ဘဝမှာ အောင်မြင်မှု ရရှိဖို့အတွက်ဆိုရင် ပေးဆပ်ရမယ့် အရာတွေ ရှိပါတယ်။ ကိုယ့်ဘက်က ဘာမှ မပေးဆပ်ဘဲနဲ့ အောင်မြင်မှုက ကိုယ့်ဆီ အလိုလို ရောက်ရှိလာဖို့ ထိုင်မျှော်နေလို့ မရပါဘူး။ တကယ်လို့ ကွီးတို့က အခုဖော်ပြမယ့် အချက်များကို လိုက်နာမယ်ဆိုရင်တော့ အောင်မြင်ခြင်း က ကွီးတို့ရဲ့ လက်တစ်ကမ်း အလိုမှာပဲ ဖြစ်ပါတယ်။

ဇွဲရှိခြင်း

ဇွဲရှိခြင်း

ကိုယ် အစပြုတဲ့အရာကို တစ်စိုက်မတ်မတ် လုပ်ကိုင်နိုင်ရပါမယ်။ စတုန်းကတော့ စထားပြီးမှ လက်တစ်ဝက်ရောက်မှ ပင်ပန်းလာလို့ ၊ ခက်ခဲကြမ်းတမ်းလာလို့ဆိုပြီး လက်လျော့လိုက်လို့ မရပါဘူး။ အောင်မြင်မှု လမ်းခရီးကတော့ ပင်ပန်းရစမြဲပါပဲ။ အောင်မြင်မှုကို ရယူချင်တယ်ဆိုရင်တော့ နားချိန်နည်းပြီး အလုပ်လုပ်ချိန် များရမှာကတော့ ဓမ္မတာပဲ ဖြစ်ပါတယ်။ ကွီးတို့ ဘဝမှာ မအောင်မြင်သေးဘူးဆိုတာ နားချိန်တွေ ၊ ယောင်ခြောက်ဆယ် ဖြစ်နေတဲ့အချိန်တွေ များနေလို့ပဲ ဖြစ်ပါတယ်။

အမှားများကနေ သင်ယူတတ်ခြင်း

အမှားများကနေ သင်ယူတတ်ခြင်း

ကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့ လူသားဆိုတာ မရှိပါဘူး။ လူတိုင်းက အမှားပြုလုပ်မိတတ်ကြပါတယ်။ ဒါပေမဲ့ အောင်မြင်နေတဲ့သူတွေသည် ကိုယ့်ရဲ့ အမှားတွေဆီကနေ သင်ယူပြီး ကိုယ့်ဘဝ တိုးတက်အောင် ကြိုးစားတတ်ကြပါတယ်။ ကမ္ဘာကျော် သိပ္ပံပညာရှင်များသည်လည်း ပထမတစ်ချီတည်း ကြိုးစားကြရုံနဲ့ အောင်မြင်မလာကြပါဘူး။ သူတို့ရဲ့ ပထမ စမ်းသပ်ချက်တွေက ကျရှုံးကြစမြဲပါပဲ။ သို့သော် ပထမအကြိမ် ကြိုးစားတုန်းက ပြုလုပ်မိတဲ့ အမှားမျိုးကို ထပ်မလုပ်မိအောင် ကြိုးစားကြပါတယ်။ ဒါသည် အမှားကနေ သင်ပေးတဲ့အချက်ပဲ ဖြစ်ပါတယ်။

ကိုယ်လုပ်နေတဲ့အရာမှာ ပျော်ရွှင်နေခြင်း

အောင်မြင်ခြင်း လက်တစ်ကမ်း

ကိုယ် လုပ်ရတဲ့အရာအပေါ်မှာ စီးမြောနစ်ဝင်နေပြီး ပျော်ရွှင်နေခြင်းသည်လည်း အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ် လုပ်နေရတဲ့ အရာအပေါ်မှာ ပျော်ရွှင်မှုက စီးဝင်မနေဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ဖိအားပေးပြီး လုပ်နေရမှာ ဖြစ်ပါတယ်။ ကြာလာတဲ့အခါ စိတ်ဖိစီးမှုတွေ ခံစားရပြီး ထိုအလုပ်ကို လုပ်ကိုင်ရတာ မပျော်ရွှင်တော့ပါဘူး။ ဒါ့ကြောင့် ကိုယ် ဝါသနာပါတဲ့အရာ ၊ ကိုယ့်ကို ပျော်ရွှင်မှုတွေ ဆောင်ကျဥ်းပေးမယ့် အရာတွေအပေါ်မှာ အချိန်တွေကို ရင်းနှီးမြှုပ်နှံထားမယ်ဆိုရင် အောင်မြင်ခြင်း က ကွီးတို့ရဲ့ လက်တစ်ကမ်း အလိုမှာပဲ ဖြစ်ပါတယ်။

