ကိုယ်က အရူးအမူး ချစ်ပြလိုက် သူက ပေါ့ပေါ့ပါးပါး ပစ်ချလိုက်နဲ့ အချစ်ရေးမှာ ကံခေနေပါသလား။ ပိုချစ်ရတဲ့သူက ပိုခံစားရစမြဲပါပဲ။ သစ္စာ မရှိတဲ့ မိန်းမ တစ်ယောက်ကို ချစ်မိခဲ့တဲ့အတွက်ကြောင့် အချစ်ဆိုတာ နောက်ထပ်တောင် လက်တည့်မစမ်းချင်တော့လောက်အောင် ဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါပဲ။

သစ္စာမဲ့တဲ့ သူတွေအတွက်တော့ အချစ်ဆိုတာ ကစားစရာလေးပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့သော လူမျိုးကို ချစ်မိတဲ့အတွက်ကြောင့် ကြေကွဲနေရမယ်ဆိုရင် တစ်ရက်၊ နှစ်ရက် တော်ပြီပေါ့။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဒီလိုမျိုး သစ္စာ မရှိတဲ့ မိန်းမ တစ်ယောက်အတွက် ကြေကွဲနေမယ်ဆိုရင် ကွီးတို့ပဲ ရှုံးသွားပါလိမ့်မယ်။ သူ့ဘက်ကလည်း သစ္စာမဲ့မှတော့ ကိုယ့်ဘက်ကလည်း ခပ်ပြတ်ပြတ်ပဲ နေရမှာပေါ့။ မဟုတ်ဘူးလား။

တကယ်လို့ ကွီးတို့အနေနဲ့ ထိုအသည်းကွဲ ဝေဒနာကို မခံစားနိုင်ဘူးဆိုရင်တော့ ဒီနည်းလမ်းကောင်းများကို အသုံးချနိုင်ပါတယ်။ ဒီနည်းလမ်းတွေကလည်း ကွီးတို့ကို အသည်းကွဲ ဒဏ်ရာကနေ ပြန်လည် ကုစားပေးမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့

သစ္စာ မိန်းမ

“ငါက အသုံးမကျလို့ ငါ့အပေါ်မှာ သစ္စာမဲ့ပြီး အခြားတစ်ယောက်နဲ့ ဖောက်ပြန်သွားတာနေမှာ” ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်မတင်လိုက်ပါနဲ့။ ဖောက်ပြန်တဲ့ ဗီဇ ရှိသူတွေသည် သကြားမင်း ဆင်းချွတ်တောင် ကျွတ်မှာ မဟုတ်ပါဘူး။ ကိုယ့်ဘက်က ဘယ်လောက်ပဲ ဖြည့်ဆည်းပေးပေး၊ ဘယ်လောက်ပဲ ကောင်းပေးနေပါစေ၊ နောက်လူနဲ့ ဖောက်ပြန်မှာပါပဲ။ သူ ဖောက်ပြန်သွားတာသည် ကွီးတို့နှင့် မဆိုင်ပါဘူး။ သူ့ရဲ့ ဗီဇသာဖြစ်ပါတယ်။

ကိုယ် ယုံကြည်ရတဲ့ သူ တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ

သစ္စာ မိန်းမ

တစ်ယောက်တည်း ကြိတ်ခံစားနေရတာသည် ပိုပြီး နာကျင်ခံစားရပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ အရင်းနှီးဆုံး ဘော်ဒါတစ်ယောက်ယောက်ထံ​ ရင်ဖွင့်လိုက်ပါ။ ရင်ဖွင့်ပြီး ဘီယာလေး တစ်ခွက်၊ နှစ်ခွက်လောက် ကစ်လိုက်လည်း အိုကေပါတယ်။ မူးချင်သလောက် မူးပစ်လိုက်ပါ။ သို့သော် ဒီ အချက် (၃) ချက်ကိုတော့ သတိထားရပါမယ်။

(၁) အသည်းကွဲတဲ့ ရက်ကို နည်းနိုင်သမျှ နည်းအောင် လျော့ချပါ။ ဖြစ်နိုင်ရင် တစ်ညလောက်ပဲ အသည်းကွဲပါ။

(၂) ကွီးတို့ မိဘတွေရှေ့မှာ ကွီးတို့ အသည်းကွဲ မူးရူးနေတဲ့ ပုံစံ မပြပါနဲ့။ သူတို့တွေ စိတ်မကောင်းဖြစ်သွားပါလိမ့်မယ်။

