ကွီးတို့ရေ ခရီးသွားခြင်း က ရေတိုတွင်သာမက ရေရှည်မှာပါ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာ ကိုလည်း တိုးပွားစေပါတယ်။ စီးပွားရေးအတွက် ခရီးထွက်တာပဲဖြစ်ဖြစ်၊ မိသားစုအားလပ်ရက် ခရီး ထွက်တာပဲဖြစ်ဖြစ်၊ အရာအားလုံးကို ခဏမေ့ထားပြီး ခရီးထွက်တာပဲဖြစ်ဖြစ်၊ ခရီးထွက်ခြင်းက ကွီးကိုယ်ကွီး ယုံကြည်မှုတည်ဆောက်နိုင်တာ၊ အတွေ့အကြုံသစ်များနှင့် အမှတ်တရတွေ ဖြစ်တာ၊ ပုံမှန်အတိုင်းဖြစ်နေတာကို ဖယ်ရှားချိုးဖျက်လိုက်တာ၊ လူများနှင့်တွေ့ဆုံခွင့်ရတာတွေက ကွီးကို ပိုမိုပျော်ရွှင်စေပါတယ်။  ခရီးသွားခြင်း မှ ကွီးတို့ကို ပိုမို ပျော်ရွှင်စေတဲ့သူ ဖြစ်လာရတဲ့ အကြောင်းအရင်းများ ကို ဖော်ပြ ပေးလိုက်ပါတယ်။

(၁) မျှော်လင့်မထားသော အခြေအနေများနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် ကွီးကိုယ်ကွီး ယုံကြည်မှုကို ရှာဖွေရရှိနိုင်ပါတယ်

ခရီးသွားခြင်း ပျော်ရွှင်စေတဲ့သူ

Photo : Adventure.com

ခရီးလမ်းတစ်ခုပေါ်ရောက်တာနဲ့ လူတိုင်းဟာ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုကို စတင် ရင်ဆိုင်ရမယ့် အချိန်တစ်ခု ရောက်လာပါတယ်။ ကွီးနေနဲ့ ကြိုတင်လေ့လာထားတဲ့တိုင်အောင် အံ့သြ စရာတွေ ကြုံလာနိုင်တယ်။ ဘာပဲဖြစ်နေဖြစ်နေ ပြဿနာတွေနဲ့ ကြုံတိုင်း ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ရှိမှာပါ။ ဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တာနဲ့ ကွီးကိုယ်ကို ယုံကြည်မှုရရှိပြီး ကြီးမားတဲ့ ခွန်အား တစ်ခုဖြစ်စေပါတယ်။ ဒီအချက်ကလည်း ခရီးသွားခြင်း မှ ကွီးတို့ကို ပိုမို ပျော်ရွှင်စေတဲ့သူ ဖြစ်လာရတဲ့ အကြောင်းအရင်းများ ထဲက တစ်ခုပါ။

(၂) ပျော်ရွှင်မှုသည် ကွီးတို့ထံ ကူးစက်လာပါတယ်

ခရီးသွားခြင်း ပျော်ရွှင်စေတဲ့သူ

Photo : Playbuzz

ကွီးတို့ ခရီးသွားတဲ့အခါ ထိတွေ့ရတဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေက ကွီးတို့ကို ပျော်ရွှင်စေမှာပါ။ ဒေသခံတွေဆီက ပျော်ရွှင်၊ ရယ်မောပြီး ဖော်ရွေမှု တွေရလိုက်တာနဲ့ ကွီးဆီကို ချက်ချင်း ကူးစက်လာပါတယ်။ ကွီးလည်း ပျော်ရွှင်မှုကို ခံစားလာပါတယ်။ တောက်ပတဲ့ အပြုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်စရာ စိတ်ဆိုးစရာတွေနဲ့ ကြုံလိုက်ရပေမဲ့ ကွီးရဲ့ စိတ်မှာ ပျော်ရွှင်မှုနဲ့ သက်သာရာ ရစေပါတယ်။

(၃) ချစ်ခင် ရင်းနှီးမှုကို တိုးစေပါတယ်

ခရီးသွားခြင်း ပျော်ရွှင်စေတဲ့သူ

Photo : PhotoOne.Org

ကွီးတို့ရေ တစ်နှစ်မှာ တစ်ခါလောက်တော့ မိသားစုနဲ့ဖြစ်စေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အုပ်စုလိုက်ဖြစ်စေ ခရီးအတူတူ ထွက်သင့်ပါတယ်။ ခရီးတူတူ ထွက်ခြင်းဖြင့် ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေ၊ ထိတ်လန့်ဖွယ် အခိုက်အတန့်တွေကို အတူတကွ ဖြတ်သန်းရင်း ချစ်ခင်မှု၊ ခင်မင်မှုတွေ တိုးတတ်လာစေပြီး အချင်းချင်းနားလည်မှုလည်း ပိုလာစေပါတယ်။ ကွီးတို့ ဆုံတိုင်း ပြန်ပြောင်းအောက်မေ့စရာ အမှတ်တရလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခိုင်မာသော ပေါင်းသင်းဆက်ဆံရေးတည်ဆောက်ထား ခြင်းက ကွီးတို့ကို ပိုမို ပျော်ရွှင်စေပါတယ်။

