မန်ချက်စတာ ယူနိုက်တက် နည်းပြသစ်ဖြစ်လာမယ့် အဲရစ် တန်ဟက်ဂ် ဟာ ယခုရာသီကုန် မန်ချက်စတာယူနိုက်တက်ကို တာဝန်ယူတဲ့အချိန်ကျရင် အိုးထရက်ဖို့ဒ်ကို ၎င်းရဲ့ အိုင်းယက်စ် အသင်းက ဘယ်ကစားသမားကိုမှ အိုးထရက်ဖို့ဒ်ကို ခေါ်ဖို့ သဘောတူညီမှု ရရှိထားတာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

Erik Ten Hag

Photo: Caughtoffside

ဒတ်ချ်လူမျိုးနည်းပြဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်းပြသစ်အဖြစ် ၁ နှစ် သက်တမ်းတိုးခွင့်ပါဝင်တဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ ကြေညာခြင်းခံခဲ့ရသူဖြစ်ပြီး ယခုရာသီကုန်တဲ့အချိန်ကျရင် အသင်းသစ်နဲ့ ပူးပေါင်းသွားမှာဖြစ်ပါတယ်။ အိုင်းယက်စ်နည်းပြဟာ ယခုနွေရာသီမှာ အသင်းရဲ့အကြံပေးအဖြစ် ပြောင်းလဲတာဝန်ယူမယ့် ယာယီနည်းပြ ရန်းနစ်ခ်ရဲ့ အကူအညီနဲ့အတူ လူစာရင်းကို ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့အတွက် ကြိုတွေးထားတယ်လို့ မျှော်မှန်းခြင်းခံနေရတာဖြစ်ပါတယ်။

ယာယီနည်းပြအဖြစ် တာဝန်ယူနေတဲ့ ရန်းနစ်ခ်က ယခုနွေရာသီမှာ လူစာရင်းကို သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ပြုလုပ်မယ်ဆိုတဲ့အချက်ကို ကွယ်ဝှက်ထားဖို့ မကြိုးပမ်းခဲ့ဘဲ ကစားသမားသစ် ၁၀ ဦးအထိ ရောက်လာနိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အဲရစ် တန်ဟက်ဂ်ဟာ ပရီးမီးယားလိဂ်ကို ၎င်းရဲ့ ပြောင်းရွှေ့လာမှုနဲ့အတူ အိုင်းယက်စ်ကြယ်ပွင့်တွေထဲက အချို့ကိုလည်း ခေါ်ယူလာလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဗဟိုခံစစ်ကစားသမား ဂျူရီယန် တင်းဘားဟာ သတင်းထွက်ပေါ်နေတဲ့ကစားသမားတွေထဲက တစ်ဦးအဖြစ် ပါဝင်နေခဲ့တာဖြစ်ပါတယ်။

Incoming Manchester United Permanent Coach

Photo: Manchestereveningnews

ဒါပေမယ့်လည်း ဒတ်ချ် နည်းပြက ဘယ်လို သဘောတူညီမှုမျိုးမှ ဆွေးနွေးခဲ့တာမျိုးမရှိဘဲ ဒတ်ချ်လိဂ်ဖလားကို ရရှိဖို့သာ သီးသန့် အာရုံစိုက်နေတာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ဟင့်အင်း။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာသဘောတူညီမှုမှ မရှိပါဘူး။ ကျွန်တော် အခု အရမ်းကောင်းတဲ့ ကစားသမားတွေရထားပါတယ်။ ဒါပေမယ့် အဲဒီကိစ္စ(အိုင်းယက်စ် ကြယ်ပွင့် တွေကို ခေါ်လာမယ့်သတင်း)ကတော့ လုံးဝမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Manchestereveningnews