ပြုံးရယ်ခြင်း ကုထုံးသည် အမြဲတစေ စိတ်ညစ်နေသူများအတွက် မရှိမဖြစ်လိုအပ်တဲ့ ကုထုံးတစ်ခုဖြစ်ပါတယ်။ ပြုံးရယ်ခြင်း ကုထုံးကို အိပ်ရာနိုး နိုးချင်မှာပဲ အသုံးပြုမယ်ဆိုရင် တနေကုန် စိတ်ကြည်လင်ပြီး ပျော်ရွှင် နေအောင် ကူညီပေးပါတယ်။

လူကြီးများသည် တာဝန်များစွာကို ထမ်းဆောင်နေရတဲ့ အားလျော်စွာ စိတ်ဖိစီးစရာများ စိတ်ညစ်စရာများနှင့် ပြည့်နှက် နေတတ်ပါတယ်။ ဒါ့ကြောင့် အပူအပန်ကင်းတဲ့ ကလေးများသည် တစ်ရက်လျှင် အကြိမ် ၁၅၀ ခန့် ရယ်မောကြပေမယ့် လူကြီးတွေကတော့ တစ်ရက်လျှင် ၁၂ ကြိမ်ခန့်သာ ရယ်မောကြတာဖြစ်ပါတယ်။

ဒါပေမဲ့ အခုဖော်ပြပေးမယ့် ကုထုံးလေးကို အိပ်ရာနိုး နိုးချင်းမှာ အသုံးပြုပေးမယ်ဆိုရင်တော့ တစ်နေကုန် ပျော်ရွှင် နေစေမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုများ၊ စိတ်ပူပန်စရာများကို လျော့ချပေးပြီး အကောင်းမြင်စိတ်များကို တိုးမြှင့်ပေးကာ တီထွင်ဖန်တီးနိုင်စွမ်းလည်း တိုးမြှင့်ပေးမှာဖြစ်ပါတယ်။

ကုထုံးဆိုလို့လည်း ခက်ခက်ခဲခဲကြီးမဟုတ်ဘဲ သင်ကိုယ်တိုင် အလွယ်လေး ပြုလုပ်နိုင်တာကို ဆောင်းပါးဖတ်ပြီးတဲ့အခါ သိရှိသွားပါလိမ့်မယ်။

ကျေးဇူးတင်တဲ့ စိတ်ဖြင့် နိုးထလာပါ

အိပ်ရာနိုး ပျော်ရွှင်

မနက်နိုးလာပြီး မျက်နှာမသစ်၊ သွားမတိုက်ခင်မှာပဲ သင့်အတွက် ကျေးဇူးတင်စရာကောင်းတဲ့ အရာသုံးခုကို ချရေးလိုက်ပါ။ အသေးအဖွဲ့ကိစ္စများကအစ ရေးသားလို့ရပါတယ်။ ဥပမာ နာရီအလန်း ပေးထားတဲ့အတိုင်း အိပ်ရာနိုးထလာခြင်းသည်လည်း ကျေးဇူးတင်စရာကောင်းတယ်မဟုတ်လား။ ထိုကဲ့သို့သော အသေးအဖွဲ့အချက်များကအစ ကြီးကြီးမားမားအရာများအဆုံး ရေးသားနိုင်ပါတယ်။

ပြုံးရယ်ပါ

အိပ်ရာနိုး ပျော်ရွှင်

ပြုံးရယ်ခြင်းသည် လူတိုင်းနဲ့ လိုက်ဖက်တဲ့ အလှတရားတစ်ခုဖြစ်ပါတယ်။ ပြုံးရယ်ခြင်းအားဖြင့် ခန္ဓာကိုယ်မှာ Endorphins များ ထွက်ပေါ်လာပြီး စိတ်လက်ပေါ့ပါး လန်းဆန်းလာပါလိမ့်မယ်။ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အကြောင်းအရာတစ်ခုခုကို စဉ်းစားကာ ပြုံးနိုင်ပါတယ်။

