မြန်မာလူမျိုးများရဲ့ နေ့စဉ်လူနေမှုဘဝပုံစံကြောင့် အသက် ၄၀ ကျော်၊ ၅၀ ကျော်လာပြီဆိုတာနဲ့ အဝလွန်ခြင်း၊ ဆီးချို၊ သွေးတိုးရောဂါတို့ ခံစားလာတတ်ကြရပါတယ်။ အဆီ၊ အဆိမ့်များသော အစားအစာများ၊ ငန်လွန်းသောအစားအစာများ စားသုံးခြင်းနှင့် လှုပ်ရှားမှုနည်းကာ အထိုင်များသော လူနေမှုဘဝ၊ လေ့ကျင့်ခန်းနှင့် ကင်းကွာသော နေ့စဉ်ဘဝတို့ကြောင့် ဒီလိုရောဂါများကို ခံစားရတာဖြစ်ပါတယ်။ အသက် ၅၀ ကျော်လာပြီဖြစ်သော ယောကျာ်း များအတွက် အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ နေနိုင်ဖို့ဆိုရင် လိုက်နာသင့်တဲ့ Fitness Tip များ ရှိပါတယ်။

ကိုယ့်ကိုယ့်ကို စိတ်ဓာတ်တက်ကြွအောင် ပြုလုပ်ပါ

happy family

သက်ရှည်ကျန်းမာပြီး အနာရောဂါကင်းဝေးတဲ့ ဘဝကို ပိုင်ဆိုင်ဖို့အတွက် အကြောင်းပြချက်တစ်ခု လိုအပ်နေပါသလား။ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေထိုင်ရတဲ့အခါ ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ကို ချစ်ခင်သူတွေလည်း ပျော်ရွှင်ရမှာဖြစ်ပြီး ဆေးကုသစရိတ်အတွက်လည်း စိုးရိမ်ပူပန်စရာမရှိတော့ပါဘူး။

လေ့ကျင့်ခန်း နည်းနည်းစီ ပြုလုပ်ပါ

man workout

အသက် ၅၀ ကျော် ယောကျာ်း တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ Fitness အတွက် တစ်ရက်လျှင် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ရမယ်လို့ ကျွမ်းကျင်ပညာရှင်များက အကြံပြုထားကြပါတယ်။ တကယ်လို့ မိနစ် ၃၀ က အရမ်းများတယ်။ မလုပ်နိုင်ဘူးဆိုရင် မိနစ်အနည်းငယ်ခန့် ထပ်လျော့ပေးနိုင်ပါတယ်။ လုံးဝဥဿုံ လေ့ကျင့်ခန်းမပြုလုပ်တာထက်စာရင် မိနစ်အနည်းငယ်ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းက ပိုကောင်းတယ်မဟုတ်လား။

နှလုံးအားကောင်းစေမယ့် လေ့ကျင့်ခန်းများ ပြုလုပ်ပါ

man riding a bike

လေ့ကျင့်ခန်းနဲ့ ပတ်သက်လာရင် ဘယ်လိုလေ့ကျင့်ခန်းမျိုး ပြုလုပ်ရမလဲ မသိဘူးဆိုရင်တော့ စက်ဘီးစီးခြင်းကိုသာ ပြုလုပ်ပေးလိုက်ပါ။ စက်ဘီးစီးခြင်းသည် အေရိုးပစ်လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး သင့်ရဲ့ နှလုံး၊ သွေးကြောနှင့် အဆုတ်တို့ ကောင်းစွာ အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ စက်ဘီးစီးနေစဉ်မှာ ချွေးထွက်ခြင်း၊ အသက်ရှူစနစ်ကောင်းမွန်ခြင်း တို့သည် ကိုယ့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် ကျန်းမာနေစေအောင် ကူညီပေးပါတယ်။

လှေကား အသုံးပြုပါ

အသက် ၅၀ ယောကျာ်း Fitness 

စောစောကလို မိနစ် ၃၀ စာ လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ ဒါဆိုရင်တော့ လှေကားကနေ အတက်အဆင်း များများပြုလုပ်ပေးလိုက်ပါ။ စက်လှေကား၊ ဓာတ်လှေကားတွေ အသုံးပြုမယ့်အစား ရိုးရိုးလှေကားကနေ အတက်အဆင်းပြုလုပ်ပေးခြင်းသည် ဝိတ်ကျစေပြီး ကိုယ်ခံအားကို တိုးမြှင့်ပေးပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် အရိုးပွရောဂါ ခံစားရခြင်းတို့မှ ကင်းဝေးစေပါလိမ့်မယ်။

သူငယ်ချင်းများနှင့် လေ့ကျင့်ခန်း အတူတူပြုလုပ်ပါ

အသက် ၅၀ ယောကျာ်း Fitness 

အသက် ၅၀ ကျော်၊ ၆၀ အရွယ် ယောကျာ်း များအနေနဲ့ Fitness လေ့ကျင့်ခန်းများကို အတူတူပြုလုပ်ခြင်းသည် စိတ်ဓာတ်ပိုမိုပျော်ရွှင်စေပြီး လေ့ကျင့်ခန်းများများလုပ်ဖြစ်အောင် ကူညီပေးပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခါနီးတိုင်းမှာ ကိုယ့်ရဲ့မိတ်ဆွေ အပေါင်းအဖော်တွေနဲ့ ပြုလုပ်ရတော့မယ်ဆိုတာကို စိတ်ထဲ အလိုလိုသိနေမှာဖြစ်ပြီး လေ့ကျင့်ခန်း ပြုလုပ်ဖို့ Motivation ရနေမှာပဲဖြစ်ပါတယ်။

တီဗွီရှေ့မှာ အကြောဆန့်ပါ

အသက် ၅၀ ယောကျာ်း Fitness 

Gym သွားဖို့လည်း အချိန်မရဘူး၊ လေ့ကျင့်ခန်းပြုလုပ်ဖို့လည်း အချိန်မရဘူးဖြစ်နေပါသလား။ ဒါဆိုရင်တော့ ကိုယ်ကြိုက်တဲ့ တီဗွီအစီအစဉ်တစ်ခု ကြည့်ရှုနေတဲ့အချိန်မှာ တီဗွီရှေ့ထိုင်ပြီး အကြောလျော့လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပါတယ်။

စာဖတ်သူကွီးတို့လည်း ကိုယ့်ရဲ့ အသက် ၅၀ ၊ ၆၀ ကျော် ဦးလေး၊ အဖေတို့က ကျန်းမာရေးမလိုက်စားဖြစ်ဘူးဆိုရင် အခုဖော်ပြခဲ့တဲ့ Fitness နည်းလမ်းကောင်းလေးတွေကို ဝေမျှကာ ကျန်းမာပြီး အနာရောဂါကင်းဝေးအောင် ကူညီပေးလိုက်ပါ။

Source: Exerciseright.com.au

Featured Image: Menshealth