ကိုယ်လက်လေ့ကျင့်ခန်းများက ကွီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်သာမက ၊ စိတ်ပိုင်းဆိုင်ရာအတွက်ပါ အထောက်အကူ အများကြီးရစေတယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ။ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ရင် ခန္ဓာကိုယ်မှာ ကယ်လိုရီတွေ များလာပြီး ပေါ့ပါးမှုမရှိဘဲ အဝလွန်ခြင်း ကဲ့သို့သော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကယ်လိုရီတွေ လောင်ကျွမ်း စေမဲ့ ရိုးရှင်းသော လေ့ကျင့်ခန်းများ ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လမ်းလျှောက်ခြင်း

ကယ်လိုရီတွေ လောင်ကျွမ်း

Photo : Sweatcoin Blog

အသက်အရွယ်မရွေး လုပ်နိုင်ပြီး အကျိုးများတဲ့အပြင် ကယ်လိုရီတွေ လောင်ကျွမ်း စေမဲ့ လေ့ကျင့်ခန်း တစ်ခုကတော့ လမ်းလျှောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အေးဆေးဆေးဆေး လမ်းလျှောက်ခြင်းကတော့ သိပ်ပြီး ထူးခြားမှာမဟုတ်ပါဘူး။ အဆီလောင်ကျွမ်းရန်စေဖို့ လျင်လျင်မြန်မြန်နဲ့ သွက်သွက်လက်လက် အားစိုက်ပြီး လျှောက်ဖို့လိုပါတယ်။ မြန်မြန်လမ်းလျှောက်လေ၊ ပိုဝေးဝေးလမ်းလျှောက်လေလေ သို့မဟုတ် မကြာခဏ လမ်းလျှောက်လေလေ အကျိုးကျေးဇူးများလေလေပါပဲ။

လမ်းလျှောက်ခြင်းက တစ်နာရီလျှင် ကယ်လိုရီ ၃၀၀ မှ ၄၀၀ အထိ လောင်ကျွမ်းစေပါတယ်။

(၂) Kettlebell လေ့ကျင့်ခန်းများ

ကယ်လိုရီတွေ လောင်ကျွမ်း

Photo : Eat This, Not That

ကွီးတို့ရေ Kettlebell အလေးကို အသုံးပြုပြီး ပြုလုပ်သော လေ့ကျင့်ခန်းများက ပုံမှန်ခွန်အားလေ့ကျင့်ခန်း လုပ်ရိုးလုပ်စဉ်ထက် ပိုမိုပြင်းထန်သောလေ့ကျင့်ခန်းကို ပေးစွမ်းနိုင်ပြီး ပိုမိုထိရောက်မှုရှိတယ်လို့ ဆိုထားပါတယ်။ Kettlebell လေ့ကျင့်ခန်းက ကွီးတို့အတွက် ကြွက်သားခွန်အား၊ ဟန်ချက်ညီမှုနှင့် ပျော့ပြောင်းမှုကို တည်ဆောက်နေစဉ်တွင် Cardio ခံနိုင်ရည်အား တစ်ပြိုင်နက် လုပ်ဆောင်ပေးသောကြောင့် ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဒီလေ့ကျင့်ခန်းများကို လုပ်ဖို့အတွက် Kettlebell ကို ရှိထားရမှာ ဖြစ်ပြီး ၁၀ မိနစ်စာ Kettlebell လေ့ကျင့်ခန်းများနဲ့ စတင်နိုင်ပါတယ်။

Kettlebell အလေးကို အသုံးပြုပြီး ပြုလုပ်သော လေ့ကျင့်ခန်းများက တစ်နာရီလျှင် ကယ်လိုရီ ၈၀၀ မှ ၉၀၀ အထိ လောင်ကျွမ်းစေပါတယ်။

(၃) ကြိုးခုန်ခြင်း

ကယ်လိုရီတွေ လောင်ကျွမ်း

Photo : Health Fitness Revolution

ကိုယ်အလေးချိန်ကျပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ အကောင်းဆုံး Cardio လေ့ကျင့်ခန်းများထဲက တစ်ခုကတော့ ကြိုးခုန်ခြင်းပဲဖြစ်ပါတယ်။ ကြိုးခုန်ခြင်းက ကွီးတို့ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေရုံသာမက အရိုးသိပ်သည်းကို ပိုမိုမြင့်မားစေပြီး ကွီးတို့ရဲ့ ခြေထောက်များကို ပိုမိုသန်မာလာစေပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ နှလုံးကိုလည်း ပိုမိုသန်မာစေပါတယ်။

ကြိုးခုန်ခြင်းက တစ်နာရီလျှင် ကယ်လိုရီ ၆၀၀ ခန့်လောင်ကျွမ်းစေပါတယ်။

(၄) လှေကားထစ်များတွင် ‌အတက်အဆင်းပြုလုပ်ခြင်း

Calories

Photo : Marathon Handbook

ရိုးရှင်းတဲ့ လှေကားအတက်အတင်းပြုလုပ်ခြင်းကလည်း လမ်းလျှောက်ခြင်းနဲ့ ပြေးခြင်းကဲ့သို့ ကယ်လိုရီတွေ လောင်ကျွမ်း စေတဲ့ ထိရောက်တဲ့ လှုပ်ရှားမှု တစ်ခုပါပဲ။ ကွီးတို့အနေနဲ့ ဒီလေ့ကျင့်ခန်းကို လုပ်ဖို့ တစ်ခုထက်ပိုသော လှေကားထစ်များကိုရှာပါ။ ကွီးတို့အိမ်ရှိ လှေကားထစ်များမှာ ဒါမှာမဟုတ် နီးစပ်ရာ လှေကားထစ်များမှာ ပြေးခြင်း၊ အတတ်အဆင်းပြုလုပ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ လှေကားထစ်များပြီး မြင့်မားတဲ့ လှေကားတစ်များမှာ ပြုလုပ်မယ်ဆိုရင်တော့ သတိထားသင့်ပါတယ်။

ဒီလေ့ကျင့်ခန်းကနေ တစ်နာရီလျှင် ကယ်လိုရီ ၁,၀၀၀ ခန့် လောင်ကျွမ်းစေပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကယ်လိုရီတွေကို လောင်ကျွမ်းစေမဲ့ လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။ ကွီးတို့ ပြုလုပ်လို့ အဆင်ပြေတဲ့ လေ့ကျင့်ခန်းကိုရွေးချယ်ပြီး ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကယ်လိုရီတွေ လောင်ကျွမ်းစေရုံသာမက ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုစေပါတယ်။

Source : Get Healthy

Featured Photo : Men’s Health