ကွီးတို့ရေ လူတွေရဲ့နေ့စဉ်နေထိုင်စားသောက်မှုပုံစံပြောင်းလာတာ၊ ရာသီဥတုပြောင်းလဲတာ၊ စက်မှု ထွန်းကားလာတာ စတဲ့ အခြေအနေကနေ ကျန်းမာရေးဆိုင်ရာလွှမ်းခြုံမှု အပြည့်အဝမရတဲ့ အခြေအနေ တွေက ကင်ဆာရောဂါ ပိုဖြစ်စေပြီး ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နှလုံးရောဂါနောက် သေဆုံးမှု ဒုတိယမြောက် အကြောင်းရင်းအဖြစ် ရှိနေပါတယ်။ Global Cancer Observatory ရဲ့ စာရင်းဇယား များအရ ကမ္ဘာတစ်ဝှမ်းရှိ ကင်ဆာအချက်အလက်များကို စုဆောင်းပြီး၂၀၂၀ ခုနှစ်တွင် လူ ၁၉.၃ သန်း သည် ကင်ဆာရောဂါရှာဖွေတွေ့ရှိခဲ့ပြီး လူနာ ၁၀ သန်းမှာ ကင်ဆာကြောင့်သေဆုံးပါတယ်။ ကိန်းဂဏန်း တွေက ၂၀၄၀ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားပါတယ်။

Photo : News 18
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်သည့် အချက်အလက်များအရ ကင်ဆာရောဂါသည် ၄၀ ရာခိုင်နှုန်းက နောက်ကျသည့်အဆင့် ရောက်မှ ရောဂါရှာဖွေတွေ့ကြပါတယ်။ ဖြစ်နိုင်ချေ အကြောင်းရင်းတွေထဲမှာ ကုသမှုခံယူရန် ငွေကြေး နဲ့ ကျန်းမာရေးဆိုင်ရာအကူအညီရဖို့ ခက်ခဲတာ၊ ကျန်းမာရေးအသိနည်းတာ တွေကြောင့် ဖြစ်ပါတယ်။ သို့သော်လည်း အချို့သော အလေ့အကျင့်ဆိုးတွေက ကင်ဆာရောဂါ ဖြစ်စေတဲ့ အကြောင်းတွေ ဖြစ်နေ ကြောင်း ရောဂါဗေဒပညာရှင်များက ထောက်ပြကြပါတယ်။ ကင်ဆာရောဂါ ဖြစ်နိုင်တဲ့ မကောင်းတဲ့ အလေ့အကျင့်ဆိုးတွေ အများကြီး ထဲက ကွီးတို့သတိမမူမိတဲ့ အချက်များကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
(၁) ညနက်သည်အထိ မအိပ်ဘဲ နေခြင်း

Photo : Mobiles.co.uk
အချို့သော အကျင့်ဆိုးတွေက ကွီးတို့ရဲ့ အိပ်စက်အနားယူခြင်းကို ထိခိုက်မှု ဖြစ်စေပါတယ်။ တီဗီရှေ့မှာ အိပ်တာ၊ ညနက်တဲ့အထိ ဖုန်း အသုံးပြုပြီး မအိပ်တာလို အကျင့်ဆိုးတွေက အိပ်စက်မှုပုံစံကို ထိခိုက်စေတဲ့ အကျင့်ဆိုးတွေ ဖြစ်ပြီး ကင်ဆာဖြစ်နိုင်ခြေကို တိုးစေပါတယ်။ Melatonin ခေါ်တဲ့ ဟော်မုန်းဓါတ်က “Circadian Rhythm” လို့ခေါ်တဲ့ ကွီးတို့ခန္ဓာကိုယ်ရဲ့ အိပ်စက်ခြင်း စက်ဝန်းနှင့် ဇီဝနာရီကို ထိန်းညှိပေး ပါတယ်။ အထက်ကပြောခဲ့တဲ့ အိပ်စက်မှု အကျင့်ဆိုးကြောင့် ဦးနှောက်ရဲ့ အလယ်တွင်ရှိသော သေးငယ်သောအ င်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Epiphysis က Melatonin ကို ကောင်းစွာ မထုတ်နိုင်သောကြောင့် ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ အိပ်စက်ခြင်းနဲ့ ပတ်သတ်တဲ့ အကျင့်ဆိုးတွေက ကင်ဆာရောဂါ ကို ဖြစ်ပွားစေနိုင်တဲ့ အလေ့အကျင့်ဆိုးတွေ ထဲကတစ်ခု ဖြစ်တာကြောင့် သေချာသတိပြုဆင်ခြင်သင့်ပါတယ်။
(၂) အထိုင်များသော လူနေမှုပုံစံနဲ့ စားသောက်မှုပုံစံ

