ကျွန်တော်တို့ လူသားတွေရဲ့ ဘဝမှာ Lifelong Learning လို့ခေါ်တဲ့ ဘဝတစ်လျှောက်လုံး စဥ်ဆက်မပြတ် လေ့လာသင်ယူခြင်းသည် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ လေ့လာ သင်ယူခြင်းကို ရပ်တန့်လိုက်သည့်နေ့သည် တိုးပွား များပြားလာရာကနေ ဆုတ်ယုတ်ကျဆင်းခြင်းသို့ ဦးတည်သွားမယ့်နေ့ပဲဖြစ်ပါတယ်။

ကြီးပွားတိုးတက် အောင်မြင်နေရာကနေ ဆုတ်ယုတ်သွားမှုကို မခံစားချင်ဘူးဆိုရင်တော့ Lifelong Learning ကို ဘဝတစ်လျှောက်လုံး ပြုလုပ်သွားရမှာပဲဖြစ်ပါတယ်။ ဆယ်တန်းအောင်၊ ဘွဲ့ရပြီးပြီပဲ စာကျက်စရာ မလိုတော့ဘူး၊ ဘာမှလေ့လာစရာမလိုတော့တာမျိုး မဟုတ်ပါဘူး။ လုပ်ငန်းခွင်ထဲ ဝင်သွားတဲ့အခါမှာလည်း ကိုယ် သက်ဆိုင်ရာ နယ်ပယ်အလိုက် လေ့လာ သင်ယူမှသာလျှင် တိုးပွား အောင်မြင်မှုကို ခံစားရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ ပျင်းရိမှုကြောင့် လေ့လာသင်ယူမှုကို ရပ်တန့်လိုက်ပြီးမှ ငါ ရှုံးနိမ့်ခဲ့ရတာ ဘယ်သူကြောင့်၊ ငါ အဲ့အလုပ်ကနေ ထွက်ခဲ့ရတာ ဘယ်သူ့ကြောင့်၊ ဘာ့ကြောင့်ဆိုပြီး အခြားသူများအား လက်ညှိုးထိုးနေခြင်း ယုတ်ညံ့သူတို့ရဲ့ အပြုအမူပဲဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ လေ့လာ သင်ယူချင်စိတ်ကို မရပ်တန့်ပစ်ချင်ဘူးဆိုရင်တော့ အခုဖော်ပြမယ့် နည်းလမ်းများဖြင့် ကြိုးစားနိုင်ပါတယ်။

ကိုယ့်ရဲ့ ကိုယ်ပိုင် စိတ်ဝင်စားမှုနှင့် ရည်မှန်းချက်ပန်းတိုင်ကို သိရှိအောင် ပြုလုပ်ပါ

man planning

Lifelong Learning ဆိုတာသည် သင့်အကြောင်းပဲ ဖြစ်ပြီး သင်နှင့် သက်ဆိုင်တဲ့အရာဖြစ်ပါတယ်။ အခြား ဘယ်သူ့ ဘယ်သူနဲ့မှ မသက်ဆိုင်ပါဘူး။ သင့်ရဲ့ စိတ်ဝင်စားမှုများ၊ အိပ်မက်များနှင့်သာ သက်ဆိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ အိပ်မက်က သင် ယခုလက်ရှိ လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာ တစ်ဖက်ကမ်းခတ် ထူးချွန်ပြောင်မြောက်ပြီး ကျွမ်းကျင်ပညာရှင်လို့ အခေါ်ခံချင်တယ်ဆိုရင် ထိုအိပ်မက်ကို အကောင်အထည်ဖော်ဖို့ရန်အတွက် စဥ်ဆက်မပြတ် လေ့လာသင်ယူရမှာပဲဖြစ်ပါတယ်။

ကိုယ် လေ့လာသင်ယူချင်သည့်အရာများအားလုံးကို စာရင်း ပြုစုထားပါ

လေ့လာ တိုးပွား

ကိုယ် စိတ်ဝင်စားတဲ့အရာတွေက တစ်ခုမက အများကြီးရှိတယ်ဆိုရင် ထိုအရာများကို စာရင်းပြုစုထားလိုက်ပါ။ ထို့နောက် အားလပ်ချိန်ထဲကနေ ဖဲ့ပေးပြီး လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကိုယ် စိတ်ဝင်စားတဲ့အရာကို ကောင်းစွာ လေ့လာနိုင်မှာဖြစ်ပါတယ်။

တစိုက်မတ်မတ် ပြုလုပ်ပါ

လေ့လာ တိုးပွား

ပထမ ခြေလှမ်း အစပျိုးပြီးသွားတဲ့နောက်မှာလည်း ပင်ပန်းလာပြီဆိုပြီး လမ်းတစ်ဝက်မှာ လက်မလျော့လိုက်ဘဲ ဆုံးခန်းတိုင်အထိ ဆက်သွားဖို့လိုအပ်ပါတယ်။ တစိုက်မတ်မတ် လေ့လာ သင်ယူမှသာလျှင် လက်ရှိအခြေအနေထက် ပိုမို တိုးပွား လာမှာဖြစ်ပြီး အောင်မြင်မှု အသီးအပွင့်ကို ခံစားရမှာဖြစ်ပါတယ်။

ကွီးတို့ ဘဝမှာ စဥ်ဆက်မပြတ် လေ့လာသင်ယူခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးများကလည်း အများအပြားရှိပါတယ်။

အသိသာဆုံး အချက်များကို ဖော်ပြရမယ်ဆိုရင်တော့ …

(၁) ကိုယ်ပိုင်အရည်အချင်း တိုးတက်လာခြင်း

(၂) မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာခြင်း

(၃) အောင်မြင်မှုကို ဆွတ်ခူး ပိုင်ဆိုင်နိုင်ခြင်း

(၄) ငွေကြေး ချမ်းသာမှုကိုလည်း လက်ဝယ် ပိုင်ဆိုင်နိုင်ခြင်း

(၅) လူအများရဲ့ အထင်ကြီး လေးစားမှုကို ခံရခြင်း

အစရှိသည်တို့ပဲဖြစ်ပါတယ်။

ကွီးတို့လည်း ထိုအကျိုးကျေးဇူးများကို ခံစားချင်တယ်ဆိုရင်တော့ Lifelong Learning ကို ဘဝတစ်လျှောက်လုံး ပြုလုပ်ပေးသွားရမှာပဲဖြစ်ပါတယ်။

Source: Valamis

Featured Image: Freepik