ကွီးတို့တွေ အသက် အရွယ်တစ်ခု ရောက်လာချိန်မှာ ရုပ်ရည်အသွင်အပြင်နဲ့ရော ရုပ်ပိုင်းဆိုင်ရာအရပါ ကြည့်ကောင်းနေစေဖို့အတွက် ဒီအချက်လေးတွေကို လိုက်လုပ်ကြည့်မယ်ဆိုရင် အကျိုးတစ်ခုခု ရှိလာပါလိမ့်မယ်။
ဆံပင်ကို ဂရုစိုက်ပါ
Photo : Praticle For Men
အသက် ကြီးလာတာနဲ့အမျှ ဆံပင်ပုံစံကို သပ်ရပ်အောင် ထားပါ။ ငယ်ငယ်က ဆံပင်ပုံစံတွေဟာ အခုအချိန်မှာ မသင့်တော်တော့ဘူးဖြစ်နိုင်ပါတယ်။ ဆံပင်ပါးလာတာ ဒါမှမဟုတ် ထိပ်ပြောင်နေတယ်ဆိုရင် ရွေးချယ်စရာတွေ ရှိပါတယ်။ ဆံပင်ပြန်ပေါက်အောင် ကုသမှုခံယူတာ၊ ဆံပင်ကို တိုတိုညှပ်တာ၊ ဒါမှမဟုတ် ထိပ်ပြောင်အောင် ရိတ်ပစ်တာတွေ လုပ်နိုင်ပါတယ်။ ဆံပင်တွေ ပါးနေပြီး ဆံထုံးထုံးတာဟာ ပိုပြီးလူငယ်ပုံမပေါက်ဘဲ အသက်ကြီးသလို ပိုပြသစေပါတယ်။ ဆံပင်ဖြူတွေကို ဖုံးချင်ရင်၊ သဘာဝဆံပင်အရောင်နဲ့ နီးစပ်တဲ့ အရောင်ကို ရွေးချယ်ပါ။
မွေးညှင်းတွေကို ညှပ်ပါ
Photo : Salt Grooming
ရှုပ်ပွနေတဲ့ မျက်ခုံးမွေး၊ နားရွက်မွေးနဲ့ နောက်ကျောမွေးတွေဟာ “အသက်ကြီးတယ်” ဆိုတဲ့ အထင်ကို ဖြစ်စေပါတယ်။ ဆံပင်ညှပ်သူကို မျက်ခုံးမွေး၊ နားရွက်မွေးနဲ့ နှာခေါင်းမွေးတွေကို ညှပ်ခိုင်းပါ။ ဒါမှမဟုတ် အိမ်မှာ မွေးညှင်းညှပ်စက်နဲ့ ကိုယ်တိုင်ညှပ်လို့ရပါတယ်။ အင်္ကျီကနေ နောက်ကျောနဲ့ ရင်မွေးတွေ မထွက်အောင် ရိတ်ပစ်တာ၊ ဖယောင်းသုတ်တာ၊ မွေးညှင်းဖယ်ခရင်မ် (ဆံပင်ဖယ်ရှားခရင်မ်) သုံးတာ၊ ဒါမှမဟုတ် လေဆာကုသမှုခံယူတာတွေ လုပ်နိုင်ပါတယ်။
မုတ်ဆိတ်ရိတ်ပါ။ ဒါမှမဟုတ် မရိတ်ပါနဲ့။
Photo : Mens’ Health
အများအားဖြင့် မုတ်ဆိတ်ရိတ်ထားတဲ့သူဟာ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးထားတဲ့သူထက် ပိုပြီးငယ်ရွယ်နုပျိုပုံ ပေါက်ပါတယ်။ ဒါပေမယ့် စည်းမျဉ်းတွေ မရှိပါဘူး၊ မုတ်ဆိတ်ကို သန့်ရှင်းသပ်ရပ်အောင် ထားဖို့ပဲ အရေးကြီးပါတယ်။ မုတ်ဆိတ်ဖြူတွေကို ဖုံးချင်ရင်၊ ယောက်ျားတွေအတွက် ထုတ်ထားတဲ့ ဆိုးဆေးကို သုံးပါ။ တစ်သမတ်တည်းဖြစ်နေတဲ့ မုတ်ဆိတ်အရောင်ဟာ အတုနဲ့တူနေပါလိမ့်မယ်။
မျက်နှာကို ဂရုစိုက်ပါ
Photo : The Authentic Gay
အသားအရေကြောင့် အသက် ကြီးနေသလို မပေါက်အောင်၊ နေ့စဉ် နေလောင်ကာခရင်မ်၊ အစိုဓာတ်ထိန်းခရင်မ်နဲ့ နှုတ်ခမ်းလိမ်းဆေးတွေ လိမ်းပါ။ Retinoids တွေဟာ အသားအရေဆဲလ်အဟောင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါတွေကို ဆိုင်မှာ အလွယ်တကူဝယ်လို့ရပါတယ်၊ ဒါမှမဟုတ် အရေပြားဆရာဝန်ဆီက ဆေးညွှန်းနဲ့ ပိုအားကောင်းတဲ့ဆေးကို ရနိုင်ပါတယ်။ Retinoids တွေဟာ အရေပြားကို တင်းရင်းစေတဲ့ collagen ပျက်စီးမှုကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ပိုပြီးလန်းဆန်းတဲ့၊ နုပျိုတဲ့ပုံပေါက်စေပါတယ်။
ကျန်းမာတဲ့အလေ့အထများကို မြဲမြံစွာလုပ်ဆောင်ပါ
Photo : On The Table
အပြင်ပန်းလှပချင်တယ်ဆိုရင် ခန္ဓာကိုယ်အတွင်းပိုင်းကို ဂရုစိုက်ဖို့လိုပါတယ်။ အသက် ၂၀ နှစ်တုန်းကလို ပြုမူလို့မရတော့ပါဘူး။ သိပြီးသားအချက်တွေပါပဲ – အိပ်ရေးဝဝအိပ်ပါ၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ၊ ရေများများသောက်ပါ၊ ဆေးလိပ်မသောက်ပါနဲ့၊ အရက်ကိုရှောင်ပါ၊ နေ့တိုင်းနီးပါး လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားပါ။
Featured Photo : MensXP