မိုးအကုန် ဆောင်းအကူး အောက်တိုဘာလ အချိန်အခါလေးသို့ ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။ ရာသီဥတုက ကိုယ့်ဘက်ကို ပါနေတာဆိုတော့ ပါတီပွဲများ ကျင်းပလို့ အကောင်းဆုံးအချိန်ပါပဲ။ အောက်တိုဘာ လအတွင်းမှာ ပါတီပွဲ ကျင်းပဖို့ ပြင်ဆင်နေကြသူများအတွက် အောက်တိုဘာလနဲ့ လိုက်ဖက်တဲ့ အလန်းစား ကော့တေးဖျော်ရည်များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အောက်တိုဘာ လမှာ ကျင်းပမယ့် ပါတီပွဲ မှာ ဘယ်လို ကော့တေးများနဲ့ ဧည့်ခံသင့်သလဲဆိုတော့ …
Forbidden Fruit
လိုအပ်မယ့် ပစ္စည်းများကတော့ ပန်းသီးအရသာ ဘရန်ဒီ စားပွဲတင်ဇွန်း ၁၁ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ Simple Syrup လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ Angostura Bitters ၂ စက်ခန့်၊ Peychaud’s Bitters ၂ စက်ခန့်၊ Ginger Beer အနည်းငယ်နှင့် အလှဆင်ရန် သံပုယိုသီးစိပ် တစ်စိပ်တို့ လိုအပ်ပါလိမ့်မယ်။
ပြုလုပ်နည်းကလည်း ရိုးရှင်းပါတယ်။ ကော့တေးရှိတ်ကာထဲသို့ ဘရန်ဒီ၊ သံပုယိုရည်၊ Simple Syrup ၊ Angostura Bitters နှင့် Peychaud’s Bitters တို့ ထည့်ပါ။ ရေခဲတုံးထည့်ပြီး သမအောင် ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ကော့တေးသောက်မယ့် ဖန်ခွက်ထဲ ပြောင်းထည့်လိုက်ပါ။ ပြီးရင်တော့ Ginger Beer ကို အပေါ်ကနေ လောင်းထည့်လိုက်ပါ။ ထို့နောက် သံပုယိုသီးစိပ်ဖြင့် အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ Forbidden Fruit လို့ အမည်ပေးထားတဲ့ ကော့တေးဖျော်ရည်တစ်မျိုး ရရှိသွားပြီပဲ ဖြစ်ပါတယ်။
Fall From The Tree
နောက်ထပ် အမျိုးအစားတစ်ခုကတော့ Fall From The Tree လို့ အမည်ပေးထားတဲ့ ကော့တေးဖျော်ရည်ပဲဖြစ်ပါတယ်။ လိုအပ်မယ့် ပစ္စည်းများကတော့ Bourbon (သို့) စကော့ချ် ဝီစကီ စားပွဲတင်ဇွန်း ၁၁ ဇွန်း၊ လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားသော ပန်းသီးဖျော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း စားပွဲတင်ဇွန်း တစ်ဝက်၊ အလှဆင်ရန်အတွက် ပန်းသီးစိပ် တစ်စိပ်ခန့်တို့ လိုအပ်ပါလိမ့်မယ်။
ကော့တေး ရှိတ်ခါထဲတွင် ရေခဲတုံးထည့်ပါ။ ဝီစကီ၊ ပန်းသီးဖျော်ရည်၊ သံပုယိုရည်တို့ထည့်ကာ ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ကော့တေးသောက်မယ့် ဖန်ခွက်ထဲ ပြောင်းထည့်ကာ ပန်းသီးစိပ်ဖြင့် အလှဆင်ပေးလိုက်ပါ။
Chai Spice Mule
ဒီကော့တေးကတော့ ဗော့ကာကို အဓိကထား ဖော်စပ်ထားတဲ့ ကော့တေးတစ်မျိုးပဲဖြစ်ပါတယ်။
ပြုလုပ်ဖို့ရန်အတွက် ဗော့ကာ စားပွဲတင်ဇွန်း ၁၁ ဇွန်း၊ Chai Spice Syrup စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဂျင်းဖျော်ရည် စားပွဲတင်ဇွန်း တစ်ဝက်ခန့်၊ သံပုယိုရည် စားပွဲတင်ဇွန်း တစ်ဝက်၊ Ginger Beer စားပွဲတင်ဇွန်း ၈ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။
ကော့တေး ရှိတ်ခါထဲသို့ ရေခဲတုံး၊ ဗော့ကာ၊ Chai Spice Syrup၊ ဂျင်းဖျော်ရည်နှင့် သံပုယိုရည်တို့ထည့်ကာ သမအောင် ခပ်ပြင်းပြင်းလေး လှုပ်ခါလိုက်ပါ။ ထို့နောက် ကြေးနီမတ်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။ ရေခဲတုံးများ လိုအပ်ပါက ထပ်ထည့်နိုင်ပါတယ်။ ထို့နောက် အပေါ်ကနေ Ginger Beer လေး လောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့အားလုံး အကြိုက်တွေ့သွားမယ့် ကော့တေးဖျော်ရည်များ ရရှိသွားပြီပဲဖြစ်ပါတယ်။
အခုဖော်ပြသွားတာကတော့ အောက်တိုဘာ လအတွင်း ကျင်းပမယ့် ပါတီပွဲ များနှင့် လိုက်ဖက်တဲ့ ကော့တေးဖျော်ရည်များပဲဖြစ်ပါတယ်။
Source: Liquor
Featured Image: Farmflavor