ကမ္ဘာကျော်ခဲ့တဲ့ မျက်မမြင် အဆိုတော်တွေ အကြောင်း ကွီးတို့ ကြားဖူးပါသလား။ ကျွန်တော်တို့ လူသားတစ်ယောက်ချင်း စီတိုင်းမှာ မတူညီတဲ့ ကိုယ်ပိုင် အစွမ်းတွေ ၊ အရည်အချင်းတွေ ရှိကြတယ်ဆိုတာကို လက်ခံရပါလိမ့်မယ်။ တစ်ခါတစ်လေမှာ ဘဝရဲ့အဆိုးဆုံး အခြေအနေကို ရောက်နေရင်တောင်မှာ ကျွန်တော်တို့ ကျွမ်းကျင်ပိုင်နိုင်တဲ့ အတက်ပညာတွေ ၊ ပင်ကိုယ်အရည်အချင်းတွေနဲ့ ကျော်ဖြတ်သွားလို့ ရနိုင်ပါတယ်။ အခုပြောပြပေးမှာကတော့ ကမ္ဘာကြီး ကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့ Legends တွေအကြောင်းပါ။ သူတို့ဟာ ဘဝမှာ မပြည့်စုံခြင်းတွေ ရှိနေတာတောင်မှ လက်မြှောက်အရှုံးမပေးပဲ ကမ္ဘာကျော်အောင် လုပ်ဆောင်နိုင်ခဲ့သူတွေလို့ ပြောရင် မမှားနိုင်ပါဘူး။ ကဲဒါဆို ဘယ်သူတွေဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

(၁) Stevie Wonder

Source : Itsaso

အမေရိကန်အဆိုတော် Stevie Wonder ကတော့ Uptight (everything’s alright) ၊ Living for the city အပါအဝင် နာမည်ကြီး သီချင်းများစွာနဲ့ ကမ္ဘာကြီး ကို သိမ်းပိုက်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ မွေးကင်းစအရွယ်ကစပြီး အမြင်အာရုံကွယ်ခဲ့သူ တစ်ယောက်ဖြစ်ပေမယ့် ကလေးဘဝကတည်းက ဂီတမှာ အင်မတန် ထူးချွန်သူတစ်ယောက်ပါ။ အံ့ဩစရာကောင်းလောက်အောင်ပဲ သူ့အသက် ၁၀ နှစ်မှာ ဂီတတူရိယာ ၁၀ မျိုးလောက်ကို ကိုယ်တိုင်သင်ယူပြီး ကျွမ်းကျင်စွာ တီးခတ်နိုင်ခဲ့ပါတယ်။ ဂရမ်မီဆုရှင် Stevie Wonder ကတော့ လူသားချင်းစာနာစိတ်အပြည့်ရှိသူတစ်ဦးအဖြစ်လည်း ကျော်ကြားပြီး အေအိုင်ဒီအက်စ် ရောဂါသည် ၊ ကင်ဆာရောဂါသည် ၊ မသန်စွမ်းသူတွေ ၊ ငတ်မွတ်ခေါင်းပါးသူတွေနဲ့ အိမ်ခြေရာမဲ့တွေကို ထောက်ပံ့ဖို့ ပရဟိတလုပ်ငန်းတွေအတွက် သီချင်းတွေ များစွာကို ဖန်တီးပေးခဲ့ပါတဘ်။

(၂) Ray Charles

 

Source: Ray Charles

အဆိုတော် ၊ သီချင်းရေးဆရာနဲ့ စန္ဒယားပညာရှင် Ray Charles ကိုတော့ ကျော်ကြားတဲ့ မဟာလူသားကြီး တစ်ဦးအဖြစ် တင်စားခေါ်ကြပါတယ်။ သူဟာ ဂီတသမိုင်းမှာ ဩဇာအကြီးဆုံးနဲ့ အထင်ရှားဆုံး အဆိုတော်ကြီးတွေထဲက တစ်ဦးပါ။ ဂျက်ဇ်၊ ဘလူးစ် ၊ Gospel ဂီတအမျိုးအစားတွေကို ရေးစပ်သီဆိုခဲ့ပြီး နောက်ပိုင်းမှာတော့ ကန်းထရီးနဲ့ ပေါ့ပ်ဂီတကိုလည်း သီဆိုခဲ့ပါတယ်။ Hit the road jack ၊ Seven Spanish angels ၊ Believe my soul ၊ I can’t stop loving you နဲ့ I got a woman စတဲ့သီချင်းတွေကတော့ Ray Charles ရဲ့အကျော်ကြားဆုံး သီချင်းတွေထဲက တချို့ဖြစ်ပြီး ကမ္ဘာကြီး ကို အံ့ဩဖွယ် ဂီတဖန်တီးမှုများစွာကို ချပြနိုင်ခဲ့သူဖြစ်ပါတယ်။ Ray Charles ဟာ ၂၀၁၄ ခုနှစ် ဇွန်လထဲမှာ ဂီတလောကကြီးကနေ အပြီးပိုင်နှုတ်ထွက်သွားခဲ့ပြီး ကွယ်လွန်ပြီးနောက်မှာတော့ သူ့ရဲ့ပိုင်ဆိုင်မှုအများစုကို Ray Charles ဖောင်ဒေးရှင်းထံကို လှူဒါန်းသွားခဲ့ပါတယ်။

