ကွီးတို့က အားကစား လုပ်ရင်း သီချင်း နားထောင်ချင်တာလား။ ဒါဆိုရင်တော့ အားကစား လုပ်တဲ့အခါ သီချင်း နားထောင်ဖို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ နားကြပ်မျိုးတွေကို သေချာ ရွေးချယ် ဝယ်ယူသင့်ပါတယ်။

အားကစား နားကြပ်တွေကို ဝယ်ယူမယ်ဆိုရင် ဘယ်လို အချက်တွေကို ထည့်သွင်း စဥ်းစားထားသင့်သလဲ

man running

အားကစားကို အပြင်မှာ လုပ်တယ်ဆိုပါစို့။ သီချင်းသံကိုလည်း ကြားရဖို့ လိုအပ်သလို ကိုယ့် ပတ်ဝန်းကျင်က အသံကိုလည်း ကြားရဖို့ လိုအပ်ပါတယ်။

ဘက္ထရီကရော ဘယ်လောက် အသုံးခံသလဲဆိုတာကတော့ ဒုတိယ ဦးစားပေး ဖြစ်ပါတယ်။

နောက်တစ်ချက် စဥ်းစားရမှာကတော့ နောက်ခံ ဆူညံသံတွေကိုရော ဖယ်ရှားပေးရဲ့လား ဆိုတာကို ထည့်သွင်းစဥ်းစားပါ။ ဒါပေမဲ့ နောက်ခံ ဆူညံသံကို ဖျောက်ပေးတဲ့ Mode ကိုတော့ အပြင်မှာ အားကစား လုပ်နေတဲ့အချိန်ဆို မသုံးပါနဲ့။

ဘယ်လို ဖန်ရှင်တွေ ပါဝင်သလဲဆိုတာကို သေချာ လေ့လာပါ။

ဒီဇိုင်းပိုင်းကရော ကောင်းမွန်ရဲ့လားဆိုတာကို သေချာ လေ့လာကြည့်ပြီးမှ ဝယ်ယူသင့်ပါတယ်။​

နောက်ထပ် စဥ်းစားရမယ့် အချက်များ

money

နောက်တစ်ချက်ကတော့ ဈေးနှုန်းပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း ထည့်သွင်းစဥ်းစားရမယ့် အချက်တစ်ခုပါပဲ။ ကိုယ် သုံးမယ့် ဘတ်ဂျက်က ဘယ်လောက်ပဲ။ နားကြပ်ရဲ့ စျေးနှုန်းကရော ဘယ်လောက်လဲ။​ ပေးရတဲ့ ဈေးနှုန်းနဲ့ သုံးရမယ့် နားကြပ်ရဲ့ ကွာလတီကရော ကွက်တိကျရဲ့လား အစရှိတာတွေကို ထည့်သွင်းစဥ်းစား သင့်ပါတယ်။

ထိုအချက်များအားလုံးနဲ့ ကွက်တိကျကာ ကိုက်ညီတဲ့ အားကစား နားကြပ်များကတော့ အခုဖော်ပြပေးမယ့် နားကြပ်များပဲ ဖြစ်ပါတယ်။

Jabra Elite 7 Active

အားကစား သီချင်း

ဒီနားကြပ်ရဲ့ အားသာချက်ကတော့ ပြေးလွှား ခုန်ပေါက်ကာ အားကစားလုပ်နေချိန်မှာ နားကြပ်ထဲကနေ လွှတ်ကျသွားတာမျိုး မရှိခြင်းပါပဲ။ ဒါ့အပြင် Active Noise Cancellation (ANC) လည်း ပါဝင်ပြီး တစ်ခါ အားသွင်းပြီးတာနဲ့ ၈ နာရီကြာ အသုံးခံပါတယ်။ ချွေးနဲ့ Waterproof အတွက်လည်း အာမခံပါပါသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ အားနည်းချက်ကတော့ ဈေးကြီးလွန်းတာပါပဲ။ ဈေးနှုန်းက ၁၂၉ ဒေါ်လာ ပေးဝယ်ရမှာပဲဖြစ်ပါတယ်။

Shokz Open Run Pros

အားကစား သီချင်း

နောက်ထပ် လူကြိုက်များတဲ့ အားကစား နားကြပ်ကတော့ Shokz Open Run Pros ပဲဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ ပြေးနေစဥ်မှာ ဘေးအန္တရာယ် မရှိအောင် သေချာ စမ်းသပ်စစ်ဆေးပြီးမှ ထုတ်လုပ် ရောင်းချတာ ဖြစ်ပါတယ်။ နောက်ထပ် အားသာချက်ကတော့ ၁၀ နာရီကြာ အသုံးခံတာပါပဲ။ ဒါ့အပြင် IP55 ရေစိုခံ စနစ်လည်း ပါဝင်တာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ အားနည်းချက်ကတော့ ကြိုးမဲ့စနစ်နဲ့ အားသွင်းလို့ မရတာပဲ ဖြစ်ပါတယ်။ အားသွင်းကြိုး တန်းလန်းနဲ့ အားသွင်းရတာ မကြိုက်တဲ့ ကွီးတို့အတွက် ဒီအမျိုးအစားကို ရှောင်သင့်ပါတယ်။

Bose Sport Open Earbuds

အားကစား သီချင်း

ဒီနားကြပ်ကလည်း ရီဗျူး တော်တော်ကောင်းတဲ့ နားကြပ်များထဲမှာ တစ်ခုအပါအဝင်ပါပဲ။ IPX4 ရေစိုခံ စနစ်ပါဝင်ပြီး အသံကွာလတီပိုင်းကလည်း ပြောစရာမလိုအောင်ကို ကောင်းပါတယ်။ ဒီဇိုင်းကလည်း မိမိုက်နေပြီး ဖန်ရှင်တွေကလည်း စုံလင်နေတာကြောင့် ဈေးကတော့ နည်းနည်း မြှောက်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၉၉ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။​

ကွီးတို့ရော အားကစား လုပ်တဲ့အခါ ဘယ်လို နားကြပ်မျိုးတွေကို အသုံးပြုကာ နားထောင်နေပါသလဲ။

Source: Businessinsider

Featured Image: Tomsguide