ပြီးခဲ့တဲ့ ဘောလုံးရာသီက ဖရန့်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ရင်းကနေ ဘယ်လိုမှ အဆင်မပြေနိုင်တော့လို့ နောက်ဆုံး ရာဘီယော့ကို ပစ်မှတ်ထားရင်းကနေ ကက်စီမဲရိုးလို ကစားသမားမျိုးကို ရုတ်တရက် ခေါ်ယူခဲ့တာက တကယ်ကို အလုပ်ဖြစ်ခဲ့ပါတယ်။ ရီးယဲလ်မှာ အကောင်းဆုံး အသုံးတော်ခံခဲ့တဲ့ ကက်စီက မန်ယူကို ရောက်လာချိန်မှာလည်း သူရဲ့ class တစ်ခုကို ဆက်လက် ပြသရင်းနဲ့ အသင်းအပေါ် ဘယ်လောက်အထိ ချစ်ခင်ကြောင်းကိုပါ ပြသနိုင်ခဲ့ပါသေးတယ်။

casemiro

Photo Credit : The Independent

ဒါပေမယ့် ဒီရာသီမှာတော့ ကက်စီက သူရဲ့ မူလနေရာထက် ဂိုးတွေ သွင်းယူရတာကို ပိုအာသိတ ဖြစ်လာပုံရတယ်။ ကွင်းလယ်ခံစစ်သမားက ဂိုးသွင်းမယ့် အလုပ်တွေကို အာရုံရောက်နေချိန် သူနဲ့ တွဲကစားတဲ့ အမ်မရာဘတ်ကလည်း မော်ရိုကိုမှာလို ဖီအိုရင်တီးနားမှာလို ခြေစွမ်းမျိုး မရသေးလို့ မန်ယူရဲ့ DM နေရာကြီးက အဆင်မပြေ ဖြစ်လာခဲ့ရပါတယ်။ နောက်ပြီး ကက်ဆီက ဒီရာသီမှာ ခြေလည်းကျလာသလို အသက်အရွယ်လည်း ရလာပါပြီ။ ဒဏ်ရာလည်း မကြာခဏ ရလာတာမို့ မန်ယူဖန်တွေ ကိုယ်တိုင်ပါ ကက်စီကို လိုချင်နေတဲ့ ဆော်ဒီကလပ်တွေဆီ ရောင်းချလိုက်သင့်ပြီလို့ တောင်းဆိုလာခဲ့ပါတယ်။

neves

Photo Credit : Fabrizio Romano

ဒါပေမယ့် ခက်တာက ဒီဈေးကွက်ထဲ အငှားနဲ့ ခေါ်ထားတဲ့ အမ်မရာဘတ်က ခုထိ ခြေမှန်မရသေးသလို ခြေစမ်းပွဲ ကာလတုန်းက ခြေစွမ်းပြခဲ့တဲ့ မိုင်နူးကလည်း ဒဏ်ရာရပြီးနောက်ပိုင်း အသင်းမှာ နေရာမရတော့ပဲ ဖြစ်နေပါတယ်။ ဒါကြောင့် မန်ယူက ကက်စီနေရာမှာ ရေရှည် အစားထိုးနိုင်ဖို့ ကစားသမားတစ်ဦးကို စတင် ရှာဖွေလာခဲ့ပါတော့တယ်။ လက်ရှိ မန်ယူ ရေဒါထဲ ရောက်နေတဲ့ DM ကစားသမားလေးကတော့ ဂျာအို နေးဗက်စ်ပါ။

joao neves man utd

Photo Credit : The Sun

ဒီကစားသမားလေးက အသက် (၁၉)နှစ်သာ ရှိပါသေးတယ်။ ဒါပေမယ့် အသက်နဲ့ မလိုက်အောင် ဘင်ဖီကာမှာ အဓိက ကစားသမားအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို ဥရောပထိပ်သီး ကလပ်အသင်းတိုင်းရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိနေသူ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မန်ယူကင်းထောက်တွေက ဘင်ဖီကာ နဲ့ စပို့တင်းပွဲကို သွားကြည့်ရင်း နေးဗက်စ် ခြေစွမ်းခြေစတွေကို လေ့လာခဲ့သလို ကိုယ်တော်ချောလေးကလည်း အဲ့ဒီပွဲမှာပဲ အဖိုးတန် ချေပဂိုးတစ်ဂိုးကို သွင်းယူရင်း တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားပါ ဖြစ်ခဲ့ပါသေးတယ်။