ကိုယ့်ကိုယ်ကို ယုံကြည်မှု ဆိုတာ ကိုယ့်ရဲ့ ပင်ကိုယ်တန်ဖိုး အစစ်အမှန်ကို အတွင်းကျကျသိပြီး မတုန်လှုပ်ဘဲတည်ကြည်တဲ့ စိတ်ဓာတ်ရှိခြင်းပဲဖြစ်ပါတယ်။ ဒီ စိတ်ဓါတ်တွေဟာ ဘဝမှာ ထိပ်တန်းရောက် အောင်မြင်သူတွေရဲ့ အားထားရာ လက်နက်ပါပဲ။ Self-Confidence ဟာ ပြုပြင်ဖန်တီးယူနိုင်တဲ့ အရာတစ်ခုဖြစ်တာကြောင့် ကွီးတို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ လေ့ကျင့်ယူနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၂) လူတွေရဲ့ အမြင်တွေကို လျစ်လျူရှု့ထားပါ

Photo : Pexels

အမြဲတမ်း တစ်ခြားသူတွေရဲ့ သဘောထားမှတ်ချက်တွေနဲ့ နေထိုင်မယ်ဆိုရင် ကိုယ်ပိုင်ဘဝဆိုတာရှိတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့အတွက် အရေးကြီးဆုံးအရာက ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးကို အနှစ်ကျကျ နားလည်ဖို့ပါပဲ။ ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ ခေါင်းဆောင်ကြီးတွေ ၊ ဆုံးဖြတ်ချက်ချသူတွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ သူတို့ပုံရိပ်ကို ထင်ရှားသထက် ထင်ရှားအောင် ဖန်တီးပြီး အရေးမပါတဲ့ အယူအဆတွေကို ခေါင်းထဲ အဝင်မခံသူတွေ ဖြစ်ပါတယ်။

(၂) အခက်အခဲတွေကို ရင်ဆိုင်ပါ


Photo : Pexels

လူတွေဟာ အကောင်းမြင်စိတ် နဲ့ အကောင်းမြင်ခြင်းအကြောင်းကို တန်ဖိုးထား ပြောကြပါတယ်။ အကောင်းမြင်ခြင်းဟာ ပိုပြီး ပျော်ရွှင်စေတဲ့ ခံယူချက်တစ်ခု ဖြစ်ပေမယ့် အကောင်းမြင်မှုကို ပုံမှားရိုက်တဲ့ စိတ်တစ်မျိုးလည်း ရှိပါတယ်။ အဲ့ဒါကတော့ ဖြစ်သမျှကို လည်စင်းခံ လိုက်တာပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ရင်ဆိုင်ရမှာပါ။ တစ်လှမ်းလောက် ရှေ့တိုးပြီး အခက်အခဲတွေကို စိန်ခေါ်ရဲဖို့လိုပါတယ်။ ကျွန်တော်တို့ကို လွှမ်းခြုံထားတဲ့ အမှောင်တွေကနေ လွန်မြောက်စေဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ ယုံကြည်မှုနဲ့ အလင်းရောင်ထွန်းလင်း လိုက်ခြင်းပါပဲ။

(၃) ဘဝဇာတ်ညွန်းပြောင်း ရေးပါ


Photo : Pexels

ဘဝဟာ ဇာတ်ခုံကြီး ဖြစ်ပြီး လူတွေဟာဇာတ်ကောင်တွေ ဖြစ်တယ်လို့ ရှိတ်စပီးယားက ပြောဖူးပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝတွေဟာ ကိုယ့်ရဲ့ ဇာတ်လမ်း ကိုယ်ရေးပြီး ကိုယ့်ဇာတ်ရုပ်မှာ ကိုယ်ကနေကြတာပါ။ ကိုယ်လိုချင်တဲ့ ဇာတ်ရုပ်နဲ့ ဇာတ်ကောင်ပုံစံကို ကိုယ့်ဘာသာ ဖန်တီးရမှာ ဖြစ်ပြီး လိုအပ်ရင်ဇာတ်ညွန်းပြောင်း ရေးရမှာပါ။ ဒီနေ့ ကိုယ်ရေးလိုက်တဲ့ ဇာတ်ညွှန်းကြောင့် ပိုပြီး တိုးတက်လာသလား။ ဘယ် လောက် ပြောင်မြောက်အောင် ပါဝင်ခဲ့သလဲ။ ကိုယ့်ကိုယ်ကိုယ် မေးပါ။

(၄) ယုံကြည်မှုလျော့စေမယ့် စကားလုံးတွေ ဖျောက်ဖျက်ပါ


Photo : Pexels

ကျွန်တော်တို့ဟာ အချိန်တိုင်း စကားပြောပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နှုတ်အားဖြင့် စကားပြောကြသလို ၊ ကိုယ့်ခေါင်းထဲမှာတင် ကိုယ့်ဘာသာ စကားဝိုင်းဖွဲ့နေရင်းနဲ့ ကျွန်တော်တို့ရဲ့ အချိန်တွေ ကုန်ဆုံးနေကြတာပါ။ ဒီလိုပြောတဲ့ စကားတွေထဲမှာ ကိုယ်ကိုယ်ကို ယုံကြည်မှုလျော့စေမယ့် ငါ မလုပ်နိုင်ဘူး ၊ ဖြစ်ပါ့မလား ၊ အဲလို ဖြစ်ရမှာ ၊ ဒီလို ဖြစ်ပါစေ စတဲ့ စကားလုံးတွေကို အပြီးတိုင် ဖျောက်ဖျက်ပစ်ဖို့ တိုက်တွန်းချင်ပါတယ်။

Featured Photo : Pexels