိုလ်သား အသင်း(၃)သင်းဟာလည်း ရှိနေပါသေးတယ်။ ဒီအသင်းတွေက…

bayer leverkusen

Photo Credit : Bayer 04 Leverkusen

ပထမဆုံးအသင်းက ဇာဗီ အလွန်ဆိုရဲ့ လေဗာကူဆင် အသင်းပါ။ ဒီအသင်းက အလွန်ဆိုလက်ထက်မှာ တော်တော်လေး ကြမ်းလာခဲ့ပြီး ဒီရာသီ ပြိုင်ပွဲစုံ (၁၇)ပွဲအထိ ကစားထားခဲ့ရာမှာ (၁၆)ပွဲကို အနိုင်ကစားထားခဲ့ကာ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘွန်ဒက်စ်လီဂါ တစ်ပွဲတည်းကိုသာ (၂)ဂိုးစီ သရေကျထားခဲ့ပါတယ်။ ယူရိုပါလိဂ်ဘက်မှာလည်း (၄)ပွဲလုံး အနိုင်ရထားရင်း နောက်တစ်ဆင့်ကို စောစောစီးစီး တက်လှမ်းထားခဲ့ပါသေးတယ်။

kane sane

Photo Credit : FC Bayern Muchen

နောက်တစ်သင်းကတော့ လေဗာကူဆင်နဲ့ (၂)ဂိုးစီ သရေကျထားတဲ့ ဘိုင်ယန်မြူးနစ်ပါ။ ဘိုင်ယန်က ရာသီအစမှာ လိုက်ပ်ဇစ်နဲ့ စူပါဖလားပွဲမှာသာ ဂိုးပြတ် အရေးနိမ့်ထားပြီး နောက်ပိုင်းပွဲတွေမှာ တောက်လျှောက် ရလဒ်ကောင်းထားပါတယ်။ ဘိုင်ယန်က ဘွန်ဒက်စ်လီဂါ (၁၁)ပွဲမှာ လေဗာကူဆင် နဲ့ လိုက်ပ်ဇစ်တို့ကို သရေကျထားတယ်။ ချန်ပီယံလိဂ်မှာတော့ ပွဲတိုင်း အနိုင်ကန်ပြီး နောက်တစ်ဆင့် တက်လှမ်းထားခဲ့ပါတယ်။

ogc nice

Photo Credit : OGC Nice

နောက်ဆုံးတစ်သင်းကတော့ လီဂူးကလပ် နိုက်စ်ပါ။ ဒီအသင်းကတော့ အပေါ်က နှစ်သင်းလို ဥရောပပွဲတွေ ကစားစရာ မရှိပဲ လီဂူးပွဲတွေကိုသာ (၁၂)ပွဲဆက်တိုက်အထိ ကစားထားရင်း (၇)ပွဲနိုင် (၅)ပွဲသရေနဲ့ ရှုံးပွဲမရှိသေးတာ ဖြစ်ပါတယ်။ အဲ့ဒီ နိုင်ပွဲ(၇)ပွဲထဲမှာ လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းကိုပါ အဝေးကွင်းမှာ (၂-၃) နဲ့ အနိုင်ယူထားခဲ့တာဖြစ်လို့ ဂုဏ်ယူစရာတော့ ကောင်းနေရပါတယ်။

Featured Photo : Clubs’ X