COVID-19 ကပ်ရောဂါဂယက်မှာ အလုပ်ပုံစံ အတော်များများဟာ အိမ်မှာ နေရင်း အလုပ်လုပ်ရတဲ့ Work From Home Style တွေ ဖြစ်လာခဲ့သလို လုပ်ငန်းခွင်ဆိုင်ရာ အစည်းအဝေးတွေလည်း Video Conferencing စနစ်ကို ကျင့်သုံးလာခဲ့ပါတယ်။ Video Call စနစ်တွေဟာ လုပ်ငန်းခွင်မှာ မရှိမဖြစ် အရေးပါလာမှုနဲ့အတူ ဝန်ထမ်းတွေရဲ့ ၉၆% ခန့်ကလည်း Video Conferencing နည်းပညာကြောင့် အဝေးရောက်အဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်မှု ပိုကောင်းလာတယ်လို့ ဆိုပါတယ်။ လူချင်း ဘယ်လောက်ဝေးဝေး အမြဲမပြတ် ချိတ်ဆက်နိုင်စွမ်းရှိတဲ့ Video Call အစည်းအဝေးတွေဟာ လုပ်ငန်းခွင်ဝင်သူတိုင်းအတွက် အဆင်ပြေချောမွေ့စေပေမယ့် ပုံမှန် အစည်းအဝေးတွေလိုပဲ အခြေခံကျင့်ဝတ်တချို့ လိုက်နာဖို့တော့ လိုပါတယ်။ ဒီလို အွန်လိုင်း Meeting ကျင့်ဝတ်တွေထဲကမှ သိသင့်တဲ့ အချက်တချို့ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၁) Video Call ခေါ်နေတုန်း တခြားအလုပ်တွေ မလုပ်ပါနဲ့

Meeting

Photo : Pexels

ပုံမှန် မျက်နှာစုံညီ လူချင်းတွေ့ အစည်းအဝေးတွေလိုပဲ Video Call အစည်းအဝေးတွေ လုပ်ချိန်မှာ ဖုန်းပွတ်နေတာ ၊ ဂိမ်းကစားတာ ၊ မုန့်ထစားနေတာမျိုး မလုပ်ဖို့ လိုပါတယ်။ တခြားသူတွေ အစည်းအဝေးအကြောင်း ပြောဆို ဆွေးနွေးနေချိန်မှာ ကိုယ်ဝင်ပြောရသည် ဖြစ်စေ ၊ မပြောရသည် ဖြစ်စေ စကားဝိုင်းမှာ အာရုံစိုက်ဖို့ ၊ စိတ်ဝင်စားမှုရှိဖို့ အရေးကြီးပါတယ်။

အစည်းအဝေးလုပ်နေချိန်မှာ အနှောက်အယှက်ဖြစ်နိုင်တဲ့ ကိစ္စတွေ ရှင်းထားဖို့ လိုပါတယ်။ ဖုန်းကို အသံပိတ်ထားပါ။ အင်တာနက် ဖွင့်ထားရင်လည်း Noti တွေ ပိတ်ထားပါ။ Video Call ပြောနေချိန်မှာ Screen ပေါ်က ကိုယ့်ကိုယ်ကိုယ် ကြည့်တာ ၊ တခြားသူတွေကို စိုက်ကြည့်နေတာမျိုး မလုပ်ဘဲ စကားပြောချိန်မှာ ကင်မရာကို တိုက်ရိုက်ကြည့်ပြီး ပြောဖို့ လိုပါတယ်။ ကိုယ်ပြောရမယ့် အလှည့်မဟုတ်တဲ့ အချိန်မှာ ပြောသူကို အာရုံစိုက်ဖို့ လိုပါတယ်။ ကင်မရာ အနေအထားလည်း Meeting မစခင်ကတည်းက သေချာ ချိန်ထားရမှာပါ။

