Workout လုပ်ဖို့ စဉ်းစားတဲ့အခါ Gym ကိုသွားရမယ်လို့ ယူဆထားပေမယ့် အိမ်မှာ ပေါ့ပါးပေမယ့် ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်နိုင်သလို ကွီးတို့ရဲ့ ကိုယ်ပိုင်အိပ်ရာထဲမှာလည်း လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ ရှိပါတယ်။ ဒီတစ်ခါမှာတော့ ကွီးတို့အတွက် မယုံနိုင်လောက်အောင် ထိရောက်မှုရှိပြီး အဆီတွေကိုပါ လောင်ကျွမ်းစေမဲ့ အိပ်ရာပေါ်မှာပဲ လုပ်လို့ရတဲ့ Workout များ ကိုဖော်ပြပေးချင်ပါတယ်။
လေ့ကျင့်ခန်း (၁) Bent Leg Raises
Photo : Pinterest
အိပ်ရာပေါ်မှာပဲ လုပ်လို့ရတဲ့ ပထမဆုံး Workout တစ်ခုကတော့ Bent Leg Raises ပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ကွီးတိုအနေနဲ့ အိပ်ရာပေါ်လာ ပက်လက်အနေအထားအတိုင်း နေလိုက်ပါ။ ထို့နောက် လက်ဖဝါးကိုမှောက်လျက် ဘေးတွင်ချထားပါ။ ပြီးနောက်ခြေထောက် ၂ ဖက်ကို ၉၀ ဒီဂရီ ထောင့်အနေအထားအတိုင်း စုံမြှောက်လိုက်ပါ။ ပြီးလျှင် ဖြည်းဖြည်းချင်းပြချပါ။ ထိုကဲ့သို့ ၁ ကြိမ်လျှင် ၁၅ ခါခန့်ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း (၂) Side Plank with Leg Lift
Photo : Vissco
ဒီလေ့ကျင့်ခန်း ကိုလုပ်မယ်ဆိုရင် ပထဆုံးအနေနဲ့ လက်တစ်ဖက်ကိုထောက်ပြီး ကျောကို ဖြောင့်တန်းထားကာ ဘေးတိုက်အနေအထား ရှိနေပါစေ။ ထို့နောက်ခြေထောက်တစ်ဖက်ကို အပေါ်သို့ တတ်နိုင်သလောက်မြှောက်ပါ။ ပြီးနောက် ပြန်ချပြီး ပြန်မြှောက်ပါ။ ထိုသို့ဖြင့် ခြေထောက် တစ်ဖက်ကို ၁၀ ကြိမ်ခန့် ပြုလုပ်ပါ။
လေ့ကျင့်ခန်း (၃) Scissor Kicks
Photo : SportsRec
အရင်ဆုံး အိပ်ရာပေါ်တွင် ပက်လက်အနေအထားအတိုင်း လက်ဖဝါးများကို မှောက်လျက် တင်ပါးအောက်တွင် ထားပါ။ ထိုလှဲလျက်သားအနေအထားမှ ခြေထောက်များကို ကြွပါ။ ဒီအနေအထားက စတင်တဲ့အနေအထားပါ။ ထို့နောက် အိပ်ရာကို မထိဘဲ ဘယ်ခြေထောက်တန်းတန်းထားပါ ပြီးနောက် ညာခြေထောက်ကို မြှောက်ပါ။ အိပ်ရာကို မထိခင်မှာ ဘယ်ခြေထောက်ကို မြှောက်ပြီး ညာဘက်ခြေထောက်ကို လျှော့ပါ။ ထို့သို ခပ်သွက်သွက် ၁၂ ခါလုပ်လျှင် ၁ကြိမ်အဖြစ်သတ်မှတ်ပါ။ ၃ ကြိမ်ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း (၄) Russian Twist
Photo : Pinterest
အဆီတွေကို လောင်ကျွမ်းစေမဲ့ အိပ်ရာပေါ်မှာပဲ လုပ်လို့ရတဲ့ Workout နောက်တစ်ခုကတော့ Russian Twist ပဲဖြစ်ပါတယ်။ အိပ်ရာပေါ်တွင် ထိုင်ကာ လက်နှစ်ဖက်ကိုစုပြီး ရှေ့သို့တန်းတန်းဆန့်ထားပါ။ ထို့နောက် ခြေနှစ်ဖက်ကို မြှောက်ပြီး ဒူးများကို အနည်းငယ်ကွေးကာ ကိုယ်ကို အနောက်သို့ အနည်းငယ်ဆန့်ထားပါ။ ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဘယ်ဘက်နှင့် ညာဘက်သို တစ်လှည့်စီလှည့်ပါ။ ၁ ကြိမ်လျှင် ၁၅ ခါခန့်ပြုလုပ်ပေးပါ။ တစ်ခု သတိပြုရန်မှာ ဒီလေ့ကျင့်ခန်းလုပ်နေစဉ်မှာ အသက်ရှုအောင့်ထားတာမျိုး မလုပ်ပါနဲ့။
အခုဖော်ပြပေးလိုက်တဲ့ အဆီတွေကို လောင်ကျွမ်းစေပြီး ပေါ့ပါးပေမဲ့ ထိရောက်တဲ့ အိပ်ရာပေါ်မှာပဲ လုပ်လို့ရတဲ့ Workout များပဲ ဖြစ်ပါတယ်။ ကွီးတို့ရေ ကျန်းမာရေးအတွက် ကွီးတို့စိတ်ကြိုက် ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခုကို နေ့စဉ် အချိန်ပေးပြီး ပြုလုပ်သင့်ပါတယ်။ Workout လုပ်ဖို့ အချိန် သီးသန့်မပေးနိုင်တဲ့ ကွီးတို့လည်း အခုဖော်ပြပေးလိုက်တဲ့ လေ့ကျင့်ခန်း တွေကို မနက်နိုးတာနဲ့ အိပ်ရာပေါ်မှာပဲ ဖြစ်စေလုပ်ကြည့်လိုက်ပါ။
Source : Bright Side
Featured Photo : Wellness




