ရက်ပ်ပါ တွေရဲ့ နေထိုင်မှုပုံစံကို ကြည့်မယ်ဆိုရင် ပိုက်ဆံ ၊ ပြိုင်ကား ၊ လက်နက်နဲ့ Drug တွေကို အသားပေးတဲ့ ငွေကြေးကြွယ်ဝချမ်းသာမှု Lifestyle ကို ကိုယ်စားပြုတာ တွေ့ရပါတယ်။ ဒါဟာ အနောက်နိုင်ငံက ရက်ပ်ပါတွေမှာ အများဆုံးမြင်တွေ့ရတဲ့ နေထိုင်မှုပုံစံတစ်ခုလို့ ပြောနိုင်ပါတယ်။ များသောအားဖြင့်တော့ ဒီလိုငွေကြေးကြွယ်ဝချမ်းသာမှုအကြောင်းတွေကို သီချင်းတွေ ၊ Music Video တွေမှာ ထည့်သုံးထည့်ရိုက်လေ့ရှိသလို လက်တွေ့ပြင်ပလောကမှာလည်း တီဗီဖန်သားပြင်ထက်က ချမ်းသာမှုကို အသားပေးတဲ့ ပြရုဒ်တွေထက် ပိုပြီး ကြွယ်ဝချမ်းသာကြတဲ့ ရက်ပ်ပါတွေလည်း အများကြီးရှိနေပါတယ်။ အခုတစ်ခေါက်မှာတော့ Music Industry ထဲက ကျိကျိတက်ချမ်းသာတဲ့ ကမ္ဘာ့ အချမ်းသာဆုံး ရက်ပ်ပါ ၅ ဦး အကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) Kanye West

Source : Kanye West

အမေရိကန်နိုင်ငံရဲ့ တစ်ဦးတည်းသော အချမ်းသာဆုံး ရက်ပ်ပါ ၊ Record Producer ၊ ဖက်ရှင်ဒီဇိုင်နာနဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ကတော့ Kanye West တစ်ဖြစ်လည်း ရက်ပ်ပါ Ye ပဲ ဖြစ်ပါတယ်။ Kanye West ဟာ ခေတ်အဆက်ဆက် အကျော်ကြားဆုံး ၊ သြဇာအကြီးဆုံး ဟစ်ဟော့ ဂီတသမားတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်း ခံထားရပါတယ်။ Forbes ရဲ့အဆိုအရ Kanye West ရဲ့ အသားတင် ကြွယ် ဝချမ်းသာမှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိရှိပြီး ကမ္ဘာ့ အချမ်းသာဆုံး ဂီတပညာရှင်တစ်ဦး ဖြစ်လာခဲ့သလို အမေရိကန်သမိုင်းမှာ အချမ်းသာဆုံး Self-Made ဘီလျံနာ လူမည်း ၃ ဦးထဲကတစ်ဦး အဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

(၂) Jay-Z

Source : Kanye West

ကမ္ဘာ့ အချမ်းသာဆုံး ရက်ပ်ပါ စာရင်းရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ အသားတင် ကြွယ်ဝချမ်းသာမှုမှာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ပိုင်ဆိုင်ထားတဲ့ Jay-Z ပဲဖြစ်ပါတယ်။ Jay-Z ဟာ ကမ္ဘာပေါ်က အချမ်းသာဆုံး ရက်ပ်ပါနဲ့ ဂီတအနုပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ သူဟာ Rocawear နဲ့ 40/40 Club တို့လို ဒေါ်လာသန်းပေါင်းများစွာရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီတွေကို တည်ထောင်ထားသူ ဖြစ်ပါတယ်။ Jay-Z နဲ့ သူ့ရဲ့ဇနီးဖြစ်သူ Beyoncé တို့ဟာ ကမ္ဘာပေါ်က အချမ်းသာဆုံး ဆယ်လီစုံတွဲတွေပါ။ Jay-Z ရဲ့ တစ်နှစ်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်ရှိပါတယ်။

(၃) Dr. Dre

Source : Dr. Dre

Dr. Dre လို့လူသိများတဲ့ နာမည်ကြီး အမေရိကန် ရက်ပ်ပါ Andre Romelle Young ကတော့ ဟစ်ဟော့လောကရဲ့ အကျော်ကြားဆုံး Artist သမား ၊ Record Producer နဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်ပါတယ်။ Dr. Dre ဟာ Aftermath Entertainment နဲ့ Beats Electronics လုပ်ငန်းတွေရဲ့ တည်ထောင်သူနဲ့ CEO တစ်ဦးဖြစ်ပြီး ခန့်မှန်းခြေ အသားတင်ကြွယ်ဝချမ်းသာမှု ဒေါ်လာ သန်း ၈၀၀ နဲ့ အချမ်းသာဆုံး ရက်ပ်ပါစာရင်းမှာ တတိယနေရာက ရပ်တည်နေပါတယ်။ Dr. Dre ဟာ ၁၉၈၅ ခုနှစ်မှာ World Class Wreckin’ Cru ရဲ့ အဖွဲ့ဝင်အဖြစ်ဂီတလုပ်ငန်းတွေစတင်ခဲ့ပြီး နောက်ပိုင်းမှာ Gangsta ရက်ပ်အဖွဲ့ N.W.A.နဲ့အတူ ကျော်ကြားလာခဲ့ပါတယ်။ Producer of The Year နဲ့ Non-Classical အပါအဝင် ဂရမ်မီဆု ၆ ဆု ရရှိထားပါတယ်။

(၄) Sean Combs

Source : DirtyMoneyVEVO

Sean Love Combs ခေါ်  Puff Daddy ဟာလည်း ကမ္ဘာ့ အချမ်းသာဆုံး နာမည်ကြီး ရက်ပ်ပါ နဲ့ Record Executive တစ်ဦးဖြစ်ပါတယ်။ Sean Combs ဟာ The Notorious B.I.G. ၊ Mary J. Blige နဲ့ Usher တို့လို ကျော်ကြားဂီတ အနုပညာရှင်များစွာကို မွေးထုတ်ပေးခဲ့ပါတယ်။ လက်ရှိ Sean Combs ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုမှာ အမေရိကန်ဒေါ်လာ သန်း ၇၄၀ ကျော် ပိုင်ဆိုင်ထားတယ်လို့ Forbes က ခန့်မှန်းထားပါတယ်။ ဂရမ်မီဆု ၃ ဆုနဲ့ MTV Video Music Awards ၂ ဆု ရရှိထားပြီး MTV’s Making The Band ရဲ့ Producer အဖြစ် တာဝန်ယူလုပ်ကိုင်လျက် ရှိပါတယ်။

(၅) Russell Simmons

Source : YHunnit

Russell Wendell Simmons ကိုတော့ အမေရိကန် စွန့်ဦးတီထွင်သူနဲ့ ဂီတသမားတစ်ဦးအဖြစ် လူသိများပါတယ်။ သူဟာ Def Jam Recordings ဂီတကုမ္ပဏီရဲ့ တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်ပြီး ဖက်ရှင်လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပါတယ်။ လက်ရှိ Simmons ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုကတော့ ဒေါ်လာ သန်း ၃၄၀ ခန့်ရှိပြီး ကမ္ဘာ့ အချမ်းသာဆုံး ရက်ပ်ပါ တွေထဲကတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။

Featured Photo : XXL Mag