(၂) သပ်သပ်ရပ်ရပ် ဝတ်ပါ

Meetup

Photo : Pexels

အိပ်မှာနေရင်း ဖြစ်လို့ ညအိပ်ရာဝင်ဝတ်စုံနဲ့ အလုပ်လုပ်လို့ ရပေမယ့် Video Call Meeting မှာတော့ ပုံမှန် ရုံးသွားရင် ဝတ်ထားသလိုမျိုး ဝတ်ပြီး အစည်းအဝေး တက်ဖို့ လိုပါတယ်။ အဝတ်အစားကို သပ်သပ်ရပ်ရပ် Dress Up ဝတ်တာဟာ ကိုယ့်ရဲ့ Professionalism ကို ဖော်ပြရာ ရောက်သလို ကိုယ့် လုပ်ဖော်ကိုင်ဖက်နဲ့ ကိုယ်နဲ့ စီးပွားရေး လုပ်နေတဲ့ ဖောက်သည်တွေကို လေးစားမှု ပြသရာလည်း ရောက်ပါတယ်။

အဝတ်အစားကို သေသေသပ်သပ် ဝတ်ထားသလို Video Call လုပ်တဲ့ အခန်း ပတ်ပတ်လည်လည်လည်း သန့်သန့်ရှင်းရှင်း သေသေသပ်သပ် ဖြစ်ဖို့ လိုပါတယ်။ ကိုယ့်စားပွဲပေါ်က အခုထိ မဆေးရသေးတဲ့ စားလက်စ ပန်းကန်တွေ ၊ အဝတ်ပုံ နဲ့ အမှိုက်ပုံတွေကို ကင်မရာထဲမှာ မပေါ်စေဖို့လည်း သေချာလေး ဂရုစိုက်ဖို့ လိုပါတယ်။ ပွဲမစခင်ကတည်းက တိတ်ဆိတ်ပြီး သေသပ်တဲ့ အခန်းတစ်ခုထဲမှာ Meeting လုပ်ဖို့ ရွေးထားရမှာပါ။

(၃) စကားမပြောရင် Mic ပိတ်ထားပါ

Virtual Meeting

Photo : Pexels

ဒီအချက်ကလည်း အတော်များများ သိလျက်နဲ့ မေ့နေတတ်တဲ့ Video Call Meeting Etiquettes တွေထဲက တစ်ခု ဖြစ်ပါတယ်။ Video Call အစည်းအဝေးတွေမှာဆိုရင် တချို့တွေက စကားပြောစရာ မရှိဘဲနဲ့ Microphone တွေ ဖွင့်ထားမိတတ်ပါတယ်။ Mic ဖွင့်ထားမိတာကြောင့် လေတိုက်သံ ၊ စာရိုက်သံ ကနေ ဘေးပတ်ဝန်းကျင်က အသံဗလံတွေပါ Mic ထဲ ဝင်ပြီး Video Call ခေါ်ဆိုမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီလိုမျိုး Mic ဖွင့်ထားတာဟာ အစည်းအဝေးအတွက် အနှောင့်အယှက် ဖြစ်စေသလို အစည်းအဝေးမှာ Presentation လုပ်နေသူကိုလည်း မလေးစားရာရောက်စေပါတယ်။ ပြောစရာ စကားရှိလာတဲ့အခါ ၊ ဒါမှမဟုတ်လည်း မေးစရာ မေးခွန်းတွေ ရှိလာတဲ့အခါမှသာ Mic ဖွင့်ပြီး စကားပြောသင့်ပါတယ်။

အခုပြောခဲ့တဲ့ အချက်တွေအပြင် နောက်ထပ် သိသင့်တာတစ်ခုက Video Call Meeting သုံး ပလက်ဖောင်းတွေ ၊ Apps တွေနဲ့ ကြိုပြီး ရင်းနှီးကျွမ်းဝင်အောင် လုပ်ထားဖို့ပါပဲ။ နည်းပညာပိုင်းအရ အခက်အခဲ ရှိနိုင်တဲ့ ပလက်ဖောင်းသစ်တစ်ခုခု သုံးရပြီဆိုရင် သူငယ်ချင်းတစ်ယောက်နဲ့ ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ဖြစ်ဖြစ် အရင်ဆုံး နမူနာ Video Conferencing အစည်းအဝေးတစ်ခု စမ်းပြိး လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒါမှသာ ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတတ်သလဲ ၊ ဘယ်လို ဖြေရှင်းရမလဲဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : maketecheasier