အသက်ရှူ လေ့ကျင့်ခန်းပြုလုပ်ပါ

အိပ်ရာနိုး ပျော်ရွှင်

မနက်နိုး ထလာတိုင်းမှာ အသက်ရှူ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည်လည်း စိတ်လက် ပျော်ရွှင် စေပြီး စိတ်ခံစားချက်များကို မြှင့်တင်ပေးပါတယ်။ ရုံးမှာ အလုပ်လုပ်နေစဉ်အတွင်း မှာလည်း ၅ မိနစ်ခန့် အနားယူကာ အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ပေးနိုင်ပါတယ်။ အမှန်တကယ်ကို စိတ်လက်ပေါ့ပါးလာမှာ ဖြစ်ပါတယ်။

သဘာဝ နေ့အလင်းရောင် ခံယူပါ

အိပ်ရာနိုး ပျော်ရွှင်

သဘာဝနေရာင်ခြည်သည် လူသားတွေရဲ့ အရိုးအဆစ် ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်တယ်ဆိုတာကို သင် သိပြီးပါပြီလား။

အိပ်ရာနိုးလာတာနဲ့ မနက်ခင်း နေရောင်ခြည်ဖြာကျနေတဲ့ နေရာနားသို့သွားကာ နေပူဆာလှုံပေးနိုင်ပါတယ်။

သီချင်းဆိုကာ ကခုန်ပါ

man shower

ရေချိုးနေစဉ်အတွင်းမှာ သီချင်းဆိုကာ ကခုန်ပေးနိုင်ပါတယ်။ ထိုကဲ့သို့ ပြုလုပ်ပေးခြင်းအားဖြင့် စိတ်အစဉ်ကာ ကြည်လင်ရွှင်ပျလာမှာဖြစ်ပြီး ပျော်ရွှင်မှုဟော်မုန်းများ တိုးမြှင့်လာမှာဖြစ်ပါတယ်။

အရောင်တောက်တောက် အဝတ်အစားများ ဝတ်ဆင်ပါ

man fashion

အရောင်ကုထုံးသည်လည်း သင့်ရဲ့စိတ်ကို လှည့်စားနိုင်ပါတယ်။ သင်သည် ဝမ်းနည်းအားငယ်နေပါက အဝါရောင်တောက်တောက်ကို ရွေးချယ် ဝတ်ဆင်နိုင်သလို၊ စိတ်ပူပန်မှုကို ခံစားနေရပါက အစိမ်းရောင် (သို့) လာဗန်ဒါ ခရမ်းရောင်မျိုးကို ရွေးချယ်နိုင်ပါတယ်။ သင့်ရဲ့ အလုပ်စားပွဲကိုလည်း အရောင်တောက်တောက်ပစ္စည်းများဖြင့် အလှဆင်ထားခြင်းအားဖြင့် တီထွင်ဖန်တီးနိုင်စွမ်းများကို မြင့်မားလာအောင် ဆောင်ရွက်နိုင်ပါတယ်။

ဟာသရုပ်ရှင်၊ ဇာတ်လမ်းတွဲများ ကြည့်ရှုပါ

watch TV

နေ့တစ်နေ့ ကုန်ဆုံးသွားလို့ စိတ်ညစ်စရာများ ရှိနေတတ်တယ်ဆိုရင်တော့ အိပ်ရာဝင်ခါနီးမှာ ဟာသဗွီဒီယိုများ ကြည့်ရှုပေးနိုင်ပါတယ်။ ဟာသဗွီဒီယိုများ ကြည့်ရှုရင်း ကိုယ့်ရဲ့ ရယ်မောနိုင်စွမ်းကို မြင့်တင်ကာ ဘဝကို ပျော်ပျော်ရွှင်ရွှင်သာ ဖြတ်သန်းလိုက်ပါ။

ဘယ်လိုလဲ… အခုဖော်ပြသွားတဲ့ ကုထုံးလေးများသည် လွယ်ကူရိုးရှင်းပြီး နေ့စဉ်ဘဝမှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့အရာတွေပဲမဟုတ်လား။ တချို့ကုထုံးတွေဆိုရင် ကိုယ်ကိုယ်တိုင်ကတောင် မသိလိုက်ဘဲ နေ့စဉ်ပြုလုပ်နေကျ အရာမျိုးဖြစ်နေတတ်ပါတယ်။

Source: Byrdie

Featured Image: Thefashionisto