ဒီနေ့ခေတ်မှာ ဖက်ရှင်ကို အမျိုးသမီးတွေကသာမက အမျိုးသားတွေပါ စိတ်ဝင်စားလာကြပါတယ်။ ဖက်ရှင်ရေစီးကြောင်းကလည်း တစ်နေ့ထက်တစ်နေ့ ကြီးမားလာနေပါတယ်။ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်ပုံက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြရာရောက်သလို Impression ကောင်းစေဖို့အတွက်လည်း အထောက်အကူပြုပါတယ်။ အဝတ်အစား ဝတ်ဆင်တဲ့နေရာမှာ ကိုယ်နဲ့လိုက်ဖက်ညီရုံသာမက ရာသီဥတုနဲ့ သဟဇာတဖြစ်မှ စတိုင်လ်ကျပြီး ကြည့်ကောင်းစေမှာပါ။ အခုအချိန်က နွေရာသီလည်း ရောက်နေပြီဆိုတော့ ကိုယ့်အထာနဲ့ ကိုယ် ပေါ့ပေါ့ပါးပါး စတိုင်လ်ကျကျ ဂေါ်လို့ရမဲ့ နွေရာသီနဲ့ လိုက်ဖက်တဲ့ ဖက်ရှင် လေးတွေကို ဖော်ပြပေးသွားပါမယ်။

စတိုင်လ် (၁)

ကိုယ့်အထာနဲ့ ကိုယ်

Photo : APE

နွေရာသီနဲ့ လိုက်ဖက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ အထာကျစေဖို့ဆိုရင် Chinos ဘောင်းဘီတွေက ရွေးချယ်လို့ အကောင်းဆုံးပါပဲ။ Chinos ဘောင်းဘီတွေကို ကွီးတို့ ကြိုက်နှစ်သက်ရာ တီရှပ် တစ်ထည်ထည်နဲ့ တွဲဝတ်လိုက်ပါ။ အစင်းပါတဲ့ တီရှပ်တွေက ကွီးတို့အတွက် ရိုးရှင်းသော စတိုင်လ်ကျမှုကို ပေးစွမ်းနိုင်ပါတယ်။

စတိုင်လ် (၂)

ကိုယ့်အထာနဲ့ ကိုယ်

Photo : APE

ဘောင်းဘီတို ဝတ်ရတာ မကြိုက်တဲ့ ကွီးတို့ ရှိကောင်းရှိနိုင်ပါတယ်။ သို့သော်လည်း ဘောင်းဘီတိုတွေက နွေရာသီနဲ့ လိုက်ဖက်တဲ့အပြင် တကယ်ကို ဆန်းသစ်ပြီး လွတ်လပ်တဲ့ စတိုင်လ်ကို ပေးစွမ်းနိုင်တယ်ဆိုတာ မမှားပါဘူး။ ရိုးရှင်းတဲ့ ဘောင်းဘီတိုနှင့် ရှပ်အင်္ကျီပေါင်းစပ်မှုက စမတ်ကျပြီး ပေါ့ပေါ့ပါးပါးနဲ့ အထာကျစေမှာပါ။

စတိုင်လ် (၃)

ကိုယ့်အထာနဲ့ ကိုယ်

Photo : GQ

ကိုယ့်အထာနဲ့ ကိုယ် စတိုင်ကျကျ ဂေါ်ဖို့ဆိုရင် ဂျင်းတွေကလည်း ဖယ်ထားလို့မရပါဘူး။ ဂျင်းတွေက ရာသီဥတုတော်တော်များများနဲ့ လိုက်ဖက်ပြီး နွေရာသီမှာလည်း စတိုင်လ်အမျိုးမျိုးနဲ့ ဝတ်လို့ရပါတယ်။ တီရှပ်အပွနဲ့ ဖြစ်စေ၊ ရှပ်အင်္ကျီနဲ့ ဖြစ်စေ ဝတ်ဆင်လိုက်ပါ။ ဂျင်းဘောင်းဘီကို ကြိုက်တဲ့ ပုံစံ ရွေးချယ်နိုင်ပါတယ်။ ဒီစတိုင်လ်က ဘယ်တော့မှ ခေတ်နောက်ကျ ကျန်မနေခဲ့မဲ့ စတိုင်လ်ပါပဲ။