Photo : Times of India
ယနေ့ကာလမှာ လူအများစုဟာ နေ့စဉ်ဘဝမှာ အထိုင်များသော လူနေမှုပုံစံနှင့် လှုပ်ရှားနေကြပါတယ်။ ဒါအပြင် အသင့်စားအစာ၊ ပြည့်ဝဆီအက်ဆစ်နှင့် အနီရောင်အသားတွေဖြစ်တဲ့ ဝက်၊ အမဲသားကို အလွန်အကျွံ စားသုံးခြင်းကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ၄၅ ရာခိုင်နှုန်း တိုးစေပါတယ်။ ဒီလို စားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံကြောင့် အဝလွန်တာ ဖြစ်လာပါတယ်။ အဝလွန်တာက ပန်ကရိယနဲ့ အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ (၃၀) ရာခိုင်နှုန်း တိုးစေပါတယ်။
(၃) အသားကင်များ မကြာခဏစားခြင်း

Photo : Daily Mail
အကင်စာများမှာ Pyro lysate နှင့် ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေသော အမိုင်နိုအက်ဆစ်များ ပါဝင်ပါတယ်။ ဆေးဘက်ဆိုင်ရာ ပါရဂူများအဆိုအရ ဒီဒြပ်ပေါင်းတွေက အထူးသဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာများ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒီအချက်ဟာလည်း ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေများတဲ့ အလေ့အကျင့်ဆိုးတွေ ထဲကတစ်ခုပါပဲ။
(၄) နေရောင်ကာခရင်မ်မပါဘဲ ကြာရှည်စွာ နေရောင်ခံခြင်း

Photo : Water’s Edge Dermatology
နေရောင်ကာခရင်မ်မပါဘဲ ကြာရှည်စွာနေရောင်ခံခြင်းကြောင့် နေရောင်ထဲမှာပါတဲ့ အန္တရာယ်ရှိ ခရမ်းလွန်ရောင်ခြည်က DNA ကို ဖြိုခွဲစေပြီး အရေပြားအောက်ပိုင်း (အရေပြားအလွှာ) တွင်ရှိသော ဆဲလ်များကို ထိန်းချုပ်မှုကင်းမဲ့စေပြီး မယ်လာနိုမားနဲ့ အခြားအရေပြားကင်ဆာ ဖြစ်အောင် လမ်းခင်းပေးပါတယ်။ လေ့လာမှုတွေအရ အသက်(၂၅)နှစ်မတိုင်မီ ပြင်းထန်စွာနေလောင်ခြင်းဒါဏ်(၆) ကြိမ် သို့မဟုတ် ထို့ထက်ပိုခံရရင် melanoma ဖြစ်နိုင်ခြေ (၂.၇)ဆနဲ့ အခြားအရေပြားကင်ဆာများ (၁.၇ – ၂)ဆ တိုးလာကြောင်းတွေ့ရှိရပါတယ်။ ခရမ်းလွန်ရောင်ခြည်သုံးဆိုလာရီယံစက်များဖြင့်် အရေပြား အရောင်တင်ခြင်းက အရေပြားကင်ဆာဖြစ်နိုင်ခြေကို (၆)ဆ တိုးစေပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကို ရှောင်ရှားရန် လိုအပ်ပြီး နံနက် 10:00 မှ 16:00 နာရီအတွင်း အိမ်တွင်နေရန် လိုအပ်ပါတယ်။ သို့မဟုတ် လုံခြုံအောင် အကာအကွယ်တွေ ဝတ်ဆင်သင့်ပါတယ်။ နေရောင်ခံခရင်မ်ကို အသုံးပြုပါ။
အချိုရည်များ အလွန်အကျွံ သောက်သုံးခြင်း

