eSports ဟာ ကမ္ဘာတလွှားမှာ အကြီးအကျယ် ပေါ်ပြူလာဖြစ်လာနေပြီး eSports ပြိုင်ပွဲ တွေဟာလည်း ဒေါ်လာ သန်းပေါင်းများစွာ ဆုကြေးပေးတဲ့အထိ အောင်မြင်နေကြပါတယ်။ နာမည်ကြီး eSports ပြိုင်ပွဲတွေမှာ အနိုင်ရတဲ့ ဂိမ်မာတွေဟာလည်း အကြီးအကျယ် ဝင်ငွေရပြီး ထင်ပေါ်ကျော်ကြားလာနေပါတယ်။ Gamers တွေအတွက် အပြင် eSports Industry အတွက်ပါ အရေးပါတဲ့ ဂိမ်းပြိုင်ပွဲကြီးတွေကို ဒီနှစ်ထဲမှာ ကျင်းပဖို့ လျာထားကြပါတယ်။ ကိုဗစ်ကပ်ရောဂါ တားဆီးရေးအတွက် စည်းကမ်းချက်တွေကြောင့်အပြင် တခြား အခြေအနေအရပ်ရပ်ကြောင့် ဒီနှစ်ထဲမှာ ကျင်းပမယ့် eSports ပွဲတွေအကြောင်း အသေးစိတ် သိရခြင်းတော့ မရှိသေးပါဘူး။ လောလောဆယ် တရားဝင်ပြိုင်ပွဲရက်တွေအကြောင်း ထွက်မလာသေးပေမယ့် ၂၀၂၂ ခုနှစ်အတွင်းမှာ ကျင်းပဖြစ်ဖို့ ရှိတဲ့ နာမည်ကြီး eSport ပြိုင်ပွဲကြီးတွေထဲက တချို့အကြောင်းကို မျှဝေပေးချင်ပါတယ်။
(၁) 2022 FIFAe World Cup
ကျင်းပမယ့်ရက် အတည်ပြုဖို့ လိုသေးတဲ့ eSport ပြိုင်ပွဲ ကြီးတစ်ခုက FIFAe World Cup ဖြစ်ပါတယ်။ FIFA နဲ့ EA တို့ကနေ ကျင်းပပြုလုပ်တဲ့ အွန်လိုင်းဂိမ်းပြိုင်ပွဲကြီး ဖြစ်ပြီး ကမ္ဘာအနှံ့မှာ ကျင်းပသွားမှာပါ။ ၂၀၂၂ ခုနှစ်မှာ Regions ၁၀ ခု ခွဲပြီး အွန်လိုင်းလက်ရည်စစ်ပြိုင်ပွဲကနေ ကမ္ဘာ့အကောင်းဆုံးကလပ်နဲ့ အဖွဲ့အစည်းတွေကို FIFAe Club World Cup တက်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။
(၂) 2022 VCT Challengers Champions Tour – Challengers
2022 VCT Challengers Champions Tour (VCT) ပြိုင်ပွဲကလည်း နိုင်ငံစုံ ပြိုင်ပွဲဖြစ်ပြီး Challengers 1 Tournament ကို ဖေဖော်ဝါရီကနေ မတ်လအတွင်း ကျင်းပထားပါတယ်။ Challengers အဆင့်မှာ ဒေသအလိုက် ပြိုင်ပွဲကနေ အကောင်းဆုံး ဂိမ်မာတွေ ရွေးထုတ်မှာ ဖြစ်ပြီး Challengers မှာ အနိုင်ရသူတွေဟာ Masters ပြိုင်ပွဲကို ဝင်ရမှာပါ။
2022 VCT Challengers Champions Tour မှာ Challengers ၊ Masters နဲ့ Champions ဆိုပြီး သုံးဆင့်ဖြတ်ကျော်ရမှာပါ။ အာရှ ၊ ဥရောပ ၊ မြောက်အမေရိက နဲ့ တောင်အမေရိက တလွှားက အတော်ဆုံးဂိမ်မာတွေ တွေ့ရမယ့် ပြိုင်ပွဲဖြစ်ပြီး ဖေဖော်ဝါရီကနေ ဒီဇင်ဘာလအထိ တစ်နှစ်နီးပါး ကြာမယ့် ပြိုင်ပွဲ ဖြစ်ပါတယ်။
(၃) RLCS: Rocket League World Championships
