လူတော်တော်များများအတွက် အောင်မြင်ဖို့၊ တိုးတက်ဖို့ဆိုရင် အရေးကြီးဆုံးက စိတ်လို့ပဲ ပြောရမှာပါ။ စိတ်ဟာ ကျွန်တော်တို့ရဲ့ အရာရာပါ။ ကွီးတို့ကို အောင်မြင်အောင် တွန်းပို့ပေးနိုင်တာလည်း စိတ် ဖြစ်သလို၊ မထိန်းချုပ်နိုင်ဘဲ အလိုလိုက်နေလျှင်လည်း လိုချင်တဲ့ ပန်းတိုင်ဆီ အရောက်လှမ်းနိုင်ဖို့ အလှမ်းဝေးသွားအောင် လုပ်နိုင်တာလည်း ကျွန်တော်တို့ရဲ့ စိတ်ပါပဲ။ ဒီလိုပါပဲ ကျွန်တော်တို့ဟာ ဘဝမှာ အောင်မြင်ချင်တယ်၊ ပျော်ရွှင်ချင်တယ်ဆိုရင် အရင်ဆုံး ထိုအရာကို ပိုင်ဆိုင်နိုင်ဖို့ စိတ်အားထက်သန်မှု လိုအပ်ပါတယ်။ ဒီလို စိတ်အားထက်သန်မှု မြှင့်တင်ပေးနိုင်ပြီး တစ်နည်းအားဖြင့် ကျွန်တော်တို့ကို ကန့်သတ်ထားတဲ့ စိတ် ကို ပြောင်းလဲနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

စိတ်ကို ပြုပြင်ပါ

ကန့်သတ်ထားတဲ့ စိတ်

Photo : Forbes

ကွီးတို့ရေ လူသားတွေရဲ့ ဘဝမှာ ကန့်သတ်ထားတဲ့ တစ်ခုတည်းသောအရာက စိတ် ဖြစ်သလို ထိန်းချုပ်ဖို့ အခက်ဆုံးကလည်း စိတ်ပါပဲ။ လူတွေရဲ့ စိတ်စွမ်းအားဟာ တကယ်ကို ကြီးမားပါတယ်။ တစ်ခုခုကို လိုချင်အောင်မြင်ချင်ရင် စိတ်ကို ပိုင်းဖြတ်ပြီး ရယူနိုင်စွမ်း လူသားတိုင်းမှာ ရှိပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ဘဝ မှာ လိုချင်တဲ့ အောင်မြင်မှု ရယူနိုင်ဖို့အတွက် အရင်ဆုံး ကိုယ့်ရဲ့စိတ်ဓာတ်ကို ပြင်ရပါမယ်။ “ငါဖြစ်မှ ဖြစ်ပါ့မလား” ဆိုတဲ့ သံသယစိတ်တွေ နေရာမှာ “ငါလုပ်နိုင်တယ်၊ ငါအောင်မြင်အောင်လုပ်နိုင်တယ်၊ ဘာမဆို ဖြစ်မဆို ဖြစ်နိုင်တယ်။” ဆိုတဲ့ စိတ်ဓာတ်ကို အစားထိုးလိုက်ပါ။ ဒီလိုစိတ်ဓာတ်ကို ပြောင်းလဲရုံနဲ့ ကွီးတို့အနေနဲ့ အခြားအဆင့်တွေကို တတ်လှမ်းဖို့ လွယ်ကူသွားပါလိမ့်မယ်။

အကြောက်တရားကို ဖယ်ထုတ်ပစ်ပါ

ကန့်သတ်ထားတဲ့ စိတ်

Photo : Goodfon

ကွီးတို့ရေ ကျွန်တော်တို့မှာ ဖြစ်တတ်တဲ့ စိတ်အားထက်သန်မှု တစ်နည်းအားဖြင့် Motivation ကို ပျောက်ဆုံးစေမဲ့ အချက်တစ်ခုကတော့ အကြောက်တရား ပဲဖြစ်ပါတယ်။ အကြောက်တရားဟာလည်း ကွီးတို့စိတ်မှာ အခြေခံပြီး ကိန်းအောင်းနေတဲ့ အရာတစ်ခုပါ။ ကွီးတို့ မစတင်ခင်မှာပဲ ကျရှုံးမှာကြောက်တာ၊ ပတ်ဝန်းကျင်က လူတွေ တစ်မျိုးပြောမှာ ကြောက်တာ၊ စိန်ခေါ်မှုတွေကို ကြောက်တာ စတာတွေ အကုန်နီးပါးပါဝင်ပါတယ်။ ဒီအကြောက်တရားက ကွီးတို့ကို နှေးကွေးစေပြီး ချီတုံချတုံဖြစ်စေကာ လုပ်ငန်းဆောင်တာများကို အောင်မြင်အောင် လုပ်နိုင်စွမ်း လျော့ကျစေပါတယ်။ တစ်ခါတစ်ရံ အကြောက်တရားက အကျိုးရှိနိုင်သော်လည်း အရာအားလုံးအတွက်တော့ မကောင်းပါဘူး။ ကွီးရဲ့ ကြောက်ရွံ့မှုက ကြီးမားတယ်ဆိုရင်၊ စိတ်ဓါတ်ကျဆင်းမှုကို အလွယ်တကူ ဖြစ်စေပြီး ကျရှုံးမှုတွေကို သယ်ဆောင်လာပေးပါလိမ့်မယ်။

