ဒီနေ့ညမှာတော့ ဘောလုံး ပရိသတ်တွေအားလုံး စောင့်မျှော်နေရတဲ့ မန်စီးတီး နဲ့ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။ ဒီပွဲက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဆုံးအဖြတ် ပေးနိုင်မယ့် big game match ဖြစ်လို့ လုံးဝကို အကြိတ်အနယ် ရှိနေမှာ ဖြစ်သလို ဒီပွဲနဲ့ ပတ်သတ်ပြီးတော့လည်း နည်းပြနှစ်ဦးလုံးက ပွဲကြိုတွေမှာ သုံးသပ်ချက် အမျိုးမျိုး ပြောဆိုလာကြပါတယ်။
Photo Credit : BeSoccer
ဒီရာသီမှာ ဘယ်သူမှ မထင်ထားလောက်အောင် အမြင့်ပျံနေတဲ့ ဆင်ပျံကြီး အာဆင်နယ်ဟာ တစ်ရာသီလုံးနီးပါး အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာနဲ့ ရပ်တည်ထားနိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်စီးတီးကိုပါ ရမှတ် ဖြတ်တောက်မှုတွေ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ရဲ့ ထုံးစံအတိုင်း ရာသီသိမ်းခါနီးမှာ ရလဒ်ပိုင်း ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရာ အခုဆို အာဆင်နယ် နဲ့ မန်စီးတီးတို့ကြား အမှတ်ကွာဟမှုက (၅)မှတ်သာ ရှိနေတော့ပြီး စီးတီးကလည်း အာဆင်နယ်ထက် (၂)ပွဲလျော့ထားရတာကြောင့် စီးတီးအနေနဲ့ အာဆင်နယ်ကို ကျော်တတ်နိုင်ဖို့က အခြေအနေ အလွန်ကောင်းနေရပါတယ်။
Photo Credit : The Telegrph
ဒီပွဲနဲ့ ပတ်သတ်ပြီး လတ်တလောမှာ ရလဒ်တွေ ကောင်းမွန်နေပြီး နောက်ပိုင်းနှစ်တွေအတွင်း ပရီးမီးယားလိဂ်မှာ မကြာခဏ ချန်ပီယံ ဖြစ်ထားခဲ့တဲ့ စီးတီးကို ကြောက်နေဖို့ မလိုကြောင်း အာဆင်နယ် နည်းပြ အာတေတာ က “သူတို့တွေသာ ကြောက်စိတ်နဲ့ ကစားခဲ့မယ်ဆိုရင် ကျွန်တော် သူတို့ကို သတ်မိလိမ့်မယ်ဆိုပြီး ပြောထားပါတယ်။ နောက်ပြီး ဒီလို ပုံစံမျိုးနဲ့လည်း မဖြစ်စေချင်ပါဘူး။ ဒါက လှပတဲ့ အတွေ့အကြုံ ဖြစ်လိမ့်မယ်။ အဲ့ဒါကိုပဲ ယူစေချင်တယ်။ ပွဲကို အနိုင်ရဖို့အတွက် လုပ်စရာရှိတာကို လုပ်ဆောင်ဖို့ လှပတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ယုံကြည်ချက်နဲ့ စိတ်ပိုင်းဆိုင်ရာ အားကောင်းမှုတွေက ဒီပွဲမှာ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပါမယ်။”
“ယုံကြည်ချက် ရှိတယ်ဆိုတာ သိသာပါတယ်။ ကစားသမားတွေရဲ့ လေ့ကျင့်ပုံ ၊ တုံ့ပြန်ပုံ ၊ အဝတ်လဲခန်း စိတ်နေသဘောထား ၊ အခိုက်အတန့်တိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ပေးပုံတွေ ကြည့်မိတဲ့အခါ ဒါတွေကို ဒီပွဲမှာလည်း ထပ်မံ ပြသရပါမယ်။ နောက်ပြီး မှန်ကန်တဲ့ အခိုက်အတန့် မှန်ကန်တဲ့ စွမ်းဆောင်ရည်နဲ့ ပြီးပြည့်စုံမှု ရှိနေရပါမယ်။ single ball တိုင်းလိုလိုမှာ လုံးဝ ပြီးပြည့်စုံမှု ရှိရပါမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
Featured Photo : Football365