ကွီး တို့ရဲ့ ဖက်ရှင် က မော်ဒယ် ရှုံးရလောက်တဲ့ ဖက်ရှင်မျိုးလား၊ ဒါမှမဟုတ် ရေရေလည်လည် ဂွမ်း နေတဲ့ ဖက်ရှင်မျိုးလား။ ကွီး တို့ရဲ့ ဖက်ရှင် က ရေလည် ဂွမ်း နေတယ်ဆိုရင်တော့ ဒီတစ်သက်တော့ ဆော်ကြည်ဘဲဘဝကို ရရှိပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။

ကွီးတို့ရဲ့ ဖက်ရှင်ကို အမိုက်စား ဖက်ရှင်အဖြစ် ပြောင်းလဲပစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြမယ့် လျှို့ဝှက်ချက်များကို အသုံးချနိုင်ပါတယ်။

ဘောင်းဘီတိုတွေ ဝတ်ပြီး ရှိုးထုတ်ချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ

ကွီး ဖက်ရှင် ဂွမ်း

ပထမပုံကတော့ ကွီးတို့ ထိုကဲ့သို့ ရှိုးထုတ်နိုင်ကြောင်း ပြသထားတာဖြစ်ပါတယ်။ အောက်ဆုံး နှစ်ပုံကတော့ ရှောင်ရမယ့် ပုံပဲဖြစ်ပါတယ်။ ဘောင်းဘီတိုဆိုရင် ဒူးခေါင်းဖုံးတဲ့ အတိုမျိုးကို ရှောင်ကြဥ်သင့်ပါတယ်။ ကွီးတို့ကို အရပ်ပုသွားစေပြီး ကွီးတို့ ဖက်ရှင်က ကို့ရားကားယားနိုင်လှပါတယ်။

တီရှပ်တွေ ဝတ်မယ်ဆိုရင်

ကွီး ဖက်ရှင် ဂွမ်း

ရိုးရိုး လည်ပင်းအဝိုင်း တီရှပ်မျိုးကို ဝတ်ဆင်သင့်ပါတယ်။ ဗွီပုံသဏ္ဍာန် တီရှပ်ဝတ်ခြင်းကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။ နောက်ဆုံးပုံကတော့ ကွီး တို့ရဲ့ ဖက်ရှင် ကို ရေရေလည်လည် ဂွမ်းသွားစေတာ သိသာပါတယ်။

ကွင်းထိုးဖိနပ်တွေနဲ့ ရှိုးထုတ်မယ်ဆိုရင်

ကွီး ဖက်ရှင် ဂွမ်း

ကွင်းထိုးဖိနပ်တွေ ဝတ်မယ်ဆိုရင် ခြေအိတ် မဝတ်ပါနဲ့။ ခြေအိတ်ဝတ်ချင်တယ်ဆိုရင်တော့ Sneakers ဖိနပ်တွေ၊ ရှူးဖိနပ်တွေကိုသာ ဝတ်ဆင်သင့်ပါတယ်။

နေကာမျက်မှန် တပ်မယ်ဆိုရင်

ကွီး ဖက်ရှင် ဂွမ်း

နေကာမျက်မှန် ရွေးချယ်တဲ့အခါ Classic ဆန်တဲ့ မျက်မှန်ဒီဇိုင်းမျိုးကို ရွေးချယ်သင့်ပါတယ်။ ကလေကလားဆန်တဲ့ ဒီဇိုင်းမျိုးကို ရှောင်ကြဥ်သင့်ပြီး မျက်မှန်ကို ခေါင်းပေါ်မှာ ဘီးကုတ်လို ကုတ်ထားတာမျိုး (သို့) နောက်စေ့နားမှာ တပ်ထားတဲ့ ပုံစံမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

ရှပ်အင်္ကျီနဲ့ ရှိုးထုတ်မယ်ဆိုရင်

man fashion

ရှပ်ပြောင်က ကွီးတို့ဖက်ရှင်အတွက် အကောင်းဆုံးပါပဲ။ ကွီးတို့ကို လူကြီးလူကောင်းဆန်တဲ့ Gentleman စတိုင်လ်မျိုး ရရှိသွားစေမှာပဲ ဖြစ်ပါတယ်။ Crop Top ရှပ်ကတော့ မိန်းကလေးတွေရဲ့ စတိုင်လ်ဆိုတော့ ကွီးတို့ မဝတ်တာ အကောင်းဆုံးပါပဲ။

လက်ပတ်နာရီ ဝတ်ဆင်တဲ့အခါ

man fashion

လက်ပတ်နာရီကတော့ ကွီးတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်တစ်ခုပဲ ဖြစ်ပါတယ်။ လက်ပတ်နာရီ ရွေးချယ်တဲ့အခါ သေးလွန်းတဲ့ လက်ပတ်နာရီများက မိန်းကလေးဆန်စေတာမို့ သေးလွန်းတဲ့ ဒီဇိုင်းတွေကို မရွေးချယ်မိပါစေနဲ့။ ပုံမှန်အရွယ်အစား နာရီဒီဇိုင်းလေးတွေကတော့ ကွီးတို့အတွက် အသင့်တော်ဆုံးပါပဲ။

ကွီးတို့ရော အခုဖော်ပြသွားခဲ့တဲ့ ဖက်ရှင် အလွဲတွေထဲက ဘယ်လိုဖက်ရှင်အလွဲလေးတွေကို ပြုလုပ်မိနေပြီလဲ။

Source: Ruinmyweek

Featured Image: Myfairladybway