Rocket League ESports ရဲ့ RLCS: Rocket League World Championships နာမည်နဲ့ 2021 – 2022 Season ကတော့ စတင်နေပြီ ဖြစ်ပါတယ်။ ဇူလိုင်လထဲမှာ World Championships ရွေးချယ်သွားမှာ ဖြစ်ပြီး ပြိုင်ပွဲကို အွန်လိုင်းကနေပဲ ကျင်းပသွားမှာပါ။ ဆုကြေးစုစုပေါင်း ၆ သန်းအထိပေးသွားမှာ ဖြစ်ပြီး ပြိုင်ပွဲကို Fall ၊ Winter နဲ့ Spring ဆိုပြီး ရာသီစုံ ပွဲတွေအဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒေသတွင်းပြိုင်ပွဲ တွေကနေ နိုင်ငံတကာ မေဂျာလိဂ်ကို တက်လှမ်းမယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာ RLCS: Rocket League World Championships ကို ပထမဆုံးအကြိမ်အဖြစ် World Championship Wildcard နဲ့ World Championship Main Event ဆိုပြီး အဓိက Stage နှစ်ခု ခွဲသွားမှာပါ။
(၄) 2022 Apex Legends Global Series (ALGS) Championship
တောင်အမေရိကမှာ ကျင်းပသွားမယ့် 2022 Apex Legends Global Series (ALGS) Championship eSports ပြိုင်ပွဲကြီးကလည်း ဒီနှစ်ရဲ့ အကြီးဆုံး eSport ပြိုင်ပွဲကြီးတွေထဲက တစ်ခု ဖြစ်လာမှာပါ။ 2022 Apex Legends Global Series (ALGS) Championship ကို ဒီနှစ် ဇူလိုင်လထဲမှာ ကျင်းပသွားမှာ ဖြစ်ပြီး ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ ၅ သန်းအထိ ပေးဖို့ စီစဉ်ထားပါတယ်။
၂၀၂၁ 2022 Apex Legends Global Series (ALGS) Championship ဖိတ်ခေါ်ပြိုင်ပွဲထဲက ကမ္ဘာတလွှား အတော်ဆုံး Apex Legends အသင်းပေါင်း ၂၀၀ ပါဝင်မှာ ဖြစ်ပြီး ဒီနှစ်အတွက် Qualifiers နဲ့ Challengers အဆင့်တွေကို ကျော်ဖြတ်ပြီးမှ Split Playoffs ၊ Pro League Splits နဲ့ Championship Rounds ဆီ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
(၅) League of Legends World Championship 2022
League of Legends World Championship 2022 ကို Mexico City ၊ New York City ၊ Toronto နဲ့ San Francisco တို့အပြင် အွန်လိုင်းပြိုင်ပွဲတွေအနေနဲ့ပါ ကျင်းပသွားဖို့ လျာထားပါတယ်။ ၂၀၂၂ ဒီဇင်ဘာနှစ်ကုန်ပိုင်းမှာ ကျင်းပသွားမှာ ဖြစ်ပြီး တစ်နှစ်တာ League Of Legends ရဲ့ အကြီးကျယ်ဆုံး ဂိမ်း ပြိုင်ပွဲ ဖြစ်လို့ League of Legends World Championship လို့ နာမည်ပေးထားတာပါ။ ၂၀၂၂ ခုနှစ် ထဲမှာ Mexico City ၊ New York City ၊ Toronto နဲ့ San Francisco မြို့ကြီးတွေမှာ ၁၂ ကျော့မြောက် ပြိုင်ပွဲတွေအဖြစ် ရောက်လာမှာ ဖြစ်ပြီး World Champion Title အတွက် ဒေသအသီးသီးက ၁၂ သင်း နဲ့ ပြိုင်သွားမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် League of Legends World Championship ပြိုင်ပွဲမှာ ဆုကြေး ဒေါ်လာ ၂.၁၈ သန်း ပေးခဲ့ပါတယ်။
Featured Photo : britishesports