ကျန်းမာရေးနှင့် ညီညွှတ်တဲ့ လူနေမှုဘဝပုံစံသည် အကျိုးကျေးဇူးများစွာကို ဆောင်ကျဥ်းပေးပါတယ်။ နှလုံးရောဂါ ၊ ဆီးချိုရောဂါ ၊ သွေးတိုးရောဂါ ၊ အဝလွန်ခြင်းနှင့် အခြားသော ရောဂါဘယများ မခံစားရအောင် ကာကွယ်ပေးပါတယ်။ ဒီလိုမျိုး ကျန်းမာတဲ့ လူနေမှု ဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကွီးတို့ရဲ့ ကိုယ်ခံ စွမ်းအားကို မြှင့်တင်ပေးမယ့် အလေ့အကျင့် ကောင်းများကို ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

အစားအစာများကို အချိန်မှန်မှန်စားသုံးပါ

man food

အစားအစာများကို အချိန်မှန်မှန် စားသုံးခြင်းအလေ့အကျင့်သည် နေ့စဥ်မှန်မှန်ပြုလုပ်ရမယ့် အလေ့အကျင့်ပဲ ဖြစ်ပါတယ်။ နို့မဟုတ်ရင် အချိန်တဖြည်းဖြည်း ကြာလာသည်နှင့်အမျှ အစာအိမ် အချဥ်ပေါက်ခြင်း ၊ အစာအိမ် မှန်ပြောင်း ကြည့်ရခြင်း အစရှိတဲ့ အစာအိမ်နှင့် ပတ်သက်တဲ့ ရောဂါများကို ခံစားရမှာပဲဖြစ်ပါတယ်။ အစားအစာများကို အချိန်မှန်မှန် စားသုံးတယ် ဆိုရာမှာလည်း ကျန်းမာရေးနှင့် မညီညွှတ်တဲ့အစားအစာများ၊ အဆီအဆိမ့်များ လွန်းသော အစားအစာများ၊ ကိုလက်စတော များလွန်းသော အစားအစာများ၊ ဆား၊ သကြားများလွန်းသော အစားအစာများကို ရှောင်ရမှာဖြစ်ပါတယ်။ အသီး၊ ဟင်းသီးဟင်းရွက်နှင့် အဆီထုတ်ထားသော နို့ထွက်ပစ္စည်းများ မှီဝဲစားသုံးသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ

man exercise

ကိုယ်လက်လှုပ်ရှားမှု နေ့စဥ် ပြုလုပ်ပါ။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းသည်လည်း ကွီးတို့ရဲ့ ခန္ဓာကိုယ်ရှိ ကိုယ်ခံ စွမ်းအားကို ပိုမိုမြင့်မားလာအောင် ကူညီပေးတဲ့ အလေ့ အကျင့်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းသည် ညဘက်မှာ အိပ်ရေးဝဝ အိပ်စက်အနားယူနိုင်အောင် ကူညီပေးပြီး ခန္ဓာကိုယ် အလေးချိန်ကို အဝမလွန်အောင်လည်း ထိန်းပေးပါသေးတယ်။

ကိုယ်အလေးချိန်ကို အဝမလွန်အောင် ထိန်းချုပ်ပါ

ကိုယ်ခံ အလေ့အကျင့်

အဝလွန်ခြင်းသည် သင့်ခန္ဓာကိုယ်တွင်းရှိ ကိုယ်တွင်းအင်္ဂါများရဲ့ လုပ်ဆောင်မှုကို ကမောက်ကမဖြစ်စေပါတယ်။ အဝလွန်ခြင်းကြောင့် အသည်းအဆီဖုံးခြင်း၊ နှလုံးရောဂါနှင့် အခြားသော နောက်ဆက်တွဲရောဂါများကို ခံစားရေစနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ကိုယ်အလေးချိန်ကို မှန်ကန်အောင် ထိန်းချုပ်ရမှာပဲ ဖြစ်ပါတယ်။

အိပ်ရေးဝဝ အိပ်စက်အနားယူပါ

ကိုယ်ခံ အလေ့အကျင့်

သိပ္ပံနည်းကျ လေ့လာချက်များအရ ညဘက်ဆက်တိုက် အိပ်ရေးပျက်ခြင်းသည် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို ကျဆင်းစေနိုင်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများကိုလည်း ခံစားရစေနိုင်ပါတယ်။ တကယ်လို့ ကွီးတို့သည် ညဘက်ဆက်တိုက် အိပ်ရေးပျက်ပါများလာရင် စိတ်ကျရောဂါကို ရင်ဆိုင်ရနိုင်ခြေများပါတယ်။ ဒါ့ကြောင့် ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်စက်အနားယူပါ။ စိတ်ကျရောဂါဖြစ်ပြီး သင့်ရဲ့ စိတ်က နာမကျန်းဖြစ်လာပါက ကုသရ ခက်ခဲနိုင်ပါတယ်။

ဆေးလိပ်ဖြတ်ပါ

ကိုယ်ခံ အလေ့အကျင့်

ဆေးလိပ်သောက်ခြင်းသည် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာတဲ့ ဘက်တီးရီးယားပိုးမွှားများကို တိုက်ဖျက်ရာ၌ အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ်ကိုပါ ဒုက္ခပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ် သောက်တတ်တဲ့ ကွီးတို့အနေနဲ့ ဆေးလိပ်ဖြတ်ပါ။ လုံးဝ မဖြတ်နိုင်ဘူးဆိုရင်တောင်မှ နည်းနည်းစီ လျော့သောက်ရင်း ဖြတ်ရမှာပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးသွားတာကတော့ ကွီးတို့ရဲ့ ကိုယ်ခံ စွမ်းအားကို မြင့်တင်ပေးပြီး နားမကျန်းဖြစ်ခြင်းမှ ကင်းဝေးအောင် ကူညီပေးမယ့် အလေ့အကျင့် ကောင်းများပဲ ဖြစ်ပါတယ်။

Source: Cdc.gov

Featured Image: Freepik