စတိုင်လ် (၄)

ကိုယ့်အထာနဲ့ ကိုယ်

Photo : Pinterest

အဖြူရောင်က အေးချမ်းမှု၊ ရှင်းသန့်မှုကို‌ ပေးစွမ်းနိုင်တဲ့ အရိုးရှင်းဆုံးအရောင်ပါ။ ဒါ့အပြင် ဘယ်အရောင်နဲ့ တွဲဖက်ဝတ်ဆင်သည် ဖြစ်ပါစေ၊ အမှန်တကယ်ပဲ လိုက်ဖက်ပါတယ်။ ဘယ်ရာသီဥတု မဆို ဝတ်ဆင်လို့ရတဲ့ အရောင်ဆိုလည်း မမှားပါဘူး။ အများကြီး စဉ်းစားစရာမလိုဘဲ စတိုင်လ်မိချင်ရင်တော့ အဖြူရောင်တီရှပ် တစ်ထည်ကို ကွီးတို့မှာ ရှိတဲ့ စိတ်ကြိုက်ဘောင်းဘီ တစ်ထည်နဲ့ တွဲဖက် ဝတ်ဆင်လိုက်ပါ။ ရွေးချယ်မှု မှန်ကန်မှာတော့ ရာနှုန်းပြည့် အာမခံပါတယ်။

စတိုင်လ် (၅)

Photo : Pinterest

နွေရာသီမှာ အနည်းငယ်ပွတဲ့ ရှပ်ရောင်စုံတွေကို ဝတ်ဆင်တာကလည်း တကယ်ကို အထာကျကျနဲ့ စတိုင်လ်မိစေမှာပါ။ ရှပ်အင်္ကျီကို ကြယ်သီးအနည်းငယ် ဖြုတ်ပြီး လက်ကို ခေါက်တင်ထားတဲ့ စတိုင်လ်က ပေါ့ပါးလွတ်လပ်မှုနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံကို ပေါ်လွင်စေပါတယ်။ ဒါ့အပြင် ချည်သား ရှပ်အင်္ကျီရောင်စုံက နွေရာသီနဲ့ တကယ်ကို လိုက်ဖက်ပါတယ်။

စတိုင်လ် (၆)

Photo : Pinterest

အောက်က Tee ကို ဝတ်ဆင်ပြီး အပေါ်ကနေ ရှပ်အင်္ကျီလက်တိုကို ဝတ်ဆင်ခြင်းက ငယ်ရွယ်နုပျိုမှုကို ဖော်ဆောင်စေပါတယ်။ ဘောင်းဘီကိုတော့ ဂျင်းဘောင်းဘီကို ဖြစ်စေ၊ Chinos ဘောင်းဘီကို ဖြစ်စေ ဝတ်ဆင်လို့ရပါတယ်။

စတိုင်လ် (၇)

Photo : Pinterest

ပုံနှိပ်ပုံစံနဲ့ ကာလာစုံ အင်္ကျီတွေကလည်း နွေရာသီနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တစ်ခုပါပဲ။ ယောကျ်ားလေးတော်တော်များများ ဝတ်ဆင်ဖို့ ဝန်လေးတတ်တဲ့ ပုံစံဆိုပေမဲ့ တကယ်တမ်းတော့ ဖက်ရှင်ကျပြီး သစ်လွင်ပေါ့ပါးကာ ဆန်းသစ်မှုကို ပေးစွမ်းနိုင်တဲ့ ဖက်ရှင်တစ်ခုပါ။

ကွီးတို့ရေ ကိုယ့်အထာနဲ့ ကိုယ် ဂေါ်မယ်ဆိုရင် အခုဖော်ပြပေးလိုက်တဲ့ ဖက်ရှင်တွေကို Try ကြည့်ဗျို့။

Featured Photo : Style Tuner