ခရီးသွားရတာ ကြိုက်တဲ့ ကွီးတို့ရှိပါသလား။ ခရီးသွားခြင်း က စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ အတွက်ပါ ကောင်းမွန်သော အကျိုးသက်ရောက်မှုကို ရရှိစေပါတယ်။ ဒါ့အပြင် ခရီးသွားခြင်းက စိတ်လှုပ်ရှားဖွယ်ကောင်းပြီး မျက်စိပွင့်၊ နားပွင့် ဗဟုသုတတိုးပွားရာ အတွေ့အကြုံ တစ်ခုလည်း ဖြစ်ပါတယ်။ သို့သော်လည်း ဘယ်လို အကြောင်းနဲ့ပဲ ခရီးသွားသွား ဘေးကင်းလုံခြုံပြီး စိတ်ကျေနပ်ဖွယ် ခရီးတစ်ခု ဖြစ်ဖို့အတွက်တော့ အရေးကြီးပါတယ်။ဒီဆောင်းပါးလေးမှာတော့ စာရေးသူက ကမ္ဘာအနှံ့ ခြေဆန့်ဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် အရေးကြီးပြီး သိရှိလိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

အရေးကြီး စာရွက်စာတမ်းများကို သေချာ သတိထားပါ

ကမ္ဘာအနှံ့ ခြေဆန့်ဖို့

Photo : Self Travel

ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ ခရီးသွားမယ်ဆိုရင် အရေးအကြီးဆုံးကတော့ စာရွက်စာတမ်းတွေပါပဲ။ ထိုစာရွက်စာတမ်းများကို သေချာယူဆောင်သွားပါ။ ခရီးစဉ်တစ်လျှောက် မပျောက်ရှအောင်လည်း ထိန်းသိမ်းဖို့ လိုပါတယ်။ ကမ္ဘာအနှံ့ ခြေဆန့်ဖို့ ဆိုရင် အရေးအကြီးဆုံးကတော့ Passport (နိုင်ငံကူးလက်မှတ်) ပဲဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ နိုင်ငံကူးလက်မှတ်၊ နိုင်ငံသားစိစစ်ရေးကဒ် နဲ့  အခြား ကိုယ်ရေးဆိုင်ရာ သက်သေခံလက်မှတ်တွေကို  မိတ္တူ ပွားယူသွားဖို့လိုပါတယ်။ အွန်လိုင်းထဲမှာလည်း မှတ်ထားဖို့ လိုပါတယ်။ ဒါမှသာ ကွီးတို့ လိုအပ်တဲ့အခါ ချက်ချင်းရနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံများရဲ့ စည်းမျဉ်းစည်းကမ်းများကို လေ့လာထားပါ

ကမ္ဘာအနှံ့ ခြေဆန့်ဖို့

Photo : Nomadic News

ကွီးတို့သွားရောက်မဲ့ နိုင်ငံတိုင်းရဲ့ ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းတွေကို ကြိုတင်လေ့လာထားဖို့ လိုပါတယ်။ ဒါ့အပြင် ထိုနိုင်ငံကို ဝင်ရောက်တဲ့အခါမှာလည်း သိထားသင့်တဲ့ အချက်တွေရှိပါတယ်။ ဥပမာအားဖြင့် နိုင်ငံအတော်များများက အရက်၊ အစားအစာနှင့် အပင်များ သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ အကောက်ခွန်စည်းမျဉ်းတွေက အတူတူပဲ ဖြစ်ပါတယ်။ သို့သော် အရှေ့အလယ်ပိုင်းရှိနိုင်ငံ အများအပြားမှာတော့  အရက်သယ်ယူမှုအတွက် ကြီးမားသော ဒဏ်ရိုက်မှုရှိပါတယ်။ နိုင်ငံအလိုက် အကောက်ခွန်ကန့်သတ်ချက်များကို လေ့လာထားပါ။

ခရီးစဉ်အတွင်း သူငယ်ချင်း၊ မိသားစုများနဲ့ အမြဲဆက်သွယ်ပါ

ကမ္ဘာအနှံ့ ခြေဆန့်ဖို့

Photo : Next Business

ခရီးထွက်နေစဉ်အတွင်း ကွီးတို့ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အမြဲမပြတ် ဆက်သွယ်နေဖို့ လိုပါတယ်။ ကွီးတို့ ဘယ်ရောက်နေတယ်၊ ဘယ်ကို ဆက်သွားမယ် စသည်ဖြင့် အချက်အလက်များကို အမြဲပေးပို့ပါ။ ခရီးမထွက်ခင် ခရီးစဉ်အကြမ်းကိုလည်း ပြောပြထားသင့်ပါတယ်။ ဒါမှသာ ကွီးတို့မှာ အရေးကြုံလာလျှင် တစ်စုံတစ်ခု အကူအညီ ရနိုင်မှာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ကို အမြဲသတိပြုပါ

travel safety tips

Photo : Vox

ကိုယ်နဲ့ မရင်းနှီးတဲ့နေရာ၊ ကိုယ့်အတွက် အစိမ်းသက်သက် ဖြစ်တဲ့နေရာတိုင်းမှာ သတိရှိသင့်ပါတယ်။ လူစည်ကားတဲ့ ခရီးသွားနေရာ ဒါမှမဟုတ် လမ်းလွတ်နေတဲ့လမ်းမှာ လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို အမြဲအာရုံစိုက်သင့်ပါတယ်။ ဒါ့အပြင် ကွီးတို့အနေနဲ့ လူတွေသတိပြုမိအောင် ပြုမူတာမျိုး၊ ပေါ်ပေါ်ထင်ထင်နေတာမျိုး မလုပ်ပါနဲ့။ တစ်ခါတစ်ရံ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ အရေးပေါ်ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်များကိုလည်း လေ့လာထားဖို့ လိုပါတယ်။

ဘေးကင်းလုံခြုံရေးကို ဦးစားပေးပါ

travel safety tips

Photo : Locksmith Near Me

ဘယ်ခရီးစဉ်ပဲဖြစ်ဖြစ် အရေးအကြီးဆုံးကတော့ ဘေးကင်းလုံခြုံဖို့ပါပဲ။ များသောအားဖြင့် ဟိုတယ်တွေမှာ လုံခြုံရေးအစီအမံတွေကောင်းပါတယ်။ သို့သော်လည်း အပြင်ထွက်ရင်ဖြစ်စေ၊ အခန်းတွင်းမှာ ရှိနေစဉ် ဖြစ်စေ အမြဲသတိရှိဖို့နဲ့ အရေးကြီးစာရွက်စာတန်းနဲ့ ငွေကြေးတွေကို သေချာ သိမ်းဆည်းဖို့ သတိပြုဖို့လိုပါတယ်။

ကမ္ဘာအနှံ့ ခြေဆန့်ဖို့ အတွက် ဒီအချက်တွေကို အမြဲသတိပြုလိုက်နာပါက ကွီးတို့ရဲ့ ခရီးစဉ်အတွင်း ဘေးကင်းလုံခြုံ အဆင်ပြေစေဖို့ အထောက်အကူပြုမှာ အသေအချာပါပဲ။

Source : World Packers

Featured Photo : Aci Aero