ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ဟောလိဝုဒ်မင်းသား၊ ဘောလိဝုဒ်မင်းသားတွေလို အမိုက်စား ဘော်ဒီရရှိအောင် ကြိုးစားချင်ပါသလား။ အမိုက်စား ဘော်ဒီ ရရှိဖို့အတွက် ဘယ် အသက် အရွယ် အပိုင်းအခြားက Bodybuilding လုပ်လို့ အကောင်းဆုံးလဲဆိုတာကို သိပါသလား။ မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကနေတဆင့် လေ့လာနိုင်ပါတယ်။
ယေဘုယျအားဖြင့် ဆယ်ကျော်သက် နှောင်းပိုင်းနှင့် နှစ်ဆယ်ကျော် အစောပိုင်း အသက် အရွယ်သည် Bodybuilding လုပ်လို့ အကောင်းဆုံးပါပဲ။ အသက် ၁၇ နှင့် ၂၅ ကြားတွင် လေ့ကျင့်ခန်း ပြုလုပ်ပေးပါက ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစားကို ကိုယ်ကိုယ်တိုင် ပုံဖော်နိုင်ပါတယ်။ ဒါဆိုရင် ၂၅ နှစ် နောက်ပိုင်းတွေကရော ကြွက်သားတွေ ဖုထစ်လာအောင် ကြိုးစားလို့ မရတော့ဘူးလား။
ရတာပေါ့။ ဘယ်အသက်အရွယ် အပိုင်းအခြားမဆို ကြွက်သားတွေ ဖုထစ်လာအောင် ဆော့ကစားနိုင်ပါတယ်။ အဓိက,က ကွီးတို့သည် ဇွဲရှိရှိနဲ့ လမ်းတစ်ဝက်မှာ လက်မလျော့ဘဲ တစ်စိုက်မတ်မတ် ဆော့ကစားရမှာပဲ ဖြစ်ပါတယ်။
ထိုကဲ့သို့ ဆော့ကစားချင်တဲ့ ကွီးတို့အတွက် ထိရောက်မှုရှိတဲ့ Workout Plan များကို ဝေမျှပေးလိုက်ရပါတယ်။
လေ့ကျင့်ခန်း (၁)
Source: Tenor
ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားကာ အလေးတန်းကို ပုခုံးပေါ်မှာ တင်ထားလိုက်ပါ။ ထို့နောက် တင်ပါး နောက်ပစ်ပြီး Squat ထိုင်လိုက်ပါ။ စုစုပေါင်း ၁ မိနစ် ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၂)
Source: Gfycat
ဘားတန်းပေါ်မှာ လက်နှစ်ဖက်ကို အနည်းငယ် ချဲထားပြီး တွဲလွဲခိုနေပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို စုံလိုက်ဆွဲမကာ ဘယ်ဘက်သို့ ယိမ်းလိုက်၊ ညာဘက်သို့ ယိမ်းလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၂ ကျော့ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၃)
Source: Menshealth
ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားကာ လက်နှစ်ဖက်က အလေးတုံး နှစ်တုံးကို ကိုင်ထားလိုက်ပါ။ ထို့နောက် အသက်ကို ဖြည်းဖြည်းမှန်မှန် ရှူသွင်းကာ အလေးတုံးကို ဘေးဘက်သို့ ဆန့်တန်းလိုက်ပါ။ ထို့နောက် အသက်ရှူထုတ်ကာ မူလအနေအထားအတိုင်း အလေးတုံးကို ခန္ဓာကိုယ် ဘေးဘက်မှာ ပြန်ချထားလိုက်ပါ။ စုစုပေါင်း ၁၀ ကြိမ်၊ ၂ ကျော့ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၄)
Source: Tenor
ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။ ခန္ဓာကိုယ် အပေါ်ပိုင်းကို အရှေ့သို့ ကိုင်းချလိုက်ပြီးနောက် အလေးတုံး နှစ်တုံးကို ကိုင်ထားပါ။ ထို့နောက် အလေးတုံး နှစ်တုံးကို အပေါ်သို့ ဆွဲမလိုက်၊ ပြန်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။ စုစုပေါင်း ၈ ကြိမ်မှ ၁၂ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၅)
Source: Menshealth
ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေကာ လက်နှစ်ဖက်က ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်စီမှာ ချထားလိုက်ပါ။ ထို့နောက် ခြေထောက်ကို စုံလိုက် အပေါ်သို့ မြှောက်လိုက်ပါ။ စုစုပေါင်း ၁၀ ကြိမ်၊ ၂ ကျော့ ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်းအားလုံး ပြုလုပ်ပြီးတဲ့နောက်မှာတော့ အကြောလျော့ လေ့ကျင့်ခန်းကိုလည်း မမေ့မလျော့ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
Source: Bodybuilding
Featured Image: Freepik





