ကွီးတို့ ခန္ဓာကိုယ်ပေါ်က အဆီပိုတွေက ကွီးတို့ကို စကီလေးတွေ ပစ်သွားအောင် တွန်းပို့ပေးမယ့် တရားခံတွေပါပဲ။ ကိုယ် ကြိုက်တဲ့ ရှော်တီလေးတွေ့လိုက်၊ ဆော်ကြည်ဘဲနောက် ပါသွားလိုက်နဲ့ ချိန်ပါအဖြစ်ကနေ တစ်သက်လုံး နေတော့မလို့လား။ အဆီပိုတွေကို ဖျောက်ဖျက်ပြီး ဆော်ကြည်ဘဲအသွင် မဖန်တီးချင်ဘူးလား။ အလေးတုံး အသုံးပြုစရာမလိုဘဲ အဆီပို တွေကို ကိစ္စတုံးပစ်ကာ ဆော်ကြည်ဘဲ ခန္ဓာကိုယ်တစ်ခုကို ဖန်တီးချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းများက ကွီးတို့အတွက်ပါပဲ။
လေ့ကျင့်ခန်း (၁)
အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ကားထားပါ။ ထို့နောက် လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ထောက်ထားလိုက်ပါ။ ပြီးသွားတဲ့အခါ ဟိုဘက်ထောက်လိုက် ဒီဘက်ထောက်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပါ။ ဒီလေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Baboon Jump ပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
နောက်ထပ်လေ့ကျင့်ခန်းကတော့ Split Jump ပဲဖြစ်ပါတယ်။ ပုံထဲအတိုင်း အရှေ့သို့ ခုန်လိုက်၊ တစ်ဖန် အနောက်သို့ ခုန်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၃)

Source: Mensfitness
ဒီလေ့ကျင့်ခန်းကတော့ ဒိုက်ထိုးလေ့ကျင့်ခန်းနဲ့အတူတူပါပဲ။ ဒါပေမဲ့ ဒီတစ်ခုကတော့ ခြေထောက်တစ်ဖက်ကို ပုံပါအတိုင်း မြှောက်ထားပြီး လေ့ကျင့်ခန်း ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ဘယ်ခြေ မြှောက်ထားတဲ့အချိန်မှာ ၁၀ ကြိမ်၊ ညာခြေ မြှောက်ထားတဲ့အချိန်မှာ ၁၀ ကြိမ် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၄)
Source: Menshealth
အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်နေပါ။ ထို့နောက် ခြေထောက်နှစ်ဖက်နှင့် လက်နှစ်ဖက်ကို မြှောက်လိုက်ပါ။ ပုံပါအတိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၅)
ဒီလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်ကို ဘေးတစောင်းထားကာ လေ့ကျင့်ခန်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ဘယ်ဘက်သို့ စောင်းထားတဲ့အချိန်မှာ ၁၀ ကြိမ် ပြုလုပ်ပါ။ ထို့နောက် ခန္ဓာကိုယ်ကို ညာဘက်သို့ စောင်းကာ ၁၀ ကြိမ် ပြုလုပ်ပါ။ စုစုပေါင်း အကြိမ် ၂၀၊ ၃ ကျော့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၆)
ဒီလေ့ကျင့်ခန်းလေးကိုတော့ Hand Walkouts လို့လည်း ခေါ်သလို Inchworm လို့လည်း ခေါ်ပါတယ်။ အရင်ဦးဆုံး မတ်တပ်ရပ်ပြီးနောက် ခန္ဓာကိုယ်ကို အရှေ့သို့ ကိုင်းချလိုက်ပါ။ ထို့နောက် အရှေ့သို့ တဖြည်းဖြည်း ရွေ့သွားရမှာ ဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပါ။
လေ့ကျင့်ခန်း (၇)
အရင်ဦးဆုံး မတ်တပ်ရပ်နေပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ခပ်သွက်သွက်လေး မြှောက်ပေးရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးလိုက်ပါ။
ဒီလေ့ကျင့်ခန်းတွေက အလေးတုံး အသုံးပြုစရာမလိုဘဲ ကွီးတို့ ခန္ဓာကိုယ်ပေါ်က အဆီပို တွေကို တိခနဲ ကိစ္စတုံးပစ်နိုင်အောင် ကူညီပေးမယ့် လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို အဆီပိုတွေကို ဖက်တွယ်ထားဦးမလား၊ ဒါမှမဟုတ် မြန်မြန် အပြတ်ဖြတ်ပြီး ကြည့်ကောင်းအောင် လုပ်မလားဆိုတာကို ကွီးတို့ ကိုယ်တိုင် ဆုံးဖြတ်လိုက်ပါ။ ဆော်ကြည်ဘဲ ဖြစ်ချင်ရင်တော့ ဘာလုပ်ရမလဲဆိုတာ ကွီးတို့ သိပါလိမ့်မယ်။
Featured Image: Freepik






