ZTE ကတော့ ပြီးခဲ့တဲ့ လထဲမှာ နောက်ဆုံးထွက် စမတ်ဖုန်းအသစ် Axon 60 Ultra ကို မိတ်ဆက်သွားခဲ့ပြီး ယခုအခါမှာတော့ နောက်ထပ် မျိုးဆက်သစ် ZTE Axon 60 နဲ့ 60 Lite တို့ကို ထပ်မံကြေညာ သွားခဲ့ပါပြီ။ ဈေးနှုန်းအားဖြင့် သက်သာတဲ့ အဆိုပါ ZTE Axon 60 နဲ့ 60 Lite ဖုန်း ၂ လုံးမှာ Unisoc Chipset အသုံးပြုထားပြီး 50MP Main ကင်မရာနဲ့ 5,000 mAh ဘက်ထရီတွေကို တပ်ဆင်ပေးထားပါတယ်။

ZTE Axon 60 and 60 Lite

Photo : GSMArena.com

Axon 60 မှာ 20:9 Aspect Ratio နဲ့ FHD+ Resolution ရတဲ့ ၆.၇၂ လက်မ IPS LCD ကို သုံးထားပြီး Axon 60 Lite မှာတော့ 90Hz Refresh Rate ထောက်ပံ့ ပေးထားတဲ့ ၆.၆ လက်မ HD+ LCD ကို တပ်ဆင်ပေးထားပါတယ်။ Axon 60 နဲ့ 60 Lite ၂ ခုလုံးမှာပါဝင်လာတဲ့ နောက်ထပ် အမိုက်စား Feature တစ်ခုကတော့ Apple ရဲ့ Dynamic Island နည်းတူ Displays Notifications တွေ ၊ သတင်းအချက်အလက် ဖော်ပြမှုတွေနဲ့ လုပ်ဆောင်ချက်တွေကို ပြသပေးမယ့် ZTE Live Island ပါရှိလာတာ ဖြစ်ပါတယ်။

Axon 60 မှာ ပုံမှန်အတိုင်း Unisoc T616 Chipset နဲ့အတူ 6GB RAM / 256GB Storage အတွဲအစပ်နဲ့ လာပြီး Axon 60 Lite မှာတော့ 4GB RAM / 256GB Storage ကိုမှ Unisoc T606 SoC မောင်းနှင်ထားပါတယ်။

ZTE Axon 60 and 60 Lite

Photo : GSMArena.com

ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 50MP Main ကင်မရာတွေကို သုံးထားပြီး Axon 60 မှာ 2MP Macro ကင်မရာနဲ့ အတိအကျ မသိရသေးတဲ့ Depth Sensor ကင်မရာ တစ်လုံး တွဲဖက်တပ်ဆင်ထားပါတယ။ Axon 60 Lite မှာတော့ 2MP Depth ကင်မရာနဲ့ AI ကင်မရာ တစ်လုံးတို့ကို တွဲဖက်တပ်ဆင် ပေးထားပါတယ်။ ရှေ့ဘက်မှာတော့ Axon 60 မှာ 32MP ဆယ်လ်ဖီကင်မရာကို သုံးထားပြီး Lite မော်ဒယ်မှာတော့ 8MP ဆယ်လ်ဖီ ကင်မရာကို တပ်ဆင်ပေးထားပါတယ်။

ဆော့ဖ်ဝဲပိုင်းမှာ Axon 60 နဲ့ 60 Lite ၂ ခုလုံး Android 13 ကို သုံးထားပြီး 22.5W Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီကို တပ်ဆင်ထားပါတယ်။ ဒါ့အပြင် Headphone Jacks ၊ Bluetooth 5.2 နဲ့ Ddual Band WiFi Features တွေလည်း Support ပေးထားပါတယ်။

ZTE Axon 60 and 60 Lite

Photo : GSMArena.com

ZTE Axon 60 ရဲ့အရောင်တွေအနေနဲ့ Gold ၊ Purple နဲ့ Black ဆိုပြီး ကာလာ ၃ ရောင်ရွေးချယ်နိုင်မှာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၂၁၉ ဒေါ်လာ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ Axon 60 Lite မော်ဒယ်မှာတော့ Purple ၊ Gold နဲ့ Blue အရောင် ၃ မျိုး ထုတ်ထားပြီး ဈေးနှုန်းမှာ ၁၇၇ ဒေါ်လာခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Featured Photo : TudoCelular.com