ကျန်းမာဖျက်လက်ဖို့နဲ့ ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းကို ပြောပါဆိုရင်တော့ လမ်းလျှောက်ခြင်းက ထိပ်ဆုံးက ပါပါတယ်။ လမ်းလျှောက် လေ့ကျင့်ခန်းဟာ လူတိုင်း လွယ်လွယ်ကူကူ ပြုလုပ်နိုင်ပြီး အချိန်နေရာမရွေး လုပ်ဆောင်လို့ရတဲ့ Zero ဘတ်ဂျတ် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းလျှောက်ခြင်းနဲ့ ဝိတ်ချချင်သူတွေ အတွက်လည်း ကယ်လိုရီ ပိုမို လောင်ကျွမ်းစေမယ့် နည်းလမ်း အချို့ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ကယ်လိုရီများများ လောင်ကျွမ်းအောင် ဘယ်လိုလမ်းလျှောက်ရမလဲဆိုတာ ပြောပြပေးပါမယ်။

(၁) လှေကားထစ်တွေ တက်ပါ

Walking Tips

Photo : Livestrong.com

လမ်းလျှောက် လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ ပုံမှန် လမ်းတွေပေါ်မှာပဲ လျှောက်တာထက် မက်စောက်တဲ့ တောင်ကုန်းတွေ ဒါမှမဟုတ် လှေကားထစ်တွေကို တက်ပေးပါ။ ဒါဟာ ခန္ဓာကိုယ်ကို ခွန်အား ပိုမိုစိုက်ထုတ်ရပြီး ရလဒ်အနေနဲ့ ကယ်လိုရီတွေ များများ ဆုံးရှုံးသွားမှာကို တွေ့ပါလိမ့်မယ်။

(၂) ခြေလှမ်း အရေအတွက်ကို တိုးသွားပါ

Walking Tips
Photo : Verywell Health

တစ်ပတ်နဲ့ တစ်ပတ် လျှောက်တဲ့ ခြေလှမ်းအရေအတွက်ကို ဖြည်းဖြည်းချင်း တိုးသွားရပါမယ်။ ဒီတစ်ပတ်မှာ ခြေလှမ်း ၈၀၀၀ လျှောက်တယ်ဆိုရင် နောက်တစ်ပတ်မှာ ခြေလှမ်း ၁၀၀၀၀ တိုးလျှောက်ပါ။ ဒီလို ပုံမှန်လျှောက်နေတဲ့ ခြေလှမ်း အရေအတွက်ထက် တိုးပြီးလျှောက်တာဟာ ကွီးတို့ရဲ့ ကြံ့ခိုင်မှု အဆင့်ကို တိုးတက်လာစေမှာ ဖြစ်သလို ကယ်လိုရီ လည်းပိုလောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။

(၃) အရှိန်တင်ပြီး ခပ်သွက်သွက် လျှောက်ပါ

Walking Tips
Photo : DMoose

အရှိန်တစ်ခုတည်းနဲ့ ပုံမှန်အတိုင်း လမ်းလျှောက်တာထက် ကြားထဲမှာ မိနစ်အနည်းငယ်ခန့်ကို အရှိန်တင်ပြီး ခပ်သွက်သွက် လျှောက်လိုက် ၊ အရှိန်ကို ပြန်လျှော့လိုက် ၊ တဖန် အရှိန်ပြန်တင်ပြီး ခပ်သွက်သွက် လျှောက်လိုက် လုပ်ပါ။ ဒီလို ကြားကာလ အရှိန်တင်ပြီး လမ်းလျှောက်ခြင်းဟာ အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကို မဖြစ်စေပဲ ကယ်လိုရီ များများ ပိုမိုလောင်ကျွမ်း စေနိုင်ပါတယ်။

(၄) ပေါင်းစပ် လေ့ကျင့်ခန်း အချို့ကို တွဲဖက် ပြုလုပ်ပါ

Walking Tips
Photo : Men’s Journal

လမ်းလျှောက်ခြင်းနဲ့အတူ အချို့သော ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေကို တွဲဖက် ပြုလုပ်တာဟာ ကယ်ရီလို ပိုမိုလောင်ကျွမ်းစေဖို့ အတွက် ကူညီပေးနိုင်ပါတယ်။ Jumping Jack ၊ Plank ၊ Mountain Climber ၊ High Knee တို့လို အချိန်နေရာမရွေး ကစားလို့ရတဲ့ ကိရိယာလွတ် လေ့ကျင့်ခန်းတွေကို လမ်းလျှောက်ခြင်းနဲ့အတူ ပေါင်းစပ် လုပ်ဆောင်မယ်ဆိုရင် ကွီးတို့ရဲ့ ကြံ့ခိုင်မှု အဆင့်ဟာ ပိုမိုတိုးတက်လာမှာ ဖြစ်သလို ကယ်လိုရီတွေလည်း ပိုပြီးလောင်ကျွမ်းသွားစေမှာ ဖြစ်ပါတယ်။

Source : 30 Day Fitness

Featured Photo : HOKA