ဝမ်းဗိုက်အောက်ပိုင်း အစိတ်အပိုင်းဟာ ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတိုင်းအတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။ ၎င်းဟာ ခန္ဓာကိုယ် ကိုယ်ဟန်အနေအထားကို ထိန်းပေးပြီး နောက်ကျောပြင်ကို တည်ငြိမ်စေဖို့ အဓိကကျတဲ့ နေရာကနေ ပါဝင်ပါတယ်။ ဝမ်းဗိုက်အောက်ပိုင်းဟာ အဆီစုလွယ်သလို အဆီပိုတွေကို ပြန်လည်ချေဖျက်ရတာလည်း အခက်အခဲဆုံးအပိုင်း ဖြစ်ပါတယ်။ ဝမ်းဗိုက်အောက်ပိုင်းမှာ အဆီတွေ စုပုံလာရင် ခန္ဓာကိုယ်က လေးလံပြီး လှုပ်ရှားသွားလာရ ပိုမိုခက်ခဲလာမှာပါ။ ဒီဆောင်းပါးလေးမှာတော့ အောက်ဗိုက် မှာရှိတဲ့ အဆီတွေကို ဖြုတ်ချဖို့အတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းနည်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) Bicycle Crunch
Source : Wodstar
Bicycle Crunch လေ့ကျင့်ခန်းက အောက်ဗိုက် မှာရှိတဲ့ အဆီတွေကို ကျစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပါ။ ပေါင်နဲ့ တင်ပါးဆုံ ကြွက်သားတွေကိုလည်း ထိရောက်မှုရှိပြီး ဝမ်းဗိုက်ကြွက်သားပြင်တစ်ခုလုံးကို ကြံ့ခိုင်သန်မာစေဖို့ ကူညီပေးပါတယ်။
(၂) Crocodile Crawl
Source : Morris Brossette
Crocodile Crawl လေ့ကျင့်ခန်းကတော့ မိကျောင်း တွားသွားတဲ့ ပုံစံပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဝမ်းဗိုက်နဲ့ တင်ကြွက်သားတွေကို ဟန်ချက်ညီစေပြီး ပခုံးကြွက်သားတွေကိုလည်း ပိုမိုသန်မာလာစေမှာ ဖြစ်ပါတယ်။
(၃) Dip Bar Leg Raise
Source : Prestige-Fit
Dip Bar Leg Raise လေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သားတွေ ကျစ်လစ်သန်မာလာရုံသာမက ပခုံးနဲ့ နောက်ကျောကြွက်သားတွေရဲ့ ကြံ့ခိုင်မှုနဲ့ တည်ငြိမ်မှုကို တိုးတက်လာစေမယ့် လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။
(၄) Flutter Kick
Source : Functional Bodybuilding
အောက်ဗိုက် က အဆီပိုတွေကို ဖြုတ်ချဖို့အတွက် အထိရောက်ဆုံး လေ့ကျင့်ခန်းက Flutter Kick ပါ။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သားအပြင် တင်ပါးဆုံကြွက်သားတွေကိုလည်း သန်မာစေမှာ ဖြစ်ပါတယ်။
(၅) Star Plank
Source : High Octane Training and Therapy
လက်နဲ့ခြေထောက်တွေကို ချဲ့ကားပြီး ကစားရမယ့် Plank လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ပြီး ကစားပေးရမှာပါ။ ဗိုက်အဆီတွေကို ကျစေသလို ခန္ဓာကိုယ်ရဲ့ တည်ငြိမ်မှုကိုလည်း တိုးစေမှာဖြစ်ပါတယ်။
အခုပြောပြတဲ့ လေ့ကျင့်ခန်းတွေကတော့ ဝမ်းဗိုက်အဆီပိုတွေကို ဖြုတ်ချပြီး ကျစ်လစ်သန်မာတဲ့ Abs ကြွက်သားတွေရဖို့ ကူညီပေးမယ့် အထိရောက်ဆုံးနဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။
Featured Photo : avldispensary.com