လိမ္မော်သီးဟာ အာဟာရတန်ဖိုးများစွာပါဝင်တဲ့ အသီးတစ်မျိုးဖြစ်ပြီးတော့ အသီးတစ်ခုလုံးမှာ အာဟာရဓာတ်တွေ ပေါပေါများများ ပါဝင်နေပါတယ်။ လိမ္မော်ခွံ မှာဆိုရင် Flavonoids ၊ Phytochemicals နဲ့ Antioxidants များအပြင် ကယ်လ်စီယမ် ၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် A ၊ ဗီ တာမင် B နဲ့ ဗီတာမင် C ကဲ့သိုသော အာဟာရဓာတ်တွေ အများအပြားလည်း ပါဝင်ပါတယ်။ အခုပြောပြပေးမှာကတော့ အသားအရေ အတွက် အကျိုးပြုတဲ့ လိမ္မော်ခွံ ရဲ့ကောင်းကျိုးတွေအကြောင်း ဖြစ်ပါတယ်။

(၁) နေလောင်တာကို ဖယ်ရှားပေးတယ်

Photo : Vox

လိမ္မော်ခွံ မှာ အရေပြားကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးတဲ့ Antioxidants တွေကြွယ်ဝစွာ ပါဝင်ပါတယ်။ နေရောင်ခြည်မှာပါဝင်တဲ့ UV Rays တွေက အရေပြားအတွင်းမှာရှိတဲ့ မယ်လနင်လိုခေါ်တဲ့ အရေပြားအရောင်ခြယ်ပစ္စည်းထုတ်လုပ်မှုကို ဖြစ်ပေါ်စေပြီး အသားအရောင်ကို ညိုမဲစေတာပါ။ နေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အသားအရေ ကို လိမ္မော်ခွံနဲ့ နှိပ်နယ်ပေးခြင်းဖြင့် အရေပြားမျက်နှာပြင်ပေါ်ရှိ ဆဲလ်သေများကို ဖယ်ရှားပေးကာ အောက်ခံအရေပြားအသစ် တဖန်ပြန်လည်မွေးဖွာလာဖို့ ကူညီပေးပါတယ်။

(၂) အသားအရောင်ကို တောက်ပစေတယ်

Photo : Bottlecode

လိမ္မော်ခွံ မှာ ဗီတာမင် C မြင့်မားစွာပါဝင်တာကြောင့် အရောင်ချွတ်နိုင်တဲ့ ဂုဏ်သတ္တိတွေကို ပေးစွမ်းနိုင်ပြီး တင်းတိပ်နဲ့ အမဲစက်တွေကို ဖယ်ရှားကာ အသားအရေကို ပိုမိုတောက်ပလာစေနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C က အရေပြားအတွင်းပိုင်းရှိ ကော်လဂျင်ထုတ်လုပ်မှုကို တိုးမြင့်စေပြီး အသားအရေကို တင်းရင်းစေပါတယ်။ တစ်ချိန်တည်းမှာပဲ အသားအရေအတွက် များစွာလိုအပ်သော ရေဓာတ်ကိုလည်း ထောက်ပံ့ပေးပါတယ်။

(၃) ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်

Photo : Oprah Daily

Exfoliation လိုခေါ်တဲ့ အရေပြားဆဲလ်အသေတွေကို အရေပြားပေါ်က ဖယ်ရှားလိုက်ခြင်းက ကျန်းမာလန်းဆန်းတဲ့ အသားအရေ အသစ်ကို ဖြစ်ပေါ်စေပြီး ဆဲလ်အသစ်တွေကို ပြန်ဖြစ်ပေါ်စေပါတယ်။ လိမ္မော်ခွံ မှာပါဝင်တဲ့ ဗီတာမင် C ဓါတ်ကို အရေပြားက စုပ်ယူလိုက်ပြီး အရေပြားဆဲလ်အသစ်တွေကို ဖွဲစည်းတည်ဆောက်ပေးတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ Collagen ပေါင်းစပ်မှုကို လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် ပျက်စီးသွားတဲ့ အသားအရေကို ဖယ်ရှားကာ ကျန်းမာတဲ့ အသားအရေ အသစ်ကို ဖြစ်ပေါ်စေပါတယ်။

(၄) အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးတယ်

Photo : Men’s Journal

နေရောင်ခြည်ထိတွေ့ခြင်းက အရေပြားအတွင်းပိုင်းရှိ ဖရီးရယ်ဒီကယ်တွေကို ဖယ်ထုတ်လိုက်ပြီး အရေပြားမှာရှိတဲ့ ကော်လာဂျင်ကို ဖြိုခွဲကာ အသားအရေလျော့ရဲလာစေပြီး အရေးအကြောင်းဖြစ်စေနိုင်ပါတယ်။ လိမ္မော်ခွံ မှာပါဝင်တဲ့ Antioxidants တွေက ဒီ ဖရီးရယ်ဒီကယ် တွေကို ချေဖျက်ပေးနိုင်ပြီး Collagen ဆုံးရှုံးမှုကို လျှော့ချပေးတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။ လိမ္မော်ခွံဟာ အိုမင်းရင့်ရော်မှုကို တိုက်ဖျတ်ပေးပြီး အသားအရေတင်းရင်းစေတဲ့ Skin Care ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုလေ့ရှိကြပါတယ်။

Featured Photo : Times Now