နွေရာသီဟာ ကမ်းခြေ ကို အပန်းဖြေခရီးထွက်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ မကြာခင်မှာလည်း နှစ်သစ်ကူးသင်္ကြန်အားလပ်ရက်ကို ရောက်တော့မှာဆိုတော့ ကမ်းခြေသွားကြမယ့် သူတွေအတွက် ထူးထူးခြားခြားလုပ်စရာလေးတွေ မျှဝေပေးချင်ပါတယ်။ တော်တော်များများ ကမ်းခြေရောက်ပြီဆိုရင် ဟိုတယ်နဲ့ကမ်းခြေ ကမ်းခြေနဲ့ဟိုတယ် ကူးရင်းပဲ ခရီးသွားရက်ကို ဖြတ်သန်းဖြစ်ကြတာ များပါတယ်။ တကယ်တော့ ကမ်းခြေမှာ လုပ်စရာ Activities တွေ အများကြီး ရှိပါတယ်။ ဒီတော့ ကမ်းခြေ ရောက်ပြီး ဘာလုပ်ရမယ်မှန်းမသိ လမ်းတွေမပျောက်ရအောင် ဒီဆောင်းလေးကို အဆုံးထိဖတ်ကြည့်လိုက်ပါ။

(၁) Outdoor အားကစားနည်းတွေ လုပ်ပါ

Friends playing soccer on the beach

Photo : Unsplash

ကမ်းခြေ ကို ဘော်ဒါတွေနဲ့ အဖွဲ့လိုက် ခရီးထွက်ကြမယ့် ကွီးတို့အတွက်ကတော့ ပျော်စရာကောင်းတဲ့ အားကစားနည်းတွေ အများကြီးကစောင့်ကြိုနေပါတယ်။ ဘောလုံးကန်တာ ၊ ဘောလီဘော ကစားတာ ၊ ခြေလုံးခတ်တာ ၊ အပြေးပြိုင်တာတွေအပြင် ဘော်ဒါတွေနဲ့ အဖွဲ့လိုက်ကစားလို့ရတဲ့ ကစားနည်းတွေ အများကြီး ရှိပါတယ်။ အပန်းဖြေခရီးစဉ်လေးမှာ ကျန်းကျန်းမာမာနဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပြီးသားလည်း ဖြစ်စေဖို့ Outdoor အားကစားနည်းတွေ ဆော့ဖြစ်အောင် ဆော့ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

(၂) ရွက်လှေစီးပါ

Sailing

Photo : Trek Adventures

Sailing လုပ်တာကတော့ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး Water Sports တွေထဲက တစ်ခုပါပဲ။ ပင်လယ်ပြင်ကြီးပေါ်မှာ ရွက်လွင့်ရင်း အချိန်ကုန်ဆုံးရတာလောက် အံ့သြစရာကောင်းတဲ့ အခိုက်အတန့်မျိုး မရှိနိုင်ပါဘူး။ ရွက်လှေစီးတာဟာ ပညာအလွန်ပါတဲ့အတွက် ပထမဆုံးအကြိမ် စ Try ကြည့်မယ် ကွီးတို့အနေနဲ့ ကျွမ်းကျင်ပညာရှင်တွေစီကနေ အခြေခံရွက်လွင့်ခြင်း သင်တန်းကို သင်ယူပြီးမှ ကိုယ်တိုင်ပင်လယ်ပြင်မှာ ရွက်လွင့်ခံစားကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၃) Surfing လုပ်ပါ

Surfing

Photo : Sportsmatik

Surfing လို့ခေါ်တဲ့ ရေလွှာလျှောစီးခြင်းဟာ တခြားဘယ်အရာတွေနဲ့မှမတူတဲ့ အမိုက်စား Water Sport တစ်ခုပါ။ Surfboard ပေါ် မတ်တပ်ရပ်ပြီး ရေလှိုင်းတွေနဲ့အတူ လိုက်ပါစီးမျောရတဲ့ ဖီလင်က ဘာနဲ့မှမလဲနိုင်ပါဘူး။ ဒါကြောင့် စွန့်စားရတာကြိုက်တယ်ဆိုရင် သေချာပေါက် Surfing လုပ်ကြည့်ပါ။ နောင်တ,မရစေရဘူးလို့ အာမခံပါတယ်။

(၄) Cliff Diving လုပ်ပါ

cliff diving

Photo : Journey Era

Cliff Diving ဆိုတာကတော့ ခြောက်ကမ်းပါးအမြင့်နေရာကနေ ပင်လယ်ပြင်ထဲကို ဒိုက်ဗင်ထိုးရတဲ့ အားကစားနည်းတစ်ခုပါ။ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းသလို စွန့်စားမှုနဲ့ သဘာဝရဲ့အရသာကို ကောင်းကောင်းကြီး ထိတွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက Cliff Diving လုပ်မယ့်နေရာက အန္တရာယ်ကင်းကြောင်း သေချာမှုရှိစေဖို့ ဒေသခံတွေ လမ်းညွှန်းတဲ့ နေရာတွေမှာပဲ Cliff Diving လုပ်ဖို့ အကြံပြုချင်ပါတယ်။

(၅) Snorkeling


Photo : CEOWORLD magazine

ကမ်းခြေ မှာပဲလုပ်လို့ရတဲ့ စိတ်ဝင်စားစရာ Activities တွေထဲကတစ်ခုကတော့ Snorkeling ပါပဲ။ ပင်လယ်ပြင်ကြီးရဲ့ အောက်ဘက်ကြမ်းပြင်က လှပတဲ့ကမ္ဘာသစ်ကြီးတစ်ခုကို အနီးကပ်မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ကြည်လင်တဲ့ ပင်လယ်ရေပြင်နဲ့အတူ အရောင်သွေးစုံလင်လှပနေတဲ့ ပင်လယ်နေသတ္တဝါတွေ ၊ သန္တာကျောက်တွေနဲ့ တကယ့်ကို မြင်ရခဲတဲ့ အံ့ဩဖွယ်ရာ Sea Life ကို ခံစားကြည်ရှုနိုင်မှာဖြစ်ပါတယ်။ Snorkeling လုပ်တာက ပင်လယ်ကြီးနဲ့ သဘာဝတရားကိုချစ်တဲ့သူတွေအတွက် Must-Try Activity တစ်ခုပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ကမ်းခြေ ရောက်ရင် ဘယ်လို Activities တွေ လုပ်ရတာ နှစ်သက်လဲ???

Featured Photo : SeaBookings