၂၀၂၄ တစ်နှစ်တာလုံးကို ရောဂါဘယ ကင်းကင်းနဲ့ ကျန်းမာ ပျော်ရွှင် စွာ ဖြတ်သန်းချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့က အပျင်းတစ်နေလို့ မရတော့ပါဘူး။ ဝီရိယ ရှိရှိနဲ့ ကျန်းမာရေး လိုက်စားဖို့ လိုအပ်ပါလိမ့်မယ်။

နေ့ရက်တိုင်းမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို စားသုံးပြီး အိပ်ရေး ဝဝ အိပ်စက် အနားယူမယ်။ ပြီးတော့ အခုဖော်ပြပေးမယ့် အချက်များထဲက ကွီးတို့ ကြိုက်နှစ်သက်ရာ တစ်ခုခုကို ရွေးချယ်ကာ ပြုလုပ်ပေးမယ်ဆိုရင်တော့ဖြင့် ၂၀၂၄ တစ်နှစ်တာလုံးကို ကျန်းမာ ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။

(၁) လမ်းလျှောက်ခြင်း

လမ်းလျှောက်ခြင်း

လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းက ရိုးရှင်း လွယ်ကူပေမယ့် အထင်မသေးလိုက်ပါနဲ့။ ထိရောက်မှု အရှိဆုံး လေ့ကျင့်ခန်းများထဲက တစ်ခုအပါအဝင်ပါပဲ။ သူက ကွီးတို့ ခန္ဓာကိုယ်ကို ကျန်းမာ သန်စွမ်းအောင် ပြုလုပ်ပေးတဲ့အပြင် ကိုလက်စတော Level ကိုလည်း ထိန်းညှိပေးပါတယ်။ အရိုးအဆစ်များကို သန်မာစေပြီး သွေးဖိအားကိုလည်း ထိန်းညှိပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ကွီးတို့ကို တစ်နေ့တာလုံး စိတ်ခံစားချက်များ ကောင်းမွန်နေစေပါသေးတယ်။ လေ့လာချက်များအရ ပုံမှန် လမ်းလျှောက်တဲ့သူတွေက မှတ်ဥာဏ်စွမ်းအား တိုးစေပြီး အသက်အရွယ်ကြောင့် မှတ်ဥာဏ် ချို့ယွင်းသွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

(၂) Strength Training လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း

Strength Training

ကွီးတို့ ကြွက်သားတွေကို အသုံး မပြုရင် ကွီးတို့ ကြွက်သားတွေက တဖြည်းဖြည်းနဲ့ သန်စွမ်းမှုတွေ လျော့ကျသွားပါလိမ့်မယ်။ Strength Training လေ့ကျင့်ခန်းများကတော့ ကွီးတို့ရဲ့ ကြွက်သားများကို သန်မာလာအောင် ကူညီပေးပြီး ကျန်းမာနေစေမှာပဲဖြစ်ပါတယ်။ ကွီးတို့ Strength Training လေ့ကျင့်ခန်းများ ပြုလုပ်မယ်ဆိုရင် အရင်ဦးဆုံး ပေါ့ပါးတဲ့ အလေးတုံးကနေ စလုပ်ပါ။ ပြီးတော့မှ ရက်အနည်းငယ်စီ ကြာသွားမှသာလျှင် အလေးတုံးတွေကို တဖြည်းဖြည်းချင်းစီ တိုးသွားပေးရပါမယ်။

(၃) Kegel လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း

၂၀၂၄ ကျန်းမာ

Kegel လေ့ကျင့်ခန်းများကတော့ Strength Training လေ့ကျင့်ခန်းများလောက် ကွီးတို့ ကြွက်သားများကို လှပလာအောင် ထုဆစ်ပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကွီးတို့ရဲ့ တင်ပါးဆုံရိုးများကို သန်မာလာစေပြီး ကွီးတို့ညီလေးရဲ့ စွမ်းဆောင်ရည်ကိုလည်း မြင့်မားလာစေပါတယ်။ Kegel လေ့ကျင့်ခန်းများကို တစ်ရက်လျှင် မိနစ် ၃၀ ခန့် အနည်းဆုံး ပြုလုပ်ပေးရုံနဲ့တင် ကွီးတို့ရဲ့ ကျန်းမာရေးက ကောင်းမွန်လာမှာပဲဖြစ်ပါတယ်။

(၄) ရေကူးခြင်း

၂၀၂၄ ကျန်းမာ

အရိုး အားနည်းသူများအတွက် ရေကူးခြင်းက ကွီးတို့ရဲ့ အရိုးအဆစ်များကို သန်မာလာစေပါတယ်။ လေးဘက်နာနဲ့ အဆစ်အမြစ် ရောင်ရမ်းတတ်သူများအနေနဲ့ တစ်နေ့လျှင် မိနစ် ၃၀ ခန့် ရေကူးသင့်ပါတယ်။ လေ့လာချက်အရ ပုံမှန် ရေကူးပေးခြင်းသည် ကွီးတို့ရဲ့ စိတ်ကျန်းမာရေးကို ကောင်းမွန်စေရုံသာမကဘဲ ကယ်လိုရီများကိုလည်း လောင်ကျွမ်းပေးတာကြောင့် အဝလွန်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

(၅) စက်ဘီးစီးခြင်း

၂၀၂၄ ကျန်းမာ

စက်ဘီးစီးခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေကလည်း မနည်းမနောပါပဲ။ စက်ဘီးနင်းတဲ့ ခြေထောက်ကြွက်သားတွေကနေတဆင့် ကွီးတို့ရဲ့ နှလုံးက သွေးလှည့်ပတ်မှု ကောင်းလာအောင် ကူညီပေးပြီး နှလုံးရောဂါ ဖြစ်ပွားခြင်းမှလည်း ကူညီပေးပါတယ်။ ခြေသလုံး ကြွက်သားများကိုလည်း သန်မာလာစေပြီး ကွီးတို့ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ယေဘုယျ ကျန်းမာရေးကိုလည်း ကောင်းမွန်လာစေပါတယ်။

ကွီးတို့ရော ဒီနှစ် ၂၀၂၄ ထဲမှာ ကျန်းမာ ပျော်ရွှင်ရတဲ့ လူသားတစ်ယောက်ဖြစ်ဖို့ ဘာတွေ လုပ်ဆောင်နေပါသလဲ။

Source: Health.harvard.edu

Featured Image: Steelsupplements