သီချင်း ချစ်သူ ကွီးတို့ နှစ်သက်ကြတဲ့ ပွဲတော်တွေထဲမှာ EDM ပွဲတော်ကလည်း တစ်ခု အပါအဝင်ပါပဲ။ မြူးမြူးကြွကြွ သီချင်းကောင်းတွေကို ကမ္ဘာကျော် ဒီဂျေများက တီးခတ်ဖျော်ဖြေကြတဲ့ ဒီ EDM ပွဲတော်မှာ ကခုန်ပျော်ပါးကြခြင်းကလည်း ပျော်ရွှင်မှုကို ရှာဖွေခြင်းတစ်မျိုးပါပဲ။

အကြောင်းအမျိုးမျိုးကြောင့် ဒီလိုပွဲတော်မျိုးကို မသွားဖြစ်လို့ စိတ်ညစ်နေပါသလား။

ကွီးတို့ အိမ်မှာ သီချင်း မြူးမြူးကြွကြွလေးတွေ နားထောင်ရင်း EDM ပွဲတော်ကို ကိုယ်တိုင် ကိုယ်ကျ ကျင်းပလို့ရပါတယ်။ အဲ့ဒီလိုမျိုး ကျင်းပချင်တယ်ဆိုရင်တော့ EDM ပွဲနဲ့ လိုက်ဖက်မယ့် သီချင်းလေးတွေကို သေချာရွေးချယ်ဖို့ လိုအပ်ပါလိမ့်မယ်။

မရွေးတတ်ဘူး ဖြစ်နေရင်တော့ ဒီသီချင်းတွေကိုသာ ရွေးကြည့်လိုက်ပါ။

(၁) Faded By Alan Walker

Source: Alan Walker

Alan Walker ဆိုရင်တော့ မသိသူ မရှိသလောက်ပါပဲ။ သူ့ရဲ့ Faded သီချင်းကလည်း ပါတီပွဲနဲ့ EDM ပွဲတော်တွေမှာ မပါမဖြစ် နံပါတ် (၁) ပါပဲ။

(၂) Lean on By Major Lazer & DJ Snake

Source: Major Lazer Official

၂၀၁၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သီချင်းသံစဥ်က နားထဲ စွဲလွယ်တဲ့ သံစက်လေးပဲ ဖြစ်ပါတယ်။

(၃) Closer By The Chainsmokers

Source: The Chainsmokers

ဒီသီချင်းလေးကတော့ ၂၀၁၆ က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး Billboard Music Award for Top Hot 100 Song 2017 ဆုအပါအဝင် အခြားသော ဆု (၄) မျိုးကိုပါ တစ်ပါတည်း သိမ်းကျုံး ယူပစ်ခဲ့တာပဲ ဖြစ်ပါတယ်။

(၄) Rockabye By Clean Bandit

Source: Clean Bandit

EDM ပွဲနဲ့ ပါတီပွဲတွေ ပြုလုပ်တဲ့အခါ မပါမဖြစ် သီချင်းနောက်တစ်ပုဒ်ကတော့ Clean Bandit ရဲ့ Rockabye သီချင်းပဲ ဖြစ်ပါတယ်။ Featuring အနေနဲ့ကတော့ Anne-Marie နဲ့ Sean Paul တို့က ပါဝင် အားဖြည့်ထားပါတယ်။

(၅) Alone By Marshmallo

Source: Marshmallo

ဒီသီချင်းကတော့ ၂၀၁၆ ခုနစ်တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။​ ကွီးတို့ အိမ်မှာ ပါတီပွဲ ကျင်းပမယ်ဆိုရင်တော့ ဒီသီချင်းကလည်း မပါမဖြစ်ပါပဲ။

(၆) Wake Me Up By Avicii

Source: Avicii

ဒိတ်ဒိတ်ကြဲ နာမည်ကြီး ဒီဂျေသမားတွေထဲမှာ Avicii ကလည်း တစ်ယောက် အပါအဝင်ပါပဲ။ Wake Me Up ကတော့ သူ့ရဲ့ လူကြိုက်အများဆုံး သီချင်းများထဲက တစ်ပုဒ်ပါပဲ။

(၇) Me By Steve Angello

Source: Steve Angello

ဒီသီချင်းလေးကတော့ လွန်ခဲ့တဲ့ ရက်သတ္တပတ် (၃) ပတ်လောက်ကမှ ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဂရိနှင့် ဆွဇ်စ် ကပြားတစ်ဦးဖြစ်သူ Steve Angello က သီဆိုထားတာပဲ ဖြစ်ပါတယ်။

(၈) Animals By Martin Garrix

Source: Martin Garrix

ဒတ်ချ်လူမျိုး ဒီဂျေသမားတစ်ယောက်ဖြစ်တဲ့ Martin Garrix သည်လည်း ကမ္ဘာ့နာမည်အကြီးဆုံး ဒီဂျေသမားများထဲတွင် တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူ့ရဲ့ Animals သီချင်းကလည်း လူကြိုက်များ နာမည်ကြီးတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၉) Summer By Calvin Harris

Source: Calvin Harris

၂၀၁၄ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး မြူးမြူကြွကြွလေးနဲ့မို့လို့ ပါတီပွဲတွေနဲ့ လိုက်ဖက်တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။​ သီချင်းလေးရဲ့ အဓိပ္ပါယ်ကတော့ သီချင်းထဲက ကောင်ကလေးက တစ်ခုသော နွေရာသီမှာ သူ့အတွက် ပြီးပြည့်စုံတဲ့ ကောင်မလေးတစ်ယောက်ကို ရှာတွေ့ခဲ့တဲ့ အကြောင်း ရေးဖွဲ့ထားတာပဲ ဖြစ်ပါတယ်။

(၁၀) Happier By Marshmallo ft. Bastille

Source: Marshmallo

ဒီသီချင်းလေးကတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သီချင်းက လူကြိုက်များလွန်းလို့ Billboard ရဲ့ နံပါတ် (၁) နေရာမှာ အချိန်အကြာကြီး ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ သီချင်းတွေထဲက ဘယ်သီချင်းကို နှစ်သက်ပါသလဲ။

Source: Youtube

Featured Image: Freepik