ကိုယ်လိုချင်တဲ့ ပန်းတိုင်ကဘာလဲဆိုတာ အရင်ဆုံးသိပါစေ

ကန့်သတ်ထားတဲ့ စိတ်

Photo : training Journal

ကိုယ့်ကိုယ်ကို ကန်သတ်ထားတဲ့ စိတ် ကို ကျော်လွန်ပြီး စိတ်အားထန်သက်မှုကို ပြန်ရှာနိုင်ဖို့ ဆိုရင် ကွီးတို့လိုချင်တဲ့ ပန်းတိုင်ကဘာလဲဆိုတာ သိပါစေ။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ဖြစ်စေချင်တဲ့ ပန်းတိုင်ထက် ကိုယ်အမှန်တကယ် စိတ်ဝင်စားတဲ့အရာ ဒါမှမဟုတ် အမှန်တကယ် လုပ်ချင်သည့် အရာကို ရွေးချယ်ပါ။ ကိုယ်စိတ်ဝင်စားတဲ့ အရာကို ရွေးချယ်ခြင်းက ကွီးတို့ကို စိတ်အားထက်သန်နေစေရန် အလားအလာ ပိုများပါတယ်။

ပန်းတိုင်အသေးလေးများဆီ အရင်တတ်လှမ်းပါ

small goals

Photo : Sandler Training

ကွီးတို့ အနေနဲ့ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ ကိုယ်ပိုင်ဘဝမှာဖြစ်စေ၊ ပေါင်းသင်းဆက်ဆံရေးတွေမှာ စိတ်အားတတ်ကြွပြီး ပျော်ရွှင်ဖို့ဆိုရင် ကွီးတို့ ဘဝနဲ့ ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်တိုးအောင် အောင်မြင်မှုလေးတွေရှိဖို့ လိုပါတယ်။ ဒါကြောင့် အရင်ဆုံး ကွီးတို့ အနေနဲ့ ကိုယ်စွမ်းဆောင်နိုင်မဲ့ ရည်မှန်းချက် ပန်းတိုင်သေးသေးလေးများကို အရင်ထားရှိပါ။ ထိုပန်းတိုင်များ အောင်မြင်လာတဲ့အခါ ကွီးတို့ရဲ့ ကြိုးစားချင်စိတ်တွေ၊ စိတ်ဓာတ်တွေတတ်ကြွလာပါလိမ့်မယ်။ ထိုမှတဆင့် ကွီးတို့လိုချင်တဲ့ ကြီးမားတဲ့ ရည်မှန်းချက်ပန်းတိုင်များဆီသို့ တစ်ဆင့်ချင်း တတ်လှမ်းသွားလိုက်ပါ။

စိတ်ပိုင်းဆိုင်ရာကို ဂရုစိုက်ပါ

stress

Photo : PillyVoice

ကွီးတို့ရေ စိတ်ဟာ အရာရာဖြစ်သလို၊ စိတ်ဆုံးဖြတ်လိုက်တာနဲ့ ကွီးတို့ အလိုရှိရာကို ရရှိနိုင်တဲ့အထိ ဦးဆောင်နိုင်ပါတယ်။ ဒီလို အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တဲ့ စိတ်ကို ဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။ များသောအားဖြင့် စိတ်ကျန်းမာရေးကို ထိခိုက်စေတာက စိတ်ဖိစီးမှုများနဲ့ စိုးရိမ်ပူပန်မှုတွေပါပဲ။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက ရေရှည်ဖြစ်လာပြီဆိုရင်တော့ ကွီးတို့ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ ကျင်လည်နေရတဲ့ လူ့အဖွဲ့အစည်းအရ အမြဲတမ်း စိတ်ဖိစီးမှုကင်းကင်းနဲ့ နေနိုင်ဖို့ဆိုတာတော့ မလွယ်ပါဘူး။ သို့သော်လည်း အတတ်နိုင်ဆုံး စိတ်ဖိစီးမှုတွေ လျော့ပါးအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဥပမာအားဖြင့် နေ့တိုင်းလေ့ကျင့်ခန်း ပြုလုပ်တာ၊ ယောဂကျင့်တာ၊ တရားထိုင်တာ၊ အိပ်ချိန်မှန်တာ စတာတွေ ပြုလုပ်နိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကျွန်တော်တို့ရဲ့ ကန့်သတ်ထားတဲ့ စိတ် ကို ကျော်လွန်ပြီး ကျွန်တော်တို့ လိုချင်တဲ့ အောင်မြင်မှုတွေ၊ ရည်မှန်းချက်ပန်းတိုင်တွေ ရရှိစေဖို့ စိတ်အားထက်သန်မှုကို ပြန်လည် ရှာဖွေနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

ကွီးတို့ရေ စိတ်ကို အောင်နိုင်ခြင်းက အရာရာကို အောင်နိုင်ခြင်းပါ။

Featured Photo : Too Manly