ကွီးတို့ရဲ့ ချစ်သူ ကောင်မလေးက ကိုကို တစ်ယောက်တည်း ချစ် တာပါလို့ ချွဲတဲ့အခါ ဖြစ်နိုင်ချေ နှစ်မျိုးရှိပါတယ်။ သူ(မ)သည် အမှန်အတိုင်း ပြောနေတာလည်း ဖြစ်နိုင်သလို ကွီးတို့ကို ပလေးချင်လို့ အိုဗာတင်းဖျော်ပြီး ပြောနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါဆိုရင် ကွီးတို့ကို တကယ်ချစ်တာလား (သို့) ပလေးနေတာလားဆိုတာ ဘယ်လိုသိနိုင်မလဲ။

အခုဖော်ပြပေးမယ့် အချက်များကို ကွီးတို့ရဲ့ ချစ်သူ ကောင်မလေးက ပြုလုပ်နေတဲ့အခါမျိုးမှာ ကွီးတို့ရဲ့ ခေါင်းပေါ်မှာ ဂျိုပေါက်လာနေပြီဆိုဆာ အသေအချာပါပဲ။

နှစ်ယောက်သားကြား ဆက်ဆံရေးတွေက ရုတ်ချည်း ပြောင်းလဲသွားမယ်

ကိုကို ချစ်

ဆက်ဆံရေးများ ပြောင်းလဲသွားတယ်ဆိုတဲ့နေရာမှာ နှစ်မျိုးဖြစ်နိုင်ပါတယ်။ တစ်မျိုးကတော့ ကွီးတို့ကို အရင်ကထက် ပိုမိုချစ်ပြမယ်။ ကိုကို တစ်ယောက်တည်းကိုပဲ သဲသဲက ချစ် တာပါဆိုတဲ့ စကားတွေနဲ့ ချွဲနွဲ့ပြမယ်။ အရင်က တစ်ခါမှ မလုပ်ဖူးတဲ့ အပြုအမူပေါင်းမျိုးစုံနဲ့ အိုဗာတင်းဖျော်နေမယ်ဆိုရင်တော့ စဥ်းစားစရာဖြစ်လာပါပြီ။

နောက်တစ်မျိုးကတော့ ကွီးတို့ကို လျစ်လျူရှုထားခြင်းပဲ ဖြစ်ပါတယ်။ အရင်ကလောက် ကွီးတို့ကို စိတ်မဝင်စားတော့မယ်။ အရင်ကဆို ကွီးတို့ ဘယ်သွားတယ်၊ ဘာလုပ်နေတယ်ဆိုတာကို မေးပေမယ့် နောက်ပိုင်းမှာ ကွီးတို့ကို စိတ်ဝင်စားမှု မရှိတော့ဘူးဆိုရင် သေချာပါတယ်၊ ကွီးတို့ရဲ့ ကောင်မလေးသည် ကွီးတို့ရဲ့ နောက်ကွယ်မှာ အခြားတစ်ယောက်နဲ့ တွဲခုတ်နေတာပါ။

ကွီးတို့ရဲ့ ကောင်မလေးသည် အရင်ကထက် လှတပတ ပြင်ဆင်ဝတ်စားလာမယ်

ကိုကို ချစ်

Photo: Freepik

ကိုယ်နဲ့ ချိန်းတွေ့မယ်ဆိုရင် အမြဲတမ်း ပိုသီပတ်သီနဲ့ ဖြစ်သလို ပြင်ဆင်တတ်ပေမယ့် နောက်ပိုင်းမှာတော့ ကိုရီးယား မင်းသမီးရှုံးအောင် ပြင်ဆင်နေပြီဆိုရင် သတိထားလိုက်ပါတော့။ သူ(မ)ရဲ့ လှပမှုကို ကွီးတို့ကို ပြသချင်နေတာလား (သို့) အခြားတစ်ယောက်အတွက်လားဆိုတာကို အခြေအနေ ပြန်သုံးသပ်ရပါမယ်။ နို့မဟုတ်ရင် ကွီးတို့ ခေါင်းမှာ ဂျိုထွက်လာမှာပဲ ဖြစ်ပါတယ်။

