ကာဗာ သီချင်းတွေ ဘယ်လောက် မိုက် မိုက်၊ မူရင်း သီချင်းကို မမှီဘူးလို့ ဆိုကြပါတယ်။ ကွီးတို့ရော အဲ့ဒါကို လက်ခံပါသလား။ တချို့ ကာဗာ သီချင်းတွေက မူရင်း သီချင်းတွေထက်တောင် ပို မိုက် လို့ မူရင်း သီချင်းတွေထက်တောင် ပိုပေါက်ပါတယ်။

မူရင်း သီချင်းတွေနဲ့ ကာဗာ သီချင်းတွေကို ယှဥ်ပြီး နားထောင်ကြည့်ရင်တော့ ဘယ်သီချင်းက ပို မိုက် သလဲဆိုတာ ကွီးတို့ ကိုယ်တိုင် သိသွားပါလိမ့်မယ်။

We Don’t Talk Anymore By Charlie Puth, Feat. Selena Gomez

Source: Charlie Puth

ဒီသီချင်းကတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးကိုတော့ မိုက်လွန်းလို့ လူကြိုက်အတော်များခဲ့ပြီး Billboard နံပါတ် (၁) နေရာမှာ အချိန်အကြာကြီး နေရာယူနိုင်ခဲ့ပါသေးတယ်။

သူ့သီချင်းကိုလည်း အဆိုတော်အများအပြားက ကာဗာ ပြန်ဆိုထားပါသေးတယ်။ ကာဗာက ပိုကောင်းသလားဆိုတာ နားထောင်ကြည့်လိုက်ပါဦး။

We Don’t Talk Anymore By Samantha Harvey & Hrvy (Cover)

Source: Samantha Harvey

Charlie Puth ရဲ့ We Don’t Talk Anymore ကိုတော့ Samatha Harvey နဲ့ Hrvy တို့က ကာဗာ ပြန်လည် သီဆိုထားပါတယ်။ သူတို့ရဲ့ ကာဗာသီချင်းက လူကြိုက်များပါတယ်။

My Love By Westlife

Source: Westlife

ဒီသချင်းကတော့ ၂၀၀၀ ပြည့်နှစ်တိတိက ထွက်ရှိခဲ့တဲ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Coast to Coast ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

My Love By Dave Moffatt (Westlife Cover)

Source: Dave Moffatt Music

Dave Moffatt က My Love ကို ကာဗာ ပြန်လည် သီဆိုထားပြီး သူ့ရဲ့ ဆိုဟန်တွေကြောင့် လူကြိုက်များခဲ့ပါတယ်။​

My Love Cover By Tereza, Fazil & Aydir Dito

Source: Tereza Fahlevi

My Love သီချင်းကိုပဲ Tereza ၊ Fazil နဲ့ Aydir Dito တို့ကလည်း ကာဗာ ပြန်လည် သီဆိုထားပါသေးတယ်။

Just Give Me A Reason By P!nk, Ft. Nate Ruess

Source: P!nk

ဒီသီချင်းကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ထွက်ထွက်ချင်းမှာပဲ လူကြိုက်များခဲ့ကာ Hit ဖြစ်ခဲ့ပါတယ်။

Just Give Me A Reason Cover By Sam Tsui & Kylee

Source: Kurt Hugo Schneider

Sam Tsui နှင့် Kylee တို့ရဲ့ ကာဗာ သီချင်းသည်လည်းပဲ​ လူကြိုက်များခဲ့ပြီး သူတို့ရဲ့ ပင်ကိုယ် ဆိုဟန်တွေက သီချင်းချင်းသူများကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

Here’s Your Perfect By Jamie Miller

Source: Jamie Miller

ဒီသီချင်းလေးကတော့ ၂၀၂၁ ခုနှစ်က Here’s Your Perfect ဆိုတဲ့ Jamie Miller ရဲ့ အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ပေါ့ပ် သီချင်းအမျိုးအစားဖြစ်ပြီး လူကြိုက်တော်တော် များခဲ့ပါတယ်။

Here’s Your Perfect Cover By Flukie

Source: FLUKIE

ထိုသီချင်းကိုပဲ ထိုင်းက အဆိုတော်တစ်ယောက်က ကာဗာ ပြန်လည်သီဆိုခဲ့ပါတယ်။ သူ့ရဲ့ အေးအေးဆေးဆေး သီဆိုထားတဲ့ ဆိုဟန်က လူကြိုက်များခဲ့ပါတယ်။

ကွီးတို့ရော မူရင်း သီချင်းကိုပဲ ကြိုက်တာလား၊ ဒါမှမဟုတ် ကာဗာ ပြန်ဆိုထားတာကို ပိုအသည်းစွဲတာလား။

Source: Pictchfork