ဒီဘက်ခေတ်မှာ လူငယ် လူလတ်ပိုင်းတွေ ကြားမှာတော့ နည်းပညာအကူညီနဲ့ အွန်လိုင်း Dating လုပ်တာတွေ အရမ်းကို ခေတ်စားလာပါတယ်။ လူသုံးများတဲ့ ဆိုရှယ်မီဒီယာတွေကနေတဆင့် ကြင်ဖော်ရှာဖွေကြသလို နာမည်ကြီး Dating App တွေအသုံးပြုပြီးလည်း ဖူးစာဖက်ကို ရှာဖွေလာကြပါတယ်။ ကွီးတို့အနေနဲ့ အွန်လိုင်း ပေါ်ကနေ ချစ်သူ ထားမယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေကို မဖြစ်မနေ သိထားဖို့လိုပါမယ်။

(၁) ရိုးသားမှုက အဓိကသော့ချက်ပါ

Photo : Vonix

အွန်လိုင်း Dating လုပ်တဲ့အခါ လူနှစ်ယောက်ကြား ယုံကြည်မှုတည်ဆောက်ဖို့ အဓိက လိုအပ်ပါတယ်။ သူရောကိုယ်ရော ယုံကြည်မှုရယူဆိုရင် အဓိကအခြေခံ အကျဆုံးအချက်က ရိုးသားမှု ရှိဖို့ပါပဲ။ အွန်လိုင်းပေါ်မှာ အလိမ်အညာနဲ့ ဟန်ဆောင်မှုတွေက သိပ်ကိုများပါတယ်။ တစ်ဖက်လူဆီက စစ်မှန်မှုကို လိုချင်ရင် ကိုယ့်ဘက်ကလည်း စစ်မှန်တဲ့ ရိုးသားမှုကို ပေးဖို့လိုပါတယ်။ ရိုးသားမှုကိုခြေခံပြီး တဖြည်းဖြည်းချင်း ယုံကြည်မှု တည်ဆောက်သွားပါ။

(၂) အယုံအကြည် မလွန်ပါနဲ့

Photo : Project Untethered

ဆိုရှယ်မီဒီယာတွေက လူလိမ်နဲ့ မသမာသူတွေ ကျင်လည်ကျက်စားရာ နေရာတစ်ခုလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။ လူကောင်းတွေရှိသလို မယုံကြည်ရတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒီတော့ ဘယ်အရာကိုမှ လွယ်လွယ်လေး မဆုံးဖြတ်ပါနဲ့။ အယုံအကြည်မလွယ်ပါနဲ့။ ကိုယ့်ရဲ့ လုံခြုံရေးက ကိုယ့်အပေါ်မှာပဲ မူတည်တဲ့အတွက် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လွယ်လွယ်မပေးမိဖို့ အမြဲသတိရှိသင့်ပါတယ်။

(၃) အချိန်ယူပါ

Photo : iStock

အွန်လိုင်း ပေါ်မှာ တွေတဲ့လူတစ်ယောက်နဲ့ အချိန်တိုအတွင်းမှာ ချစ်သွားဖို့ သိပ်ကို လွယ်ကူပါတယ်။ ဒါပေမယ့် ဒါဟာ ထောက်ခြောက်တစ်ခုဖြစ်နိုင်ပါတယ်။ လူတစ်ယောက်အကြောင်း ဘာမှသေချာ ဂဃနဏမသိရပဲ နောက်တဆင့်ကို အမြန်တက်လှမ်းတာမျိုး မလုပ်သင့်ပါဘူး။ သူ့အကြောင်းကိုယ့်အကြောင်း နောက်ကြောင်းရာဇဝင်တွေကို သေချာသိဖို့ အရင်ဆုံး လေ့လာစူးစမ်းဖို့ လိုပါတယ်။ ဒါကြောင့် အချိန်ယူပါ။ ဘယ်တော့မှ ဘယ်အရာကိုမှ အလျင်စလိုမဆုံးပါနဲ့။

(၄) လူချင်းမတွေ့ခင် ရင်းနှီးမှုတည်ဆောက်ပါ

Photo : Vocal Media

အပြင်မှာ In-Person မတွေ့ရခင် တစ်ယောက်နဲ့ တစ်ယောက် ပိုမိုရင်းနှီးမှုရစေဖို့ ဖုန်းပြောတာ ၊ အွန်လိုင်းပေါ်က Video Chatting လုပ်တာတွေ ပြုလုပ်သင့်ပါတယ်။ ဒါမှလည်း တစ်ယောက်ကိုတစ်ယောက် ပိုမိုအကဲခတ်လို့ရနိုင်မှာဖြစ်ပြီး နှစ်ဦးကြားမှာ ပွင့်လင်းမြင်သာမှု ပိုရှိမှာ ဖြစ်ပါတယ်။ မိန်းကလေးပဲ ဖြစ်ဖြစ် ၊ ယောကျာ်းလေးပဲ ဖြစ်ဖြစ် ယုံကြည်စိတ်ချလို့ရလောက်တဲ့ အခြေအနေတစ်ခု မဟုတ်ပဲ အပြင်မှာ In-Person တွေ့ဖို့ကို မဆုံးဖြတ်ဖို့ အကြံပြုချင်ပါတယ်။

Featured Photo : InsideHook