စာဖတ်သူ ကွီး တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပြီး စမတ်ကျ နေတဲ့ လူကြီးလူကောင်း တစ်ယောက်ဖြစ်ကြောင်း ပြသဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီလား။

ဒီဆောင်းပါးလေးက ကွီး တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာအတွက်သာမက စိတ်ပိုင်းဆိုင်ရာအတွက်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပြီး စမတ်ကျ နေအောင် ကူညီပေးမှာဖြစ်ပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းမှုရှိပါ

How to Be Your Best Self & Look More Attractive

ဟုတ်ပါတယ်။ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်က သပ်သပ်ရပ်ရပ်နဲ့ သန့်ပြန့်ကျော့မော့နေမှသာလျှင် စမတ်ကျတဲ့ အသွင်အပြင် ပေါ်လွင်မှာပါ။ ကွီးတို့သည် နေ့ရက်တိုင်းမှာ တစ်ကိုယ်ရည် သန့်ရှင်းရေးကို အလေးပေး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

မျက်နှာက အဆီပြန်နေတာမျိုး၊ ခေါင်းမှာ ဗောက်တွေနဲ့ ပြည့်နှက်နေတာမျိုးဆို ကွီးတို့သည် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိဖို့ဆိုတာ ဝေးစွ စမတ်ကျစေတဲ့ ပုံရိပ်တောင် ပျောက်သွားပါလိမ့်မယ်။

သွားနှင့် ခံတွင်း ကျန်းမာရေးကို ဂရုစိုက်ပါ

How to Be Your Best Self & Look More Attractive

ဒီအချက်သည်လည်း အရေးကြီးပါတယ်။ သွားမှာ သွားချေးတွေ ကပ်နေပြီး ခံတွင်နံ့ မကောင်းတဲ့သူအနားမှာ ဘယ်သူမှ နေချင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သွားနှင့် ခံတွင်း ကျန်းမာရေးအတွက် တစ်နေ့လျှင် နှစ်ကြိမ် သွားတိုက်ပေးဖို့လိုအပ်ပြီး အစား စားပြီးတိုင်းမှာလည်း ပလုတ်ကျင်းပေးဖို့ မမေ့ပါနဲ့။

အသားအရေနှင့် ဆံကေသာ အလှအပ

How to Be Your Best Self & Look More Attractive

ဒီအချက်သည်လည်း ရုပ်ပိုင်းဆိုင်ရာ ယုံကြည်မှုရှိရေးအတွက် အရေးကြီးပါတယ်။ တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ် ခေါင်းလျှော်ပါ။ ခေါင်းလျှော်တိုင်းမှာ Shampoo နဲ့ Conditioner တို့ အသုံးပြုပါ။

အသားအရေအလှအပအတွက်လည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဝက်ခြံများကို လက်ဖြင့် ညှစ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့ရဲ့ လက်ချောင်းထိပ်မှာ ဘက်တီးရီးယားတွေ ရှိနေတဲ့အတွက် ဝက်ခြံကို လက်နဲ့ သွားဆိတ်လို့ ပိုးဝင်သွားတဲ့အခါ နောက်ထပ် မျက်နှာက အဖု အပိန့်တွေ ထပ်ပွားလာမှာဖြစ်ပြီး ကြည့်လို့လှတော့မှာမဟုတ်ပါဘူး။

ကွီး တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ယုံကြည်မှု အတွက် ဖတ်ပြီးသွားပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု တိုးမြှင့်အောင် စမတ်ကျ နေအောင် ဘယ်လိုလုပ်ရမလဲ ဆက်ဖတ်ကြည့်လိုက်ရအောင်။

ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို အထင်မသေးပါနဲ့

ကွီး ယုံကြည်မှု စမတ်ကျ

ကွီး တို့သည် ကွီးတို့ ထင်ထားတာထက်ကို လုပ်နိုင်စွမ်းရှိပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းကို ဘယ်တော့မှ အထင်မသေးလိုက်ပါနဲ့။ ကွီးတို့သည် အရည်အချင်းရှိတဲ့အတွက်ကြောင့် နေရာတစ်ခုအထိ ရောက်လာပြီမဟုတ်လား။ ဘာ့ကြောင့် ကိုယ့်ကိုယ်ကိုယ် သံသယစိတ်တွေနဲ့ ညှင်းပန်းနှိပ်စက်နေမှာလဲ။

ကိုယ့်ကိုယ့်ကိုယ် သံသယစိတ်နဲ့ အထင်သေးနေမယ့်အစား ကိုယ့်ကိုယ့်ကိုယ် ယုံကြည်လိုက်ပါ။ ကိုယ့်ရဲ့ ယုံကြည်မှုကို မြှင့်တင်ကာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို အရှိန်မြှင့်တင်လိုက်ပါ။

