ကမ္ဘာ့ နိုင်ငံအသီးသီးတွင် နာမည်ကြီး ဝိုင် မျိုးစုံကို ထုတ်လုပ်ရောင်းချလျက်ရှိကြပြီး အချို့ဝိုင်များသည် ၂ ဒေါ်လာဖြင့်သာ ဝယ်ယူနိုင်ပေမယ့် အချို့ဝိုင်ကတော့ ဒေါ်လာ ထောင်ချီပေးဝယ်ရပါတယ်။ ကိုယ် ပေးချေရတဲ့ ငွေပမာဏပေါ် မူတည်ပြီး ဝိုင်ရဲ့ ကွာလတီကလည်း အမျိုးမျိုး ပြောင်းသွားပါလိမ့်မယ်။

ကွီးတို့အနေနဲ့ ကမ္ဘာ့ အကောင်းစား ဝိုင် တွေကိုမှ မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဘရန်းအမျိုးအစာများကို ဝယ်ယူနိုင်ပါတယ်။

(၁) အီတလီနိုင်ငံထုတ် Vietti

Best wine in the world

Photo: Openingabottle

နံပါတ်တစ် ကမ္ဘာ့ နာမည်အကြီးဆုံး ဝိုင် အမျိုးအစားကတော့ အီတလီနိုင်ငံထုတ် Vietti ပဲဖြစ်ပါတယ်။ ဒီဝိုင်ကနေ ၁၉၁၉ ခုနှစ်ကတည်းက စတင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယနေ့ထိတိုင် နာမည်ကြီး လူကြိုက်များနေဆဲပဲ ဖြစ်ပါတယ်။

(၂) သြစတြေးလျနိုင်ငံထုတ် Henschke

Best wine in the world

Photo: Decanter

သြစတြေးလျနိုင်ငံထုတ် Henschke ရဲ့ အများနှင့်မတူ တစ်မူထူးခြားတဲ့အချက်ကတော့ သူ့ရဲ့ စပျစ်များကို စိုက်ပျိုးမှု နည်းစနစ်ကြောင့်ပဲဖြစ်ပါတယ်။ ဒီဝိုင်ထုတ်လုပ်မှု သက်တမ်းသည် နှစ်ပေါင်း ၁၅၀ ကျော်ကြာနေပြီဖြစ်ပြီး ဒုတိယနာမည်အကြီးဆုံး စာရင်းထဲမှာ ပါဝင်ပါတယ်။

(၃) ပြင်သစ်နိုင်ငံထုတ် E. Guigal

ကမ္ဘာ့ ဝိုင်

Photo: Heb

ဝိုင်ထဲမှာ နာမည်အကြီးဆုံးဝိုင်ကတော့ ပြင်သစ်နိုင်ငံထုတ် ဝိုင်တွေပဲဖြစ်ပါတယ်။ E. Guigal ဝိုင်များသည် ရိုးရာနည်းဖြင့် ထုတ်လုပ်ထားတာဖြစ်ပြီး သူတို့သည် အနည်းဆုံး ၄၂ လခန့်ကြာအောင် သိုလှောင်ပြီးမှသာလျှင် ဈေးကွက်ထဲမှာ ဖြန့်ချီရောင်းချတာဖြစ်ပါတယ်။

(၄) ချီလီနိုင်ငံထုတ် Almaviva

ကမ္ဘာ့ ဝိုင်

Photo: Firstbottlewines

Almaviva ဝိုင်များကတော့ ၁၉၉၆ ခုနှစ်ကတည်း စတင်နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အဓိကနာမည်အကြီးဆုံးကတော့ Premium Red Wine အမျိုးအစားပဲဖြစ်ပါတယ်။ သူသည် တောင်အမေရိကတွင် လူကြိုက်အများဆုံးနှင့် ရောင်းရအကောင်းဆုံး ဝိုင်အမျိုးအစားတစ်ခုဆိုလည်း မမှားပါဘူး။

(၅) ပြင်သစ်နိုင်ငံထုတ် Chateau Calon-Segur

ကမ္ဘာ့ ဝိုင်

Photo: Silverlakewine

ပြင်သစ်နိုင်ငံရှိ Bordeaux မြို့ကတော့ ဝိုင်မြို့တော်လို့ အခေါ်ခံရသည်အထိ နာမည်ကြီးတဲ့ မြို့တစ်မြို့ဖြစ်ပြီး ကောင်းပေ့ မိုက်ပေ့ဆိုတဲ့ Luxury ဝိုင်တွေကိုသာ ထုတ်လုပ်တာ ဖြစ်ပါတယ်။ Chateau Calon-Segur သည်လည်း ထိုမြို့ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး ၁၈ ရာစုနှစ်ကတည်းက ဖြန့်ချီရောင်းချလျက်ရှိတဲ့ ဝိုင်အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စပျစ်ခင်းတွေကတော့ ၁၈ ရာစု မတိုင်ခင်ကတည်းက စတင်စိုက်ပျိုးနေခဲ့တာပဲဖြစ်ပါတယ်။

ကွီးတို့ရော ဝိုင်တွေထဲမှာဆို ဘယ်ဝိုင်ကို သောက်သုံးရတာ ကြိုက်နှစ်သက်ပါသလဲ။

Source: Worldwine

Featured Image: Freepik