(၃) Andrea Bocelli

Source : Andrea Bocelli

အီတလီအဆိုတော် Andrea Bocelli ကတော့ ပေါ့ပ်နဲ့ ဂန္တဝင်ဂီတတွေမှာ ထင်ရှားတဲ့ အဆိုတော်ကြီးတစ်ဦး ဖြစ်ပါတယ်။ သူရဲ့သီချင်းတွေက တော်တော်ကြီးကို ဆွဲဆောင်နိုင်စွမ်းပြင်းရှတဲ့ သီချင်းပုံစံတွေဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ စံချိန်တင် ၇၅ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့အထိ အောင်မြင်မှုများစွာ ရရှိခဲ့တာ ဖြစ်ပါတယ်။ သူ့အသက် ၆ နှစ်အရွယ်မှာ စန္ဒယား ၊ ပုလွေ ၊ saxophone အပါအဝင် ဂီတတူရိယာများစွာကို တီးခတ်နိုင်ခဲ့ပြီး ငယ်ငယ်ကတည်းက ဂီတပါရမီပါသူ ဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ သူ့အသက် ၁၂ နှစ်သားအရွယ်မှာတော့ ထင်မှတ်မထားတဲ့ မတော်တဆမှုတစ်ခုကနေ အမြင်အာရုံကွယ်သွားခဲ့ရတာ ဖြစ်ပေမယ့် သူ့ရဲ့အိပ်မက်တွေကို လက်မလျော့ပဲ အကောင်အထည်ဖော်နိုင်ခဲ့ကာ ထင်ရှားတဲ့ မျက်မမြင်အဆိုတော်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ You will never walk alone ၊ Hallelujah ၊ Time to say goodbye စတဲ့ သီချင်းတွေကတော့ Andrea Bocelli ရယ်လို့ ကမ္ဘာကြီး ကို သိမ်းပိုက်နိုင်ခဲ့တဲ့ သီချင်းကောင်းတွေပဲ ဖြစ်ပါတယ်။

(၄) George Shearing

Source : Boo _ Cox _

ဗြိတိန်ဂျက်ဇ်စန္ဒယားပညာရှင် George Shearing ကတော့ ဂီတတူရိယာတွေကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးတဲ့ ထူးထူးခြားခြား  ဂီတပညာရှင်တစ်ဦးလို့ လူသိများပါတယ်။ သူဟာ မွေးရာပါ အမြင်အာရုံချို့ယွင်းသူတစ်ဦးဖြစ်ပေမယ့် ဂီတအနုပညာမှာတော့ တော်တော်လေးကို ပါရမီပါခဲ့ပြီး Lullaby of bird land ၊ I’m lost ၊ September in the rain ၊ Blue Prelude ၊ East of the sun သီချင်းတွေအပါအဝင် သူ့ဘဝတစ်လျှောက်လုံးမှာ သီချင်းပေါင်း ၃၀၀ ကျော်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာကြီး အတွက် တန်ဖိုးမဖြတ်နိုင်ခဲ့တဲ့ ဂီတအနုပညာများစွာကို အမွေချန်ထားခဲ့ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ သူ့အသက် ၉၁ နှစ်အရွယ်မှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

(၅) Diane Schuur

Source : anishinaube

Diane Schuur ကတော့ ထင်ရှားကျော်ကြားတဲ့ အမေရိကန် ဂျက်ဇ်ဂီတပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ မွေးကင်းစအရွယ်လေးကတည်းက ရောဂါကြောင့် မျက်စိကွယ်ခဲ့ရတာပါ။ ဒါပေမယ့်လည်း ဂီတအနုပညာ နယ်ပယ်အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ရသူ ဖြစ်တာနဲ့အညီ ဂီတတူရိယာတွေနဲ့ ဂီတကို ချစ်မြတ်နိုးသူတစ်ယောက်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ ဒါကြောင့်လည်းသူမဟာ ဂီတနဲ့ပဲ နာမည်ကျော်လာခဲ့ပြီး ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ထာဝရအကောင်းဆုံး အမျိုးသမီး မျက်မမြင်ဂီတသမားတစ်ဦးအဖြစ် ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ Louisiana Sunday afternoon ၊ Deedles’ blues ၊ Rio funk ၊ I’m not ashamed to sing the blues စတဲ့သီချင်းတွေကတော့ Diane Schuur ရဲ့ နာမည်ကြီး လူကြိုက်များတဲ့ အနုပညာဖန်တီးမှု လက်ရာတွေပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ အမြင်အာရုံချို့ယွင်းနေပေမယ့် အနုပညာနဲ့ ကမ္ဘာကြီး ကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့ Legends တွေထဲက ၅ ဦးအကြောင်း ဖြစ်ပါတယ်။ ကွီးစာဖတ်ပရိသတ်တွေအတွက် ဒီမဟာလူသားကြီးတွေဟာ စိတ်ခွန်အားများစွာ ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Featured Photo : Billboard