အူဘာမီယန်း က တနင်္ဂနွေနေ့ညက ရီးရဲလ်မက်ဒရစ်ကို ဘာစီလိုနာအသင်းက ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အယ်ကလက်စီကိုပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၎င်းကို လမ်းဆုံးသွားပြီလို့ ပြောခဲ့တဲ့ အာဆင်နယ်ပရိသတ်တွေကို တုံ့ပြန်ခဲ့ပါတယ်။

Aubameyang celebrated anime character Goku's instant transmission

Photo: Goal.com

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို ဘာနေဗျူးမှာ ၄-၀ နဲ့ ချေမှုန်းခဲ့တဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အူဘာမီယန်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အာဆင်နယ်ကနေ ဘာစီလိုနာကို အလွတ်နဲ့ ပြောင်းရွှေ့ပြီးကတည်းက ၁၁ ပွဲမှာ ၉ ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပြီး လက်ရှိမှာတော့ ၅ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြိဖြစ်ပါတယ်။

ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပြီးနောက် အူဘာမီယန်းဟာ ထောင့်ကန်ဘောအလံတိုင်ရှိရာကို ပြေးသွားခဲ့ပြီး Dragon Ball Z ဇာတ်လမ်းထဲက ဇာတ်ကောင် ဂိုခုရဲ့ အတွင်းအားထုတ်တဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့ပြီး အဲဒီပုံကို အသုံးပြုပြီး အာဆင်နယ်ပရိသတ်တွေကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ “လမ်းဆုံးနေတဲ့ကစားသမားက ဟယ်လိုလို့ နှုတ်ဆက်လိုက်ပါတယ်”ဆိုတဲ့စာကို အူဘာမီယန်းက ၎င်းရဲ့ အောင်ပွဲခံနေတဲ့ပုံနဲ့ ဂိုခုရဲ့ပုံကို ယှဉ်ပြထားတဲ့ပုံနဲ့အတူ တင်ခဲ့တာဖြစ်ပါတယ်။

Aubameyang called out Arsenal Fans who said him 'Finished Player'

Photo: Sportbible

အူဘာမီယန်းဟာ မြောက်လန်ဒန်မှာတုန်းက အသင်းခေါင်းဆောင်နဲ့ ကြယ်ပွင့်ကစားသမားဖြစ်ခဲ့သူဖြစ်ပေမယ့် ယခုရာသီ နည်းပြအာတီတာလက်အောက်မှာ စည်းကမ်းချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့ပြီးနောက်ပိုင်း လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး စာချုပ်ပါ ဖျက်သိမ်းခံခဲ့ရပြီးနောက် ဘာစီလိုနာကို ပြောင်းရွှေ့ခွင့်ပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်တိုက်စစ်မှူးဟာ လက်ရှိ လာလီဂါမှာ ၆၃ မိနစ်တိုင်းမှာ ပျမ်းမျှ ၁ ဂိုးသွင်းယူနေပြီဖြစ်ပြီး ၎င်းဟာ လမ်းဆုံးနေတဲ့ကစားသမားလုံးဝမဟုတ်ဘူးဆိုတာကို သက်သေပြသနေတာဖြစ်ပါတယ်။

Featured Photo: Sportbible