Photo : New York Daily News
လေ့လာမှုများအရ အချို့သော သွေးနှင့်ဆိုင်သော ကင်ဆာရောဂါတွေက Aspartame လို သကြားတု အချိုပစ္စည်း အမြောက်အများပါတဲ့ အချိုရည်များကို အလွန်အကျွံ သောက်သုံးခြင်းနဲ့ ဆက်စပ်နေ ပါတယ်။ ဒီအချက်ကလည်း လူတော်တော်များများ သတိမမူမိတဲ့ ကင်ဆာဖြစ်ပွားနိုင်ခြေရှိတဲ့ အကျင့်ဆိုးတွေထဲက တစ်ခုပါပဲ။
စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်ခြင်း

Photo : CNN
လေလာမှုများက စိတ်ဖိစီးလွန်းရင် ကင်ဆာဖြစ်စေတယ်လို့တော့ သက်သေမပြနိုင်ပါဘူး။ သို့သော် ဆေးလိပ်သောက်ခြင်းနှင့် အရက်အလွန်အကျွံသောက်သုံးခြင်းကဲ့သို့သော အကျင့်ဆိုးတွေက ကင်ဆာရောဂါနဲ့ တိုက်ရိုက်သက်ဆိုင်ကြောင်းကိုတော့ သက်သေပြနေပါတယ်။ ကောင်းကောင်း အိပ်စက်တာ၊ တက်ကြွသောနေထိုင်မှုပုံစံနဲ့ နေထိုင်တာ၊ အနည်းဆုံးရက်သတ္တပတ်လျှင်(၃)ကြိမ်လောက် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာတွေက ကွီးတို့ကို စိတ်ဖိစီးမှုကို သက်သာစေပါတယ်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို အသုံးပြုခြင်း

Photo : The Hill
ဆေးလိပ်သောက်ခြင်းကြောင့် ဆေးရွက်ကြီးတွင်ပါဝင်တဲ့ နီကိုတင်းအပြင် အခြားအန္တရာယ်ရှိသော ရာနဲ့ ချီတဲ့ ဓာတုပစ္စည်းတွေက အသက်ရှူလမ်းကြောင်းနဲ့ အစာချေလမ်းကြောင်းကနေ ခန္ဓာကိုယ်ထဲ ရောက် ပြီး ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ထိခိုက်စေပါတယ်။ ခန္ဓာကိုယ်ဆဲလ်မှာ ကင်ဆာရောဂါကို စတင်ဖြစ်စေ ပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းနဲ့ ဓါတုပစ္စည်းတွေက ဦးခေါင်း၊ လည်ပင်း၊ အဆုတ်၊ ဆီးအိမ်နှင့် ပန်ကရိယကင်ဆာများအပါအဝင် အသက်အန္တရာယ်ရှိသော ကင်ဆာအမျိုးအစား ၁၄ မျိုးကို ဖြစ်စေနိုင် ပါတယ်။
အထက်မှာပြောခဲ့တဲ့ အကျင့်ဆိုးတွေကို ကွီးတို့နေ့တိုင်းလောက် လုပ်မိတတ်ပါတယ်။ သာမန်ကြည့်ရင် ဘာမှ မဖြစ်လောက်ဘူးလို့ ထင်နိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အကျင့်ဆိုးတွေကြောင့် ကင်ဆာအန္တရာယ်ရှိ နိုင်တဲ့အတွက် ရှောင်ကြဉ်ဖို့ အကြံပြုလိုက်ပါတယ်။
Source : Acibadem International
Featured photo : True Health