သူ(မ) ဘယ်သွားနေတယ်၊ ဘာလုပ်နေတယ်ဆိုတာမျိုးကို လျှို့ဝှက်လာမယ်

ကိုကို ချစ်

သူ(မ) ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာကိုလည်း သင့်ကို ပြောပြချင်မှ ပြောပြပါတော့မယ်။ သင်က မေးတဲ့အခါမျိုး (သို့) မသွားနဲ့ မလုပ်နဲ့လို့ တားမြစ်တဲ့အခါမျိုးမှာ ချုပ်ချယ်တယ်ဆိုတဲ့ စကားနဲ့ သင့်ကို ပြန်ပြီးစိတ်ဆိုးမယ်၊ သူ(မ) ဘာသာ စိတ်လွတ်လက်လွတ် နေနေမယ်ဆိုရင်တော့ ကွီးတို့အတွက် အခြေအနေ မကောင်းတော့ပါဘူး။

လိမ်ညာပြောဆိုမယ်

ကိုကို ချစ်

နောက်တစ်နည်းကတော့ သူ(မ) ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာကို ပြောတော့ပြောပါရဲ့။ ဒါပေမဲ့ အမှန်တွေကို ပြောနေတာတော့ မဟုတ်ပါဘူး။ ဥပမာ ဆိုကြပါစို့။ သူ(မ)ကို ယောကျာ်းလေး သူငယ်ချင်းတစ်ယောက်နဲ့ သင်က တွေ့လိုက်တယ်။ ဒါပေမဲ့ သင့်ကိုတော့ သူ(မ) အခင်ဆုံး သူငယ်ချင်းရဲ့ မွေးနေ့ပွဲရှိလို့ အပြင်သွားရမယ်ဆိုပြီး လိမ်ညာပြောဆိုတာမျိုးပါ။ ကွီးတို့ရေ ဒီအချက်ကတော့ ကွီးတို့ စကီလေး အခြားတစ်ယောက်နဲ့ တွဲခုတ်နေတယ်ဆိုတာ အသိသာဆုံးအချက်ပါပဲ။​

ကွီးတို့ကို မဟုတ်တမ်းတရားတွေနဲ့ စွပ်စွဲလာမယ်

couple arguing

နောက်တစ်ယောက်ရှိနေတဲ့ သူတွေသည် သူတို့ကို သံသယမဝင်အောင်လို့ဆိုပြီး သူတို့ကပဲ အရင်ဦးဆုံး ကွီးတို့ကို ဦးအောင် စွပ်စွဲမှာဖြစ်ပါတယ်။ ကွီးတို့က မေးခွန်းမေးဖို့ ကြံလိုက်တာနဲ့ သူတို့က ကွီးတို့မေးခွန်းနဲ့ပဲ ကွီးတို့ကို ပြန်စွပ်စွဲမှာဖြစ်ပါတယ်။ သူတို့သည် သူတို့ရဲ့ အပြစ်ရှိစိတ်ကို ဖုံးထားချင်တဲ့အတွက်ကြောင့် ဒီလိုမျိုး တစ်ဖန်ပြန်လည် စွပ်စွဲနေတာဖြစ်ပါတယ်။

ဖုန်းဆက်တိုင်းလည်း Busy ဖြစ်နေမယ်

couple arguing

သူ(မ)ကို တော်တော်နဲ့ ဆက်သွယ်လို့ မရဘူး။ ဖုန်းဆက်တိုင်းလည်း အမြဲတမ်း Busy ဖြစ်နေတတ်တယ်။ လိုင်းပေါ်မှာလည်း သိပ်မတွေ့ရဘူး။ လိုင်းပေါ်မှာ ကွီးတို့ စကားပြောရင်လည်း အဖက်မလုပ်ဘဲနဲ့ လျစ်လျူရှုထားတယ်။

ဒီလိုအချက်တွေကို ပြုလုပ်နေပြီး ကိုကို တစ်ယောက်တည်း ချစ် တာပါဆိုရင် ကွီးတို့ မျက်စိမှိတ် ယုံလိုက်မှာလား။

Source: Verywellmind

Featured Image: Freepik