ကင်ဆာရောဂါဆိုတာ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်အချို့ ထိန်းမနိုင်သိမ်းမရ ပွားများလာပြီး ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသော ရောဂါဖြစ်ပါတယ်။ ဆဲလ်ပေါင်း ထရီလျံ ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ လူ့ခန္ဓာကိုယ်ရဲ့ နေရာတိုင်းနီးပါးမှာ ကင်ဆာ ဖြစ်ပွားနိုင်ပါတယ်။ ကင်ဆာက ဆဲလ်မှာရှိတဲ့ မျိုးဗီဇ (DNA) ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ပြောင်းလဲမှုက ဆဲလ်ရဲ့ ပုံမှန်လုပ်ဆောင်မှုကနေ လွဲချော်သွားစေပါတယ်။ မျိုးဗီဇပြာင်းလဲမှုက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ မျိုးဗီဇပြောင်းလဲမှု အကြောင်းတွေကို သိထားမယ်ဆိုရင် ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မဲ့ နည်းလမ်းကောင်း တွေကို ရရှိနိုင်ပါတယ်။

ပုံမှန်ဆဲလ်များကြီးထွားလာချိန်မှာ မျိုးဗီဇပြောင်းလဲမှုများ မကြာခဏဖြစ်ပေါ်တတ်ပါတယ်။ သို့သော် ဆဲလ်များတွင် အမှားတစ်ခု ဖြစ်ပေါ်လာသည့်အခါ အမှားကို ပြုပြင်ပေးသည့် သဘာဝဖြစ်စဉ် ယန္တရားတစ်ခု ပါရှိပါတယ်။ တခါတရံမှာ သဘာဝဖြစ်စဉ်ကနေ လွတ်သွားတာလည်း ရှိနိုင်ပါတယ်။ ဒါက ဆဲလ်တွေကို ကင်ဆာဖြစ်စေနိုင်တယ်။

ကင်ဆာရောဂါ နည်းလမ်းကောင်း

Photo : New York Post

ကွီးတို့အနေနဲ့ ကင်ဆာကာကွယ်ဖို့ စိတ်ပူနေသလား။ ကျန်းမာရေးနှင့်အညီ စားသောက်ခြင်းနဲ့ နေထိုင်မှု၊ ပုံမှန်စစ်ဆေးမှုခံယူခြင်း စသည့်အလုပ်တွေက ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မဲ့ နည်းလမ်းကောင်း တွေဘဲ ဖြစ်ပါတယ်။

သို့သော်လည်း ကင်ဆာရောဂါဖြစ်ပွားတဲ့ အကြောင်းတွေက မကြာခဏပြောင်းလဲလျက်ရှိတယ် ဆိုတာ လက်ခံရပါမယ်။ ကွီးရဲ့ လူနေမှုပုံစံရွေးချယ်မှုများဟာ ကင်ဆာဖြစ်ပွားနိုင်ခြေနဲ့ ဆက်စပ်မှု ရှိကြောင်း သုတေသနတွေက ဖော်ပြနေပါတယ်။

(၁) ဆေးလိပ် မသောက်ပါနဲ့

ကင်ဆာရောဂါ နည်းလမ်းကောင်း

Photo : Medison Medical Associates

ကွီးတို့ရေ ဘယ်လို ဆေးရွက်ကြီးအမျိုးအစားမဆို ကင်ဆာရောဂါ ဖြစ်စေနိုင်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အချို့လူတွေက ဆေးလိပ်သောက်နေတုန်းပါဘဲ။ လူငယ်အများစုမှာ တွေ့နေရပါတယ်။ ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာ ၊ ခံတွင်း၊ လည်ချောင်း၊ အသံအိုး၊ စတဲ့ ကင်ဆာအမျိုးအစား အမျိုးမျိုးနဲ့ ဆက်စပ်နေပါတယ်။

ဆေးလိပ်ကို မသုံးဘူးဆိုရင်တောင်မှ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ထိတွေ့မိခြင်းက အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ကို ရှောင်ကြဉ်ခြင်း သို့မဟုတ် ဖြတ်ခြင်းဟာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မဲ့ နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။

(၂) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားပါ

ကင်ဆာရောဂါ နည်းလမ်းကောင်း

Photo : Men’s Health

ကွီးတို့အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအသောက် ဟာ အရေးကြီးတယ်ဆိုတာ သိပြီး ဖြစ်ပါတယ်။ အချို့အစားသောက်တွေဟာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ အန္တရာယ်ကို တိုးစေတယ်ဆိုတာ ထပ်ပြီး သိထားရင် ရွေးချယ်စားသောက်မှုပုံစံကို ကောင်းကောင်း လုပ်နိုင်မှာပါ။ ဒါကလည်း ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မဲ့ နည်းလမ်းကောင်း တစ်ခုပါဘဲ။

