ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းမှာ ကျင်းပသွားခဲ့တဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်အတွင်း အင်္ဂလန်နဲ့ ယူကရိန်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ တောင်ပံကစားသမားလေး ဘူကာယို ဆာကာရဲ့ ခြေစွမ်းပြမှုတွေနဲ့ အင်္ဂလန်က ယူကရိန်းကို (2-0) နဲ့ အနိုင်ရပြီး ခြေစစ်ပွဲ (၂)ပွဲဆက် နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။

saka

Photo Credit : Football365

ဒီပွဲစဉ်မှာ အာဆင်နယ်ရဲ့ winger လေး ဆာကာက တိုက်စစ်မှူး ဟာရီကိန်းရဲ့ သွင်းဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့တဲ့အပြင် သူကိုယ်တိုင်ပါ သွင်းဂိုးတစ်ဂိုးကို ဧရိယာပြင်ပကနေ သွင်းယူနိုင်ခဲ့ပါသေးတယ်။ ဒီလို တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ဆာကာ ဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး သူရဲ့အကောင်းဆုံး ပုံစံတစ်ခုကိုပါ ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

saka zinchenko

Photo Credit : Twitter

ဒီပွဲစဉ်မှာ ဆာကာက သူရဲ့ အာဆင်နယ်အသင်းဖော်ဖြစ်တဲ့ ဇင်ချန်ကိုနဲ့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင် တွေ့ဆုံခဲ့ရပြီး ဇင်ချန်ကို ကတော့ ဒီပွဲမှာ ယူကရိန်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ဇင်ချန်ကိုက “ဆာကာက အံသြစရာကောင်းတဲ့ ကစားသမားဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။ လောလောဆယ်မှာဆိုရင်လည်း သူက အရမ်းကို ခြေစွမ်းပြနေပါတယ်။ ရာသီကုန်အထိ ဒီခြေစွမ်းမျိုးကို ဆက်ထိန်းထားနိုင်ဖို့ကိုလည်း ဆုတောင်းပါတယ်။ ကျွန်တော် အရင်က ပြောခဲ့ဖူးသလိုပါပဲ ကွင်းထဲမှာ ယှဥ်ပြိုင်နေက တုန်း သူငယ်ချင်းမိတ်ဆွေတွေဆိုတာ ရှိမနေပါဘူး။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒီနေ့မှာတော့ သူက ကျွန်တော်တို့ကို အနိုင်ယူခဲ့တယ်။ ဒါပေမယ့် နောက်တစ်ခါကျရင်တော့ ကလဲ့စားပြန်ချေပါမယ်”

arsenal star boys

Photo Credit : Football London

ဒီရာသီမှာ ဆာကာ ဇင်ချန်ကိုတို့ဟာ အာဆင်နယ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသထားနေကြသူတွေဖြစ်ပြီး နှစ်ဦးလုံးကလည်း အာဆင်နယ်ရဲ့ 1st line-up ဝင် အဓိက ကစားသမားတွေ ဖြစ်နေသလို နှစ်ဦးလုံးလည်း အသင်းအတွက် အတော်လေး အကျိုးပြုလျက် ရှိနေပါတယ်။