(၃) မူးနေတဲ့ အချိန်မှာ ဖောက်ပြန်သွားတဲ့လူကို ဖုန်းဆက်ပြီးတော့ “ပြန်လာခဲ့ပါလားဟာ၊ ငါ နင် မရှိရင် မနေနိုင်လို့ပါ” ဆိုပြီး မတောင်းပန်ပါနဲ့။

သစ္စာ မဲ့တဲ့ မိန်းမ ကို ခွင့်လွှတ်ပေးလိုက်ပါ

သစ္စာ မိန်းမ

ခွင့်လွှတ်ခြင်းက ငြိမ်းအေးခြင်းပါပဲ။ ကွီးတို့ အသည်းကွဲ ဝေဒနာကို မြန်မြန်ဆန်ဆန် ကျော်လွှားချင်ပါက သူ(မ)ကို မြန်မြန် ခွင့်လွှတ်ပေးလိုက်ပါ။ ဖြစ်ချိန်တန်လို့ ဖြစ်သွားတယ်လို့ပဲ မှတ်ယူလိုက်ပါ။ သူ့ထက် အဆ ထောင်ပေါင်းများစွာ ပိုကောင်းတဲ့ လက်တွဲဖော်ကို ပြန်လည်ပိုင်ဆိုင်ရရှိပါလိမ့်မယ်။

မိမိ ကိုယ်ကို ဂရုစိုက်ပါ

man workout

အစားကို အချိန်မှန်မှန်စားပါ။ ကိုယ်ခန္ဓာ ကျန်းမာပြီး အဆီပိုများ ကင်းဝေးကာ ဆွဲဆောင်မှု ကောင်းချင်တယ်ဆိုရင်တော့ Gym သွားကာ လေ့ကျင့်ခန်း သွားဆော့နိုင်ပါတယ်။ အိပ်ရေး ဝဝ အိပ်စက်ပါ။ အရင်က သူ(မ)အတွက် အချိန်ပေးခဲ့လို့ ကိုယ့်ကိုယ်ကို ဂရုမစိုက်မိခဲ့တဲ့ အချိန်တွေအတွက် အတိုးချကာ ကိုယ့်ကိုယ်ကို ပြန်ဂရုစိုက်လိုက်ပါ။ ကိုယ် ဝါသနာပါတဲ့ အရာများအတွက်လည်း အချိန်ပေးပါ။ ဘော်ဒါတွေနဲ့လည်း ပျော်ပျော်ပါးပါး အပြင်ထွက် သွားလာပါ။

နောက်ထပ် Relationship တစ်ခုကို အလျင်စလို လုပ်ယူခြင်းမှလည်း ရှောင်ကြဥ်ပါ

couple

သစ္စာ မဲ့တဲ့ မိန်းမ ကို အရွဲ့ တိုက်ချင်စိတ်နဲ့ နောက်ထပ် တစ်ယောက် မြန်မြန်ထားတာကရော နောက်တစ်ယောက်အတွက် တရားပါ့မလား။ ဒီလို ပြုလုပ်ခြင်းသည် စောစောက ရည်းစားဟောင်းအပေါ်မှာ ကွီးတို့ စိတ်မပြတ်နိုင်သေးကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။ တကယ်လို့ ရည်းစားသစ်နဲ့ Relationship အသစ်တစ်ခု တည်ဆောက်နေချိန်မှာ ရည်းစားဟောင်းက ပြန်လာချင်တယ်ဆိုရင် ကွီးတို့ စိတ်ကို နိုင်ရဲ့လား။

ဒီလို အချက်တွေကြောင့် ကိုယ် တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက် မတွေ့မချင်း အချိန်တစ်ခုကို စောင့်ကာ နောက်ထပ် ရည်းစား အသစ်တစ်ယောက်ထားဖို့ သေချာ အချိန်ယူသင့်ပါတယ်။

နောက်ဆုံးအနေနဲ့ အရေးကြီးဆုံး တစ်ချက်က အခြားတစ်ယောက်နဲ့ ဖောက်ပြန်ပြီး ကိုယ့်အပေါ် သစ္စာမဲ့တဲ့ မိန်းမတစ်ယောက်ကို အမှတ်သည်းခြေမရှိဘဲ နောက်တစ်ကြိမ် ထပ်တွဲရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲဗျို့။

Source: Marriage

Featured Image: Cosmopolitan