အိမ်တစ်အိမ်ထဲသို့ စဝင်လိုက်တာနဲ့ အိမ်ရဲ့ သပ်ရပ်သန့်ရှင်းမှု၊ အိမ်တွင်း ဒီဇိုင်း လှပမှုတို့သည် အရေးကြီးသလိုပဲ ကွီးတို့ အိမ်ရှေ့ ဝရန်တာသည်လည်း သန့်သန့်ရှင်းရှင်းနဲ့ သပ်ရပ် သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ အိမ်ရှေ့ ဝရန်တာကို DIY နည်းလမ်းများနဲ့ အလှဆင်ကာ အသက်သွင်းလိုက်မယ်ဆိုရင်တော့ ပိုလို့တောင် နေချင်စဖွယ်ကောင်းတဲ့ အိမ်တစ်လုံးအဖြစ် ပြောင်းလဲသွားမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရဲ့ အိမ်ရှေ့ ဝရန်တာကို ဘယ်လို နည်းလမ်းများနဲ့ အလှဆင်ရမလဲ စဥ်းစားရ ကြပ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် DIY နည်းလမ်းလေးကို အသုံးပြုနိုင်ပါတယ်။​

အပင်ငယ်များနဲ့ အလှဆင်ပါ

home decoration

နှင်းဆီပန်းများ၊ လှပတဲ့ အပင်ငယ်များကို အိမ်ရှေ့မှာ ထားထားမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အိမ်ရှေ့ခြမ်းက မျက်စိအေးချင်စရာလေး ဖြစ်နေမှာဖြစ်ပြီး လှပတဲ့ ပန်းများကြောင့် စိတ်နှလုံး ချမ်းမြေ့ရမှာ အမှန်ပါပဲ။ လာရောက်တဲ့ ဧည့်သည်များလည်း အမြင်အေးချမ်းနေစေမှာပါ။

အရောင်နုများ အသုံးပြုပါ

home decoration

ကွီးတို့ရဲ့ အိမ်ရှေ့ ဝရန်တာလေးက ခပ်ကျယ်ကျယ် ရှိတယ်ဆိုရင်တော့ အခုလိုမျိုး ထိုင်ခုံလှလှလေးတွေ ပြင်ထားကာ၊ ကော်ဇောလေး ခင်းထားပြီး အလှဆင်နိုင်ပါတယ်။ အိမ်ရှေ့ ဝရန်တာက နေရာ အကျယ်ကြီး မရှိဘူးဆိုလည်း စိတ်ပူစရာမလိုပါဘူး၊ အခုဖော်ပြပေးမယ့် DIY နည်းကိုပဲ အသုံးပြုနိုင်ပါတယ်။ ကော်ဇောများ၊ လိုက်ကာများနဲ့ အလှဆင်တဲ့အခါ အရောင်နုလေးတွေ သုံးပေးလေ ပိုကောင်းလေပါပဲ။

သေတ္တာပုံးငယ် အသွယ်သွယ်ဖြင့် အလှဆင်ပါ

အိမ်ရှေ့ DIY

ကွီးတို့ရဲ့ အိမ်ရှေ့ ဝရန်တာလေးကို အလှဆင်ချင်တယ်ဆိုရင်တော့ နောက်ထပ် နည်းလမ်းကောင်းတစ်ခုကို အသုံးပြုနိုင်ပါသေးတယ်။ ဒီနည်းလမ်းကတော့ သေတ္တာပုံးများကို ပုံးကြီး ပုံးငယ် အသွယ်သွယ်နဲ့ အလှဆင်ရမှာ ဖြစ်ပါတယ်။

အပင်ငယ်များကို စင်နဲ့ ဆောက်ထားပြီး အလှဆင်ပါ

အိမ်ရှေ့ DIY

အဆင့် (၃) ဆင့်ပါတဲ့ စင်ငယ် တစ်စင်လောက် ဆောက်လိုက်ပါ။ ထို့နောက် အပင်ငယ်များကို စင်ကလေးပေါ် တင်ထားပြီး အလှဆင်လိုက်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဝရန်တာက စိမ်းစိမ်းစိုစိုနဲ့ ကြည့်ကောင်းနေမှာ အမှန်ပါပဲ။

Dream Catcher လေးနဲ့ အလှဆင်ပါ

အိမ်ရှေ့ DIY

Dream Catcher ဆိုတဲ့ ပစ္စည်းလေးက မကောင်းတဲ့ အိပ်မက်ဆိုးများကို ဖယ်ရှားပေးပြီး အိမ်မက်လှလှလေးတွေကို ဖမ်းစီးပေးနိုင်တယ်လို့ လူသိများပါတယ်။ ထိုပစ္စည်းလေးကို ကွီးတို့ရဲ့ အိမ်ရှေ့ ဝရန်တာနားမှာ ချိတ်ဆွဲပြီးလည်း အလှဆင်နိုင်ပါသေးတယ်။

အိမ်ရှေ့ဝရန်တာ ကို DIY နည်းနဲ့ အလှဆင်လို့ရတဲ့ နည်းတွေကတော့ အများကြီးပါပဲ။ ကွီးတို့ဆီမှာရော ဘယ်လို နည်းလမ်းကောင်း၊ အိုင်ဒီယာ ကောင်းလေးတွေ ပိုင်ဆိုင်ထားပါသလဲ။

Source: Hgtv.com

Featured Image: Hgtv.com