လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက အသားအရေ အလှအပအတွက်လည်း အထောက်အကူ ဖြစ်စေနိုင်တယ်ဆိုတာ ကွီးတို့ သိပြီးပါပြီလား။ ကွီးတို့ အသားအရေ ညစ်ထေးထေး ဖြစ်နေရင်တော့ ကွီးတို့က လေ့ကျင့်ခန်း မလုပ်တဲ သူတစ်ယောက်ဆိုတာ သိသာပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ခြင်းကြောင့် အသာအးရေက သိသိသာသာကို ကြည်လင်လာမှာ ဖြစ်ပါတယ်။ ဒါသည် ဘာ့ကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များသည် လေ့ကျင့်ခန်း ပြုလုပ်နေစဥ်အတွင်း ချွေးကနေတဆင့် ပြင်ပသို့ ထွက်သွားတာပဲ ဖြစ်ပါတယ်။ အသားအရေနဲ့ ဆဲလ်များကို အားအင် ပြန်လည် ဖြည့်တင်းပေးပြီး အသားအရေကိုလည်း တင်းရင်း လှပလာစေပါတယ်။
ကွီးတို့ အသားအရေကို ဘယ်လို လေ့ကျင့်ခန်း တွေက အပီအပြင် တောက်ပလာအောင် ကူညီပေးမလဲဆိုတော့…
(၁) အလေးတုံးနှင့် အလေးပြားများ အသုံးပြုကာ ဆော့ကစားရတဲ့ လေ့ကျင့်ခန်းများ
လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ အလေးတုံး အသုံးပြုခြင်းက ကွီးတို့ရဲ့ ကြွက်သားများကို ကျစ်လျစ်လာစေရုံသာမကဘဲ အသားအရေကိုလည်း ကြည်လင် ဝင်းပလာစေနိုင်ပါတယ်။ အလေးတုံး အသုံးပြုကာ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းများက အများအပြားရှိတဲ့ အတွက်ကြောင့် ကွီးတို့အနေနဲ့ တစ်ရက်နဲ့ တစ်ရက် လေ့ကျင့်ခန်း အမျိုးအစားများကို ပြောင်းလဲကာ ဆော့ကစားပေးခြင်းအားဖြင့် သိသိသာသာ အကျိုးထူးလာမှာပါ။
(၂) ရေကူးခြင်း
ရေကူးခြင်းသည် ကွီးတို့ရဲ့ ခန္ဓာကိုယ်ရှိ ကယ်လိုရီများကို လောင်ကျွမ်းစေရုံသာမကဘဲ ခန္ဓာကိုယ် သွေးလှည့်ပတ် စီးဆင်းမှု ကောင်းမွန်အောင်လည်း ကူညီပေးပါတယ်။ စိတ်ဖိစီးမှုကိုလည်း လျော့ပါး သက်သာစေတဲ့အပြင် ကွီးတို့ရဲ့ အသားအရေကိုလည်း ကြည်လင် ဝင်းပလာအောင် ဖန်တီးနိုင်စွမ်း ရှိပါတယ်။
(၃) စက်ဘီးစီးခြင်း
စက်ဘီးကစားခြင်းက ကွီးတို့ရဲ့ အသားအရေအတွက်တင် အကျိုးရှိတာ မဟုတ်ပါဘူး၊ ပြင်းထန်တဲ့ ရောဂါများကိုတောင် မခံစားရအောင် ကြိုတင်ကာကွယ်ထားနိုင်စွမ်း ရှိပါတယ်။ ဘယ်လို ပြင်းထန်တဲ့ ရောဂါတွေလဲဆိုရင် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ စိတ်ကျရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါနှင့် အဆစ်အမြစ်ရောင် ရောဂါတို့မှ ကာကွယ်ပေးနိုင်ပါတယ်။
(၄) လမ်းလျှောက်ခြင်း
တစ်နေ့လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်းအားဖြင့် ကွီးတို့ ရရှိမယ့် အကျိုးကျေးဇူးတွေက အများကြီးပါပဲ။ သွေးလှည့်ပတ်မှု ကောင်းမွန်လာပြီး အရိုးအဆစ် ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရှိ အဆီပိုများကိုလည်း ဖယ်ရှားပေးပြီး ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်လာစေပါတယ်။
(၅) ယောဂ ကစားခြင်း
ပင်ပင်ပန်းပန်း ချွေးသံတရဲရဲနဲ့ လေ့ကျင့်ခန်း မလုပ်ချင်ဘူးဆိုတဲ့ ကွီးတို့ကတော့ ယောဂ လေ့ကျင့်ခန်းများကို အစားထိုး ပြုလုပ်နိုင်ပါတယ်။ ဒီယောဂ လေ့ကျင့်ခန်းများက ကွီးတို့ ခန္ဓာကိုယ်ကို နေလို့ ထိုင်လို့ ကောင်းသွားအောင် ကူညီပေးမှာဖြစ်ပြီး စိတ်ဖိစီးမှုများကိုလည်း လျော့ချေပေးပါတယ်။ အသားအရေ မကြည်လင်ဖြစ်မှာကိုတော့ စိတ်ပူမနေပါနဲ့။ ယောဂ လေ့ကျင့်ခန်းများကလည်း အသားအရေကို ကြည်လင်ဖို့အတွက် ကူညီပေးမယ့် အစွမ်းထက် လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်း အမျိုးအစားများထဲက ကွီးတို့ နှစ်သက်ရာ တစ်ခုခုကို ရွေးချယ် ပြုလုပ်ပေးခြင်းအားဖြင့် အသားအရေက ကြည်လင်လာမှာပဲ ဖြစ်ပါတယ်။
ကွီးတို့ အသားအရေက ညစ်ညစ်ထေးထေးကြီး ဖြစ်နေတယ်ဆိုရင် အခုပဲ လေ့ကျင့်ခန်း ပြုလုပ်ကြည့်လိုက်ပါ။
Source: Totalbodyconcept
Featured Image: CNBC