မိမိကိုယ်ကိုယ် ချစ်ပါ

ကွီး ယုံကြည်မှု စမတ်ကျ

ဒီအချက်သည် ကွီး တို့ အမြဲတမ်း မေ့လျော့နေတတ်တဲ့အချက်တစ်ခုပါ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပြီး စမတ်ကျ တဲ့ဘဝမှာ နေထိုင်ချင်တယ်ဆိုရင် မိမိကိုယ်ကိုယ် ချစ်မြတ်နိုးဖို့လိုအပ်ပါတယ်။ အမြဲတမ်း သူများကို ဦးစားပေးပြီး အားနာနေခြင်းသည် မကောင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဦးစားပေး ချစ်မြတ်နိုးဖို့ လိုအပ်တာကြောင့် ဒီအချက်ကို ခေါင်းထဲမှာ အမြဲတမ်း အမှတ်ရနေပေးဖို့လိုအပ်ပါတယ်။

အကောင်းဆုံးကို မျှော်လင့်ထားပြီး အရှုံးနဲ့ ရင်ဆိုင်ရပါကလည်း လက်မလျော့လိုက်ပါနဲ့

ကွီး ယုံကြည်မှု စမတ်ကျ

လောကမှာ အရှုံးနဲ့ ရင်ဆိုင်ရတိုင်းသာ လက်မြှောက်အရှုံးပေးရမယ်ဆိုရင် ကမ္ဘာပေါ်မှာ အောင်မြင်တဲ့လူသားဆိုတာ ပေါ်ပေါက်လာမှာတောင် မဟုတ်ပါဘူး။ နည်းပညာများလည်း ယခုလိုမျိုး ဖွံ့ဖြိုးတိုးတက်လာမှာမဟုတ်သလို ကျွန်တော်တို့ လူသားတွေသည်လည်း ကျောက်ခေတ်ကနေ ယနေ့ အိုင်တီခေတ်ဆီကိုတောင် ရောက်လာမှာမဟုတ်ပါဘူး။

အောင်မြင်တဲ့ လူသားတိုင်းသည် ရှုံးနိမ့်မှုနဲ့ အနည်းဆုံး တစ်ကြိမ်လောက်တော့ ကြုံတွေ့ရစမြဲပါ။ ထို့ထက်လည်း ပိုနိုင်ပါတယ်။ ကွီး တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပြီး စမတ်ကျ ကျ နေထိုင်နိုင်ရုံနဲ့ မပြီးသေးပါဘူး။ ကိုယ့်ရဲ့ဘဝမှာ အရှုံးနဲ့ ရင်ဆိုင်ရပါကလည်း အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နိုင်အောင် ပြင်ဆင်ထားဖို့လိုအပ်ပါသေးတယ်။

ကမ္ဘာကြီးက ကိုယ့်ကို စမ်းသပ်လာတဲ့အရာအားလုံးအတွက် အမြဲတမ်း အသင့်ဖြစ်နေပါစေ

ကွီး ယုံကြည်မှု စမတ်ကျ

မဖြစ်လာသေးတဲ့အရာအတွက် တွေးတောပူပန်ခြင်းသည် ကွီးတို့ကို နှလုံးရောဂါ ရစေတာသာ အဖတ်တင်ပြီး ယုံကြည်မှုရှိပြီး စမတ်ကျတဲ့ဘဝနဲ့ အလှမ်းဝေးသွားစေပါတယ်။ ကိုယ် မထိန်းချုပ်နိုင်တဲ့အရာအတွက် ဘာ့ကြောင့် ပူပန်နေမှာလဲ။ ကြုံတွေ့လာသမျှအတွက် အကောင်းဆုံးရင်ဆိုင်ပါ။ ပြုံးပြုံးကြီးသာ ရင်ဆိုင်ပစ်လိုက်ပါ။ အရာအားလုံးကို အေးဆေးလေး အနိုင်ယူကျော်လွှားသွားနိုင်ပါလိမ့်မယ်။

ရာနှုန်းပြည့် ပြီးပြည့်စုံရမယ်လို့ စိတ်ထဲထင်လာတဲ့အခါ

ကွီး ယုံကြည်မှု စမတ်ကျ

လူသားတိုင်းသည် သူ့အားနည်းချက် အားသာချက်နဲ့သူ ရှိကြပါတယ်။ ပြီးပြည့်စုံတဲ့ လူသားဆိုတာ မရှိပါဘူး။ ကွီး တို့သည် အရာရာမှာ ပြီးပြည့်စုံနိုင်ဖို့ရန်အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိနေပြီး စမတ်ကျ ကျနဲ့ အောင်မြင်မှုကို လျှောက်လှမ်းနိုင်ဖို့ ကြိုးစားနေပါသလား။

အရာရာမှာ ပြီးပြည့်စုံရမယ်ဆိုတဲ့ စိတ်တစ်ခုကိုပဲ ဖျောက်ပစ်လိုက်ပါ ကျန်တဲ့အရာတွေသည် ကွီးတို့ ကြိုးစားယူလိုက်ရင် အလွယ်လေးဖြစ်လာမှာဖြစ်ပါတယ်။

ဒီအချက်များသည် ကွီး တို့ကို ဘဝမှာ ယုံကြည်မှု ရှိရှိနဲ့ စမတ်ကျ အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ ဒီအချက်များကို ကြိုးစားလုပ်ဆောင်ကာ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Source: Ties.com

Featured Image: Medium