မန်ယူ ကတော့ ဆောက်သမ်တန် ဘန်စလေတို့နဲ့ ပွဲစဉ်တွေမှာ ပြိုင်ဘက်အသင်းတွေကို ဂိုးပြတ်ရလဒ်တွေနဲ့ အနိုင်ရထားခဲ့တဲ့ အသင်းက ခရစ္စတယ် ပဲလေ့စ်လို ဒီရာသီမှာ နိုင်ပွဲမရထားသေးတဲ့ အသင်းမျိုးကို အနိုင်ရအောင် ကစားနိုင်ခဲ့သင့်ပေမယ့် ကစားသမားတွေရဲ့ အဆုံးသတ် မသေချာမှုတွေ ဖြုန်းတီးမှုတွေ ကစားသမားဟောင်း ဒင်း ဟန်ဒါဆန်ရဲ့ လက်စွမ်းပြမှုတွေကြောင့် ဥမကွဲပဲ သရေပွဲအဖြစ်နဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။

bruno

Photo Credit: Eurosport

လီဗာပူးလ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ မန်ယူက ဂိုးပြတ်လည်းရှုံးရသလို ခြေစွမ်းပိုင်း ကစားပုံပိုင်းကလည်း ဘယ်လိုမှ မပြသနိုင်ခဲ့ပေမယ့် ကြားမှာ နိုင်ငံတကာပွဲတွေ ဝင်လာခဲ့ပြီးတဲ့နောက် ပြန်ကစားရတဲ့ ပွဲတွေမှာတော့ မန်ယူ ဟာ ပုံစံကောင်းတွေ ပြန်လည် ပြသနိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ အဝေးကွင်း ဂိုးပြတ်ရလဒ်နဲ့ နိုင်ပွဲရယူနိုင်ခဲ့သလို ဘန်စလေနဲ့ လိဂ်ဖလားပွဲမှာဆိုရင်လည်း နည်းပြ တန်ဟက်ဂ် ဂိုးအပြတ်ဆုံး ရလဒ်မျိုးနဲ့ပါ အနိုင်ယူခဲ့ပါတယ်။ ဒီလို ရလဒ်တွေကြောင့်ပဲ ပဲလေ့စ်လို ဒီရာသီမှာ နိုင်ပွဲမရှိသေးတဲ့ အသင်းကို လုံးဝ အနိုင်ရလိမ့်မယ်လို့ပါ တထစ်ချ ယူဆမိပါလိမ့်မယ်။

man utd

Photo Credit: The Busby Bee

မန်ယူက အခုပွဲ အပါအဝင် ပဲလေ့စ်နဲ့ နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲဆက်တိုက်မှာ ပဲလေ့စ်ဘက်ကို တစ်ဂိုးမှ မသွင်းနိုင်တာက ပဲလေ့စ်ဆိုတာနဲ့ ဂိုးမသွင်းနိုင်တော့တဲ့ ပုံစံမျိုးလိုတောင် ဖြစ်နေရပါတယ်။ အခုပွဲ ပထမပိုင်း ပွဲကစားချိန်မှာ မန်ယူ က လုံးဝ ဖိအားပေးထားနိုင်ပြီးတော့ တစ်ပိုင်းလုံး ဂိုးကန်သွင်းမှုတွေ တောက်လျှောက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်ဆင်မှုတွေရဲ့ အဆုံးသတ်တွေက ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပဲ ကပ္ပတိန် ဘရူနို ဖာနန်ဒက်ဇ်ကတော့ ဒီပွဲရဲ့ ချဉ်ဖက်ကြီး ဖြစ်ခဲ့ရပါတယ်။

onana save

Photo Credit: Goal

နောက်တစ်ချက်က ဆျာကြီး တန်ဟက်ဂ်ရဲ့ လူစားပုံတွေကလည်း မေးခွန်းထုတ်စရာပါ။ အသင်းက အနိုင်ရဖို့ လိုအပ်နေချိန်မှာ တကယ်ထုတ်သင့်တဲ့ ကစားသမားတွေထက် ကွင်းထဲမှာ ဆက်ထားသင့်တဲ့ ကစားသမားတွေကိုပဲ ရွေးချယ်ပြီး လူစားလဲလိုက်တာက ဆျာတန်ရဲ့ နည်းဗျူဟာပိုင်း အားနည်းချက်လို့ပဲ ဆိုရပါမယ်။ ကံကောင်းတာက လီဆန်ဒရို မာတီနက်ဇ်ရဲ့ မဆင်မခြင် လုပ်ရပ်က အနီကတ်ထိ မဖြစ်သွားတာနဲ့ အိုနာနာရဲ့ မှော်ဝင် ကာကွယ်မှုတွေက မန်ယူ အတွက် အနည်းငယ်လေး ကံကောင်းသွားတယ်လို့ ဆိုရပါမယ်။

Featured Photo: Goal