(၄) သူငယ်ချင်းအသစ်များ တိုးစေပါတယ်

Travelling

Photo : Hostelworld

ကွီးအနေနဲ့ အိမ်မှာနေတာ တနည်းအားဖြင့် ကားပေါ် သို့မဟုတ် အရက်ဘားမှာ အခြားသူတွေနဲ့ စကားပြော မိတ်ဖွဲ့တာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ခရီးထွက်တဲ့အခါ မိတ်ဆွေ သူငယ်ချင်းအသစ်တွေ ရဖို့ ပိုလွယ်ပါတယ်။ ကွီးတို့အနေနဲ့ ခရီးထွက်လိုက်တဲ့အခါ ဖြတ်သန်းရမဲ့ ပတ်ဝန်းကျင်နယ်နိမိတ်နည်းပါးတဲ့ ခံစားချက်နဲ့ သူငယ်ချင်းဖွဲ့တာက ပိုလွယ်လာပုံပေါ်ပါတယ်။ ကွီးဘယ်ကလာလဲဆိုတာကို သိလိုတဲ့ ဒေသခံတစ်ယောက်ပဲဖြစ်ဖြစ် ဘီယာသောက်ချင်တဲ့ ခရီးသွားဖော်တွေကပဲဖြစ်ဖြစ်၊ တက္ကစီနဲ့ အတူတူ သွားလိုသူပဲ ဖြစ်ဖြစ် အလွယ်တကူ မိတ်ဆွေ ဖြစ်နိုင်ပါတယ်။ လူမှုဆက်ဆံရေးက ကွီးကို ပိုပျော်ရွှင် စေပြီး လူမှုရေးအသိုင်းအဝိုင်းကို တိုးလာစေပါတယ်။ ဒီအချက်ကလည်း ခရီးသွားခြင်း မှ ကွီးတို့ကို ပိုမို ပျော်ရွှင်စေတဲ့သူ ဖြစ်လာရတဲ့ အကြောင်းအရင်းများထဲက တစ်ခုပါ။

(၅) ပတ်ဝန်းကျင် အသစ်က ကွီးတို့ရဲ့ စိတ်ဖိစီးမှုကို လျှော့ကျစေပါတယ်

travel alone

Photo : Apricity Behavioral Health

ခရီးသွားခြင်းက ကွီးတို့ရဲ့ ပုံမှန်ဖြစ်တည်မှုနေစဉ်ဘဝကနေ အသစ်အသစ်သော လူမှုဘဝ ပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်ပါတယ်။ ငြိမ်းချမ်းမှုနဲ့ ငြိမ်သက်တိတ်ဆိတ်မှု အခွင့်ကောင်း ရယူဖို့အတွက် ကွီးအနေနဲ့ နေရာ အသစ်တစ်ခုမှာ အချိန် အခိုက်အတန့်ရှိခြင်းသည် စိတ်ဖိစီးမှုနှင့် မသက်သာမှုများကို ပြေပျောက်စေပါတယ်။ စိတ်ကိုပျော်မွေ့စေပါတယ်။ ခရီးသွားခြင်းကနေရတဲ့ စိတ်တည်ငြိမ်မှု အကျင့်ကောင်းကို ရရှိနိုင်ပါတယ်။ တကယ်လို့ ကွီး အဖော်တစ်ယောက်နဲ့ ခရီးသွားခဲ့ရင် အချိန်ဖြုန်းခြင်းလို့ တွေးကြောက်ဖို့ မလိုပါဘူး။ ကွီးအလုပ်အတွက် အကျိုးရှိပါတယ်။ ခရီးသွားဖို့ နေ့စဉ်ဘဝမှာရှိတဲ့ အချိန်ကို ရယူခြင်းကလည်း ပိုမိုပျော်ရွှင်စေတဲ့သူဖြစ်လာရတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။

(၆) အသစ်အသစ်သော အရာတွေကို သင်နိုင်ပါတယ်

Travelling

Photo : Travel Wise

ခရီးသွားခြင်းက မရောက်ဖူးသေးတဲ့ ဒေသများရဲ့ အလှအပနဲ့ သဘာဝကို လေ့လာ ခံစားနိုင်တဲ့ အပြင် ဒေသအစားအစာချက်ပြုတ်ခြင်း သို့မဟုတ် ဘာသာစကားအသစ် လေ့လာခြင်း လို အသိပညာနဲ့ ပညာရေးရရှိမဲ့ ကိစ္စရပ်တွေကို ကောင်းကောင်းလုပ်နိုင်စေပါတယ်။ ဒီလိုလုပ်နိုင်အောင် ကွီးရဲ့ ဦးနှောက်ကို ပိုမိုတက်ကြွစေပါတယ်။ ခရီးသွားရင်း ပျော်စရာတစ်ခုခုကို သင်ယူသောအခါမှာ ကွီးတို့ရဲ့ပျော်ရွှင်မှုအဆင့်ကို တိုးမြင့်စေတယ်လို့ စိတ်ပညာရှင်တွေက ပြောကြပါတယ်။

အထက်က ပြောပြချက်တွေအရ ခရီးသွားခြင်း မှ ကွီးတို့ကို ပိုမိုပျော်ရွှင်စေတဲ့သူ ဖြစ်လာရတဲ့ အကြောင်းအရင်းများ ရှိတယ်ဆိုတာ သိရတဲ့အတွက် ကွီးတို့အနေနဲ့ ခရီးထွက်ခြင်းကို မဖြစ်မနေ လုပ်သင့်တယ်လို့ အကြံပြုပါရစေ။

Source : Huffpost

Featured Photo : Tip and trips