တစ်ခါတစ်လေမှာ အကြောင်းမဲ့သက်သက် လက်တုန်တဲ့ ဖြစ်ရပ်မျိုး ကြုံဖူးကြပါလိမ့်မယ်။ လက်တုန်တာက အသက်အရွယ် ၊ အားနည်းခြင်းနဲ့ အရက်ဖြတ်ခြင်း စတဲ့အချက်တွေကြောင့်လို့ ထင်မှတ်ကြပေမယ့် တကယ်တော့ ကျန်းမာတဲ့ လူငယ်လူရွယ်တွေမှာပင် လက်တုန်တဲ့ ဝေဒနာခံစားတက်ရပါတယ်။ လက်တုန်ရတဲ့ အကြောင်းရင်းတွေကတော့ များစွာရှိပါတယ်။ အာရုံကြောဆိုင်ရာ ချို့ယွင်းခြင်း (ပါကင်ဆန်ရောဂါ) ၊ ဆေးဘက်ဆိုင်ရာရောဂါ (Hyperthyroidism) ၊ စိတ်ခံစားမှု လွန်ကဲခြင်း ( စိတ်လှုပ်ရှားခြင်း ၊ ကြောက်ရွံခြင်း) နဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ ( ဝက်ရူးပြန်ရောဂါ ၊ ပန်းနာရင်ကျပ်) စတဲ့ အချက်တွေကြောင့် လက်တုန်တဲ့ ပြဿနာ ဖြစ်စေနိုင်ပါတယ်။ လက်တုန်တဲ့ ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင်တော့ ကွီးတို့အနေနဲ့ အောက်ပါ အချက်လေးတွေကို လုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့ချပါ

Photo : Medical News Today

စိတ်ဖိစီးမှု မြင့်မားခြင်း ၊ စိုးရိမ်ပူပင်မှုများခြင်းရဲ့ အကျိုးဆက်က Adrenaline ဟော်မုန်း ထုတ်လုပ်မှုကိုဖြစ်စေပြီး လက်တုန်တဲ့ ပြဿနာကို ပိုမိုဆိုးရွားတဲ့ သက်ရောက်မှုမျိုး ဖြစ်စေပါတယ်။

(၂) လက်လေ့ကျင့်ခန်းလုပ်ပါ

Photo : AICA Orthopedics

လက်ကြွက်သားတွေကို သန်မာအောင် လေ့ကျင့်ခန်းလုပ်ပေးခြင်းက လက်တုန်တဲ့ ပြဿနာကို သက်သာစေဖို့အတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

(၃) ကဖိန်းဓာတ်လျော့ပါ

Photo : Eat This, Not That

လက်တုန်တဲ့ ဝေဒနာခံစားနေသူတွေအနေနဲ့ ကဖိန်းဓာတ်ပါတဲ့ ကော်ဖီနဲ့ ဖျော်ရည်တွေလျော့သောက်ဖို့ အကြံပြုချင်ပါတယ်။ ကဖိန်းဓာတ်က လက်တုန်တဲ့ လက္ခဏာတွေကို ပိုဆိုးစေတဲ့အပြင် မကြာခဏဆိုသလို လက်တုန်တဲ့ဝေဒနာ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။

(၄) ဆေးလိပ်နဲ့ အရက်ရှောင်ကြဉ်ပါ

Photo : FamilyDoctor.org

ဆေးလိပ်နဲ့ အရက်သောက်ခြင်းဟာ ဦးနှောက်ရဲ့ တုန့်ပြန်နိုင်စွမ်းနဲ့ ဦးနှောက်စွမ်းဆောင်ရည်ကို ထိခိုက်စေတာကြောင့် လက်တုန်တဲ့ ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။

(၅) လူနေမှုပုံစံပြောင်းလဲပါ


Photo : Forbes

စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမှာ ကျန်းမာမှုရှိတဲ့ လူနေမှုပုံစံကို ပြောင်းလဲခြင်းဟာ လက်တုန်တဲ့ ဝေဒနာကို သက်သာစေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ အညီနေထိုင်ပါ ၊ စိတ်ခံစားချက်တွေ ထိန်းချုပ်ပါ ၊ သကြားစားသုံးမှုလျော့ချပါ ၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ။

Featured Photo : Flint Rehab