အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ အသည်းကို ပျက်စီးစေတဲ့ အဓိက တရားခံက အရက်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ မှန်ပါတယ် အရက်အလွန်အကျွံသောက်သုံးခြင်းဟာ အသည်းကို ထိခိုက်ပျက်စီးစေမယ့် တခြားသော နေ့စဉ်အလေ့အထတွေနဲ့ အပြုအမူတွေကလည်း အသည်းကို ပျက်စီးစေပါတယ်။ ဒီတစ်ခေါက်မှာတော့ လူတိုင်းလုပ်နေမိတဲ့ အသည်း ကို ထိခိုက်ပျက်စီးစေတဲ့ အလေ့အထ အမှားတွေကို ပြောပြပေးချင်ပါတယ်။
(၁) လှုပ်ရှားမှု နည်းခြင်း
Photo : Maggie Dent
ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်စေတဲ့ အရာတွေထဲမှာတော့ အထိုင်များတာ ၊ လှုပ်ရှားမှုနည်းတာ စတဲ့ အလေ့အထတွေ ပါဝင်ပါတယ်။ နာတာရှည် ရောဂါကြီးတွေ ဖြစ်တဲ့ နှလုံးရောဂါကို ပိုဆိုးစေနိုင်တဲ့ အထဲမှာ ဒီအလေ့အကျင့်လည်း ပါဝင်ပါတယ်။
(၂) Fast Food အစားများခြင်း
Photo : Men’s Health
အမြန်စားနိုင်မယ့် Fast Food တွေဟာ အရသာရှိပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိပါဘူး။ Fast Food တွေ တာရှည်အထားခံတဲ့ ဓါတုပစ္စည်းတွေ ၊ ဆားနဲ့ သကြားတွေအပြင် ပြည့်ဝဆီတွေ ပါဝင်တာကြောင့် အသည်းပျက်စီးနိုင်ပါတယ်။
(၃) နေရောင်မထိတွေ့ခြင်း
Photo : Unsplash
အိမ်ထဲက အိမ်ပြင်မထွက်တာဟာလည်း အသည်းကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ သင်သိပါသလား။ အကြောင်းအရင်းကတော့ နေရောင်ခြည် ထိတွေ့မှုမရှိလို့ပါပဲ။ နေရောင်ခြည်မှာပါဝင်တဲ့ ဗီတာမင် D ဓာတ် အလုံအလောက်မရခြင်းဟာ အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
(၄) ကိုယ်တွင်းအဆီများလွန်းခြင်း
Photo : SciTechDaily
ကိုယ်တွင်း အဆီဓါတ်သိပ်များပြီး ကိုယ်လက်လှုပ်ရှားမှု နည်းနေပြီဆိုရင် အဝလွန်ရောဂါ ဖြစ်ဖို့များပါတယ်။ အဝလွန်တာရဲ့ အကျိုးဆက်ကတော့ အသည်းယောင်ယမ်းပြီး အသည်းခြောက်တာ ၊ အသည်း ပျက်စီးတာနဲ့ အသည်းကင်ဆာတွေပါ ဖြစ်နိုင်ပါတယ်။
(၅) ရေသောက်နည်းခြင်း
Photo : OSR Physical Therapy
ရေဓာတ်လုံလုံလောက်လောက် မဖြည့်တင်းခြင်း / ရေဓာတ်ခမ်းခြောက်ခြင်းဟာ အသည်း အပါအဝင် ကျောက်ကပ်နဲ့ အဆုတ်တို့လို အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ရေလုံလုံလောက်လောက်မသောက်သုံးတာဟာ ရေရှည်မှာ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးကို ဆိုးရွှားစွာ ထိခိုက်လာစေနိုင်ပါတယ်။
Featured Photo : Cirrhosis Liver Disease Symptoms, Signs, Causes, and Treatments