မိမိကိုယ်ကိုယ် လိမ်ညာမှု ကင်းမဲ့ခြင်း

အောင်မြင်ခြင်း လက်တစ်ကမ်း

တစ်ခါတစ်ရံမှာ ကိုယ်က ကြိုးစားနေပမယ့် ထင်သလောက် ခရီးမရောက်တာမျိုးကို ခံစားရတတ်ပါတယ်။ ထိုအချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်ပါ။ “ငါ တကယ် ကြိုးစားနေတာရော ဟုတ်ရဲ့လား။ သူများ အထင်ကြီးအောင်လို့ တမင် ဟန်ဆောင်ကာ ကြိုးစားပြနေတာလား”။ ကိုယ့်ကိုယ်ကိုယ် မညာတမ်း ပြန်မေးကြည့်ပါ။ သူတစ်ပါ အထင်ကြီးရုံသပ်သပ် ဟန်လုပ် ကြိုးစားနေမယ်ဆိုရင်တော့ အောင်မြင်မှုက ကွီးတို့ရဲ့ အဝေးတစ်နေရာမှာပဲ ပြုံးပြုံးကြီး ရပ်ကြည့်နေပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့က ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေလို့ပဲ ဖြစ်ပါတယ်။ အမှန်တကယ် အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပါနဲ့။ မညှာတာပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ခိုင်းပါ။ ကိုယ့်ကိုယ်ကိုယ် မခိုင်းရင်တော့ သူများ ခိုင်းတာပဲ ခံရပါလိမ့်မယ်။

မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း

အောင်မြင်ခြင်း လက်တစ်ကမ်း

ဘယ်အရာပဲ လုပ်လုပ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းနေသေးခြင်းက ကိုယ့်ရဲ့ အရည်အချင်းတွေ မပြည့်မှီသေးလို့ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းတွေ ပြည့်မှီအောင် ကြိုးစားဖို့ဆိုရင် အဆက်မပြတ် လေ့လာသင်ယူနေဖို့ လိုအပ်ပါတယ်။ ပညာရှာ ပမာ သူဖုန်းစား ဆိုတဲ့ စကားပုံလေးအတိုင်းပဲ ပညာရှာတဲ့အခါ အပတ်တကုတ် လေ့လာဆည်းပူးဖို့လိုအပ်ပါတယ်။ အတိုင်းအတာတစ်ခုအထိ ပညာရည် ပြည့်ဝသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေ ရှိလာမှာ ဧကန်ပါပဲ။

စိတ်အာရုံ ပျံ့လွှင့်စေတဲ့ အရာများကို ထိန်းချုပ်နိုင်ခြင်း

အောင်မြင်ခြင်း လက်တစ်ကမ်း

လူသားတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းသည် မိနစ် ၃၀ ထက် မပိုပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့တွေသည် အလုပ်လုပ်နေစဥ်မှာ ဖုန်းသုံးနေမိတာမျိုး ၊ ဂိမ်းဆော့မိသွားတာမျိုးတွေ ကြုံတွေ့နေရခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့ကို ဘက်ပေါင်းစုံက စိတ်အာရုံ ပျံ့လွှင့်နေအောင် ပြုလုပ်နေမယ့် အရာတွေက အများကြီးပါပဲ။ ထိုအရာတွေကို သိရှိပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။

ကျွမ်းကျင်ပညာရှင်များက စိတ်အာရုံ ပျံ့လွှင့်ခြင်းမှ ကာကွယ်ဖို့အတွက် ၄၀ ၊ ၁၀ စည်းမျဥ်းကို ကျင့်သုံးဖို့ အကြံပြုထားပါတယ်။ ၄၀ ၊ ၁၀ ဆိုတာကတော့ မိနစ် ၄၀ အလုပ်လုပ် ၊ ၁၀ မိနစ်နား ၊ တစ်ဖန် နောက်ထပ် မိနစ် ၄၀ အလုပ်ပြန်လုပ် ၊ ၁၀ မိနစ်နား ရမှာပဲဖြစ်ပါတယ်။ ဒီနည်းက အသုံးဝင်လား မဝင်လားဆိုတာကတော့ ကွီးတို့ ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်လိုက်ပါ။

စမ်းသပ်ပြီးလို့ အသုံးတည့်တယ်ဆိုရင်တော့ အခြားသာ ညိုကီတွေကို ပြန်လည် ဝေမျှပေးလိုက်ပါ။ ဘာ့ကြောင့်လဲဆိုတော့ Sharing Is Caring မို့လို့ပါပဲ။

Source: Indeed

Featured Image: Freepik