တာရှည်ခံအောင် လုပ်ထားတဲ့ အသားတွေ၊ အမဲသား ဝက်သားလို အနီရောင်အသားတွေ၊ အရက်တွေ၊ ငါးဆားနယ်တွေ၊ သကြားများတဲ့ အချိုရည်တွေ၊ အသင့်စားအစာတွေက ကင်ဆာရောဂါကို ဖြစ်စေနိုင်တယ်လို့ ကမ္ဘာ ကင်ဆာသုတေသနအဖွဲ့က ပြောထားပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ၊ ခရမ်းချဉ်သီး ၊ ကြက်သွန်ဖြူ ကြက်သွန်နီ၊ အချဉ်ဓါတ်ရှိတဲ့ ရှောက် သံပုရာသီးလို သစ်သီးတွေ၊ မုန်လာဥနီ နဲ့ ကောက်နှံတွေ၊ သံလွင်ဆီ ငါး စတဲ့ အစားအစာတွေက ကင်ဆာ ဖြစ်နိုင်ခြေကို လျော့စေတဲ့အတွက် ကွီးတို့ရဲ့ နေ့စဉ် အစားအသောက်တွေထဲမှာ များများပါအောင် ရွေးချယ်စားသောက်ဖို့ လိုအပ်ါတယ်။

(၃) ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပါ

Cencer

Photo : Men’s Journal

ကွီးရဲ့ အသက်အရွယ် အရပ်အမြင့် ကိုလိုက်ပြီး ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်း ထားခြင်းက ဆီးကျိတ်ကင်ဆာ၊ အဆုတ်၊ အူမကြီးနှင့် ကျောက်ကပ်အပါအဝင် ကင်ဆာအမျိုးအစား အမျိုးမျိုး ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက ကိုယ်အလေးချိန်ထိန်းဖို့ ကူညီ ပေးတဲ့အပြင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ကွီးအနေနဲ့ တန်ကြီးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများအတွက် တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀) သို့မဟုတ် နေ့စဉ်ပုံမှန် အနည်းဆုံး မိနစ်(၃၀) ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်တဲ့ နည်းလမ်းကောင်း က ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျော့ချနိုင်ပါတယ်။

(၄) နေရောင်ခြည်ဒဏ်မှကာကွယ်ပါ

Cancer

Photo : The Sleep Doctor

နေရောင်ချည်ထဲမှာ ပါတဲ့ ခရမ်းလွန်ရောင်ချည်နဲ့ ကြာရှည်ထိတွေ့မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်တယ်ဆိုတာ ကွီးတို့ ကြားဖူး ဖတ်ဖူးကြပါလိမ့်မယ်။ အရေပြားကင်ဆာဟာ အဖြစ်များတဲ့ ကင်ဆာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြိုတင်ကာကွယ်လို့ ရပါတယ်။ အရိပ်ထဲမှာနေပါ။ တတ်နိုင်သမျှ အရိပ်ထဲမှာနေပါ။ အပြင်ထွက်တဲ့အခါ နေကာမျက်မှန်နှင့် ကျယ်ဝန်းသော ဦးထုပ် ဆောင်းပါ။ ကိုယ်ခန္ဓာကို နေရောင်မှ ကာကွယ်ဖို့ လုံလုံခြုံခြုံ ဝတ်ဆင်ပါ။ အထူးသဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေ့လည် နေရောင်ကို ရှောင်ပါ။ ဒါက အရေပြား ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်မဲ့ နည်းလမ်းကောင်းပါ။

(၅) ကာကွယ်ဆေးထိုးပါ

Cancer

Photo : Medical News Today

အချို့သာ ကင်ဆာရောဂါတွေဟာ ဗိုင်းရပ်ပိုးကူးစက်ခံရခြင်းကနေ ဖြစ်လာပါတယ်။ အသည်း ရောင်အသားဝါ ဘီ ပိုး၊ လူပါပီလိုးမားဗိုင်းရပ်၊ ခုခံအားကျဗိုင်းရပ် အမျိုးအစား(၁) တို့လို ဗိုင်းရပ် ပိုးတွေ က ကင်ဆာရောဂါကို ဖြစ်စေပါတယ်။ ဗိုးရပ်ပိုးကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါကို ကာကွယ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကောင်း ကတော့ ကာကွယ်ဆေးထိုးခြင်း ဖြစ်ပါတယ်။

ကွီးတို့ရေ လူတွေအလွန်ကြောက်တဲ့ ကင်ဆာရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မဲ့ နည်းလမ်းကောင်း တွေထဲမှာ ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်းလည်းပါဝင်ပါတယ်။ ကွီးတို့လည်း ကင်ဆာရောဂါ ဖြစ်နိုင်ခြေတွေကို လျော့ချနိုင်မဲ့ နည်းလမ်းကောင်း များအတိုင်း နေထိုင်စားသောက် ခြင်းဖြင့် ရောဂါမှ ကင်းဝေးနိုင်ကြပါစေ။

Source : MAYO Clinic

Featured Photo : UEX