အလုပ်တွေ များလို့ပဲဖြစ်ဖြစ်၊ Gym သွားဖို့ ပြင်ဆင်နေရတာကို အလုပ်ရှုပ်တယ်လို့ ခံစားရတဲ့အခါပဲဖြစ်ဖြစ် လေ့ကျင့်ခန်းပြုလုပ်ဖို့ကို ဆင်ခြေမျိုးစုံပေးတတ်ကြပါတယ်။ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ အိပ်ရာ ပေါ်ကနေ တစ်ဖဝါးမှ ခွာစရာမလိုဘဲ လေ့ကျင့်ခန်း ပြုလုပ်နိုင်တယ်လို့ ပြောရင်ရော ကွီးတို့ စိတ်ဝင်စားကြရဲ့လား။
အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းတွေကတော့ ကွီးတို့ရဲ့ အိပ်ရာ ပေါ်ကနေ တဖဝါးမှ ခွာစရာမလိုဘဲ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်း တွေပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁)
Photo: HappyHealthyMe
မနက်နိုးလာပြီဆိုရင်နဲ့ အိပ်ရာ ပေါ်က မထဘဲ လေ့ကျင့်ခန်း လုပ်ဖို့ဆိုရင် အရင်ဦးဆုံး ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ် ဆန့်တန်းကာ လှဲလျောင်းပါ။
ထို့နောက် ညာခြေကို အပေါ်သို့ မကာ လက်နှစ်ဖက်က ပေါင်ရင်းကို ဆွဲကိုင်ထားပါ။ ထို့နောက် ဒူးခေါင်းကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ ထို့နောက် ခြေထောက်ပြန်ချပါ။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးလိုက်ပါ။
ညာခြေပြီးသွားတဲ့အခါ ဘယ်ခြေကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
Source: Healthcare Blog
လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်စီမှာ ထားထားပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို စုံလိုက် ဆွဲမကာ ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ ဝမ်းဗိုက်ကြွက်သား အသုံးပြုကာ ရင်ဘတ်ဆီသို့ ဆွဲယူရမှာ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃)
Source: Muscle & Fitness
အိပ်ရာပေါ်မှာ လှဲလျောင်းနေကာ လက်နှစ်ဖက်က ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်စီတွင် ထားထားပါ။ ထို့နောက် ညာခြေကို ဒူးမကွေးစေဘဲ တည့်တည့် ထောင်မတ်လိုက်ပါ။ ထို့နောက် ဒူးပြန်ချပါ။
တစ်ဖန် ဘယ်ခြေကိုလည်း ဒူးမကွေးစေဘဲ တည့်တည့် ထောင်မတ်လိုက်ပါ။ ထို့နောက် ဒူးပြန်ချလိုက်ပါ။
ဘယ် ညာ တစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ရပါမယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၄)
Photo: Mensjournal
လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးတစ်ဖက်တစ်ချက်စီတွင် ချထားပါ။ ဒူးနှစ်ဖက်ကို ကွေးထားပြီး ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။
ထို့နောက် တင်ပါးကို အပေါ်မြှောက်ကာ ဒူးနှင့် ရင်ဘတ်သည် မျဉ်းစောင်းပုံသဏ္ဍာန် တန်းသွားသည်အထိ တင်ပါးကို ကြွပေးရပါမယ်။
ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၅)
Source: Mensjournal
ဒီလေ့ကျင့်ခန်းသည်လည်း စောစောက လေ့ကျင့်ခန်းနဲ့ အတူတူပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ညာခြေကို အပေါ်သို့ ဆန့်တန်းကာ တင်ပါး ကြွပေးရမှာဖြစ်ပါတယ်။ ထို့နောက် တင်ပါး ပြန်ချပါ။
ညာခြေချည်းပဲကို ၁၅ ကြိမ် ပြုလုပ်ပါ။
ထို့နောက် ဘယ်ခြေသို့ ဘက်ပြောင်းကာ နောက်ထပ် ၁၅ ကြိမ် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
စုစုပေါင်း ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။
ဒီလေ့ကျင့်ခန်းတွေကတော့ ကွီးတို့ရဲ့ အိပ်ရာကနေ တစ်ဖဝါးမှ ခွာစရာမလိုဘဲ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